< ဆာလံ 90 >
1 ၁ ဘုရားသခင် ၏လူ မောရှေ ပြုသောပဌာနာ။ အို ဘုရား ရှင်၊ ကိုယ်တော် သည် ကာလ အစဉ် အဆက် အကျွန်ုပ် တို့ ခိုလှုံ ရာ ဖြစ် တော်မူ၏။
Ein Gebet Moses, des Mannes Gottes. / Adonái, du bist uns Zuflucht gewesen in allen Geschlechtern.
2 ၂ တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။
Eh Berge entstanden, / Eh Erd und Weltkreis geschaffen wurden, / Warst du schon da, o Gott; / Ja, von Ewigkeit bist du und bleibst in Ewigkeit.
3 ၃ လူ မျိုးကို ကား၊ ကြေမွ စေတော်မူ၏။ အချင်း လူသား တို့၊ ပြန် ကြလော့ဟု မိန့် တော်မူ၏။
Du wandeltest die Sterblichen in Staub / Und sprachst: "Kehrt wieder, ihr Menschenkinder!"
4 ၄ ရှေ့ တော်၌ အနှစ် တ ထောင်သည် လွန် ပြီးသော မနေ့ ကဲ့သို့ ၎င်း၊ ညဉ့် ယံတယံ ကဲ့သို့၎င်း ဖြစ်ပါ၏။
Denn in deinen Augen sind tausend Jahre / Wie der gestrige Tag, wenn er entschwindet, / Wie eine Wache in der Nacht.
5 ၅ လူတို့ကို လွှမ်းမိုး တိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော် ခြင်း ကဲ့သို့ဖြစ် ကြပါ၏။ လူသည်မြက်ပင် ကဲ့သို့ နံနက် အချိန်၌ တိုးပွား တတ်ပါ၏။
Du hast sie weggeschwemmt wie Morgenschlaf. / Sie glichen dem sprossenden Gras:
6 ၆ နံနက် အချိန်၌ကား၊ ပွင့်လန်း ၍ တိုးပွား ပါ၏။ ညဦး အချိန်၌ကား၊ ရိတ် ၍ ညှိုးနွမ်း ပါ၏။
Am Morgen blüht es und sprosset neu, / Am Abend schneidet man's, und es verdorrt.
7 ၇ အမျက် တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီး ခြင်းသို့ ရောက်ကြပါ၏။ စိတ် တော်မပြေသောကြောင့် ၊ စိုးရိမ် တုန်လှုပ်ခြင်း ရှိကြပါ၏။
Denn geschwunden sind wir durch deinen Zorn, / Hinweggeschreckt durch deinen Grimm.
8 ၈ အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
Du hast unsre Sünde vor dich gestellt, / Unser heimlich Tun in das helle Licht, / Das von deinem Antlitz strahlet.
9 ၉ အကျွန်ုပ် တို့သည် အမျက် တော်ကို ခံရသောကြောင့် ၊ နေ့ရက် ကာလရွေ့ သွား၍၊ နှစ် များတို့သည် စိတ်ထင်ကဲ့သို့လွန် တတ်ကြပါ၏။
So sind all unsre Tage dahingefahren durch deinen Zorn, / Unsre Jahre haben wir zugebracht / Wie einen flüchtigen Gedanken.
10 ၁၀ အကျွန်ုပ် တို့၏ အသက် အရွယ်သည် အနှစ် ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး ၍ အနှစ် ရှစ် ဆယ် ပြည့်သော်လည်း ၊ ဝါကြွားခြင်းသည် ပင်ပန်း ခြင်းနှင့် ဝမ်းနည်း ခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန် လွန် ၍ ၊ အကျွန်ုပ်တို့သည် စုတေ့ ကြပါ၏။
Unsre Lebenszeit — bei ihnen währet sie siebzig Jahr, / Und haben sie starke Lebenskraft, so sind es achtzig Jahr. / Und was sie mit Stolz erfüllte, das war nur Mühsal und Unglück. / Denn schnell ist's enteilt — wir flogen!
11 ၁၁ အမျက် တော်အရှိန် ကို အဘယ်သူ သိ ပါ သနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့ သင့် သည်အတိုင်း အဘယ်သူကြောက်ရွံ့ပါသနည်း။
Doch wer erkennt deines Zornes Gewalt / Und deinen Grimm, indem man dich fürchtet?
12 ၁၂ အကျွန်ုပ်တို့သည် ပညာ တရားကို နှလုံး သွင်း မိမည်အကြောင်း ၊ ကိုယ် နေ့ရက် ကာလကို ရေတွက် နိုင်စေခြင်းငှါ သွန်သင် တော်မူပါ။
So lehr uns denn unsre Tage zählen, / Damit wir gewinnen ein weises Herz!
13 ၁၃ အို ထာဝရဘုရား ၊ ပြန်လာ တော်မူပါ။ အဘယ် မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော် ၏ ကျွန် တို့ အတွက် နာကြင် သောစိတ် ရှိတော်မူပါ။
Wende dich, Jahwe (von deinem Zorn)! / Wie lange noch (soll er währen)? / Erbarme dich deiner Knechte!
14 ၁၄ အကျွန်ုပ် တို့ကို ကရုဏာ တော်နှင့် အလျင်အမြန်ရောင့်ရဲ စေတော်မူပါ။ သို့ပြုလျှင် တသက်လုံး ဝမ်းမြောက် ရွှင်လန်း ကြပါလိမ့်မည်။
Füll uns am Morgen mit deiner Gnade, / So wollen wir all unsre Lebenstage / Jubeln und fröhlich sein!
15 ၁၅ အကျွန်ုပ် တို့ကို ညှဉ်းဆဲ တော်မူသော နေ့ရက် ကာလ၊ ဒုက္ခ ခံရခဲ့ပြီးသော နှစ် ပေါင်းများသည်အတိုင်း ၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး သနားတော်မူပါ။
Erfreu uns so lange, wie du uns gebeugt, / So viel Jahre wir Unglück geschaut!
16 ၁၆ အမှု တော်သည် ကိုယ်တော် ၏ ကျွန် တို့အား ၎င်း၊ ဘုန်း တော်သည် သား မြေးတို့အား ၎င်း ထင်ရှား ပါစေသော။
Deinen Knechten erscheine dein herrliches Tun / Und deine Hoheit ihren Kindern!
17 ၁၇ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရား၏ ကျေးဇူး တော်သည် အကျွန်ုပ် အပေါ် သို့ ရောက် ပါစေသော။ အကျွန်ုပ် တို့ပြု သောအမှု တို့ကိုလည်း ၊ အကျွန်ုပ် တို့ အဘို့ မြဲမြံ စေတော်မူပါ။
Jahwes, unsers Gottes, Huld walte über uns, / Ja, fördre das Werk unsrer Hände!