< ဆာလံ 90 >

1 ဘုရားသခင် ၏လူ မောရှေ ပြုသောပဌာနာ။ အို ဘုရား ရှင်၊ ကိုယ်တော် သည် ကာလ အစဉ် အဆက် အကျွန်ုပ် တို့ ခိုလှုံ ရာ ဖြစ် တော်မူ၏။
Addu’ar Musa Mutumin Allah. Ubangiji kai ne mazauninmu cikin dukan zamanai.
2 တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။
Kafin a haifi duwatsu ko a fid da ƙasa da duniya, daga madawwami zuwa madawwami kai Allah ne.
3 လူ မျိုးကို ကား၊ ကြေမွ စေတော်မူ၏။ အချင်း လူသား တို့၊ ပြန် ကြလော့ဟု မိန့် တော်မူ၏။
Ka komar da mutane zuwa ƙura, kana cewa, “Ku koma ƙura, ya ku’ya’yan mutane.”
4 ရှေ့ တော်၌ အနှစ် တ ထောင်သည် လွန် ပြီးသော မနေ့ ကဲ့သို့ ၎င်း၊ ညဉ့် ယံတယံ ကဲ့သို့၎င်း ဖြစ်ပါ၏။
Gama shekaru dubu a gabanka kamar kwana ɗaya ne da ya wuce, ko sa’a guda na dare.
5 လူတို့ကို လွှမ်းမိုး တိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော် ခြင်း ကဲ့သို့ဖြစ် ကြပါ၏။ လူသည်မြက်ပင် ကဲ့သို့ နံနက် အချိန်၌ တိုးပွား တတ်ပါ၏။
Ka share mutane cikin barcin mutuwa; suna kama da sabuwa ciyawar safiya,
6 နံနက် အချိန်၌ကား၊ ပွင့်လန်း ၍ တိုးပွား ပါ၏။ ညဦး အချိန်၌ကား၊ ရိတ် ၍ ညှိုးနွမ်း ပါ၏။
ko da yake da safe takan yi sabuwar huda da yamma sai ta bushe ta kuma yanƙwane.
7 အမျက် တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီး ခြင်းသို့ ရောက်ကြပါ၏။ စိတ် တော်မပြေသောကြောင့် ၊ စိုးရိမ် တုန်လှုပ်ခြင်း ရှိကြပါ၏။
An cinye mu ta wurin fushinka mun kuma razana ta wurin hasalarka.
8 အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
Ka ajiye laifinmu a gabanka, asirin zunubanmu a hasken kasancewarka.
9 အကျွန်ုပ် တို့သည် အမျက် တော်ကို ခံရသောကြောင့် ၊ နေ့ရက် ကာလရွေ့ သွား၍၊ နှစ် များတို့သည် စိတ်ထင်ကဲ့သို့လွန် တတ်ကြပါ၏။
Dukan kwanakinmu sun wuce ƙarƙashin fushinka; mun gama shekarunmu da nishi.
10 ၁၀ အကျွန်ုပ် တို့၏ အသက် အရွယ်သည် အနှစ် ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး ၍ အနှစ် ရှစ် ဆယ် ပြည့်သော်လည်း ၊ ဝါကြွားခြင်းသည် ပင်ပန်း ခြင်းနှင့် ဝမ်းနည်း ခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန် လွန် ၍ ၊ အကျွန်ုပ်တို့သည် စုတေ့ ကြပါ၏။
Tsawon kwanakinmu shekaru saba’in ne, ko tamanin, in muna da ƙarfi; duk da haka tsawonsu wahaloli ne kawai da ɓacin rai, gama da sauri suke wucewa, ta mu kuma ta ƙare.
11 ၁၁ အမျက် တော်အရှိန် ကို အဘယ်သူ သိ ပါ သနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့ သင့် သည်အတိုင်း အဘယ်သူကြောက်ရွံ့ပါသနည်း။
Wa ya san ƙarfin fushinka? Gama hasalarka tana da girma kamar tsoron da ya dace da kai.
12 ၁၂ အကျွန်ုပ်တို့သည် ပညာ တရားကို နှလုံး သွင်း မိမည်အကြောင်း ၊ ကိုယ် နေ့ရက် ကာလကို ရေတွက် နိုင်စေခြင်းငှါ သွန်သင် တော်မူပါ။
Ka koya mana yawan kwanakinmu daidai, don mu sami zuciyar hikima.
13 ၁၃ အို ထာဝရဘုရား ၊ ပြန်လာ တော်မူပါ။ အဘယ် မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော် ၏ ကျွန် တို့ အတွက် နာကြင် သောစိတ် ရှိတော်မူပါ။
Ka ji mu, ya Ubangiji! Har yaushe zai ci gaba? Ka ji tausayin bayinka.
14 ၁၄ အကျွန်ုပ် တို့ကို ကရုဏာ တော်နှင့် အလျင်အမြန်ရောင့်ရဲ စေတော်မူပါ။ သို့ပြုလျှင် တသက်လုံး ဝမ်းမြောက် ရွှင်လန်း ကြပါလိမ့်မည်။
Ka ƙosar da mu da safe da ƙaunarka marar ƙarewa, don mu rera don yabo, mu kuma yi murna dukan kwanakinmu.
15 ၁၅ အကျွန်ုပ် တို့ကို ညှဉ်းဆဲ တော်မူသော နေ့ရက် ကာလ၊ ဒုက္ခ ခံရခဲ့ပြီးသော နှစ် ပေါင်းများသည်အတိုင်း ၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး သနားတော်မူပါ။
Faranta mana zuciya kamar yawan kwanakin da muka sha azaba, kamar yawan shekarun da muka ga wahala.
16 ၁၆ အမှု တော်သည် ကိုယ်တော် ၏ ကျွန် တို့အား ၎င်း၊ ဘုန်း တော်သည် သား မြေးတို့အား ၎င်း ထင်ရှား ပါစေသော။
Bari a nuna ayyukanka ga bayinka, darajarka ga’ya’yansu.
17 ၁၇ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရား၏ ကျေးဇူး တော်သည် အကျွန်ုပ် အပေါ် သို့ ရောက် ပါစေသော။ အကျွန်ုပ် တို့ပြု သောအမှု တို့ကိုလည်း ၊ အကျွန်ုပ် တို့ အဘို့ မြဲမြံ စေတော်မူပါ။
Bari alherin shugabanmu Allah yă kasance a kanmu; ka albarkaci mana aikin hannuwanmu, I, ka albarkaci aikin hannuwanmu.

< ဆာလံ 90 >