< ဆာလံ 88 >

1 အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ နေ့ ညဉ့် မပြတ် အော်ဟစ် ပါ၏။
ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​နေ့​အ​ချိန်​၌​ဟစ်​အော်​၍ ည​အ​ချိန်​၌​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။
2 အကျွန်ုပ် ပြုသောပဌနာ သည် အထံ တော်သို့ ဝင် ပါစေသော။ အော်ဟစ် သံကို နားထောင် တော်မူပါ။
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။
3 အကျွန်ုပ် ၏ ဝိညာဉ် သည် ဒုက္ခ နှင့် ပြည့် ၍ ၊ အသက် သည်လည်း မရဏာ နိုင်ငံအနီးသို့ ရောက် ပါပြီ။ (Sheol h7585)
ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​ရ​ဖန်​များ​လှ သ​ဖြင့် သေ​လု​ပါ​ပြီ။ (Sheol h7585)
4 အကျွန်ုပ်သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူတို့ နှင့်အတူ ရေတွက် ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန် သော သူ ကဲ့သို့ ဖြစ် ပါ၏။
ကျွန်​တော်​မျိုး​သည်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​လျက် နေ​သူ​တစ်​ယောက်​ဖြစ်​ပါ​၏။ အား​အင်​လည်း​ကုန်​ခန်း​ပါ​ပြီ။
5 အသေ ကောင်တို့တွင် ပစ် ထားသောသူ၊ ကွပ်မျက် ၍ သင်္ချိုင်း တွင်း၌ အိပ် နေသောသူတည်းဟူသော အောက်မေ့ တော်မ မူ၊ လက် တော်၏ မစခြင်းနှင့် ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
ကျွန်​တော်​မျိုး​သည်​သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​သတ်​ခံ​ရ​၍​သင်္ချိုင်း​တွင်း​ထဲ​သို့​ရောက်​ရှိ​နေ​သည့် သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​လုံး​ဝ​သ​တိ​မ​ရ​သော​သူ၊ကိုယ်​တော် မ​စ​ရန် မ​ဖြစ်​နိုင်​သော​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
6 အကျွန်ုပ် ကို အနက်ဆုံး သောတွင်း ၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲ သော အရပ်၌ ချထား တော်မူပြီ။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​မှောင်​ဆုံး၊ အ​နက်​ဆုံး​သော​တွင်း​တည်း​ဟူ​သော​နက်​ရှိုင်း​ရာ သင်္ချိုင်း​တွင်း​ထဲ​သို့​ပစ်​ချ​တော်​မူ​ပါ​ပြီ။
7 အမျက် တော်သည် အကျွန်ုပ် အပေါ် ၌ ဖိ လျက် ရှိပါ၏။ လှိုင်း တံပိုးတော်အပေါင်း တို့နှင့် နှိပ်စက် တော်မူ ၏။
အ​မျက်​တော်​သည်​ကျွန်​တော်​မျိုး​အား​ဖိ​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​မျက်​တော်​၏ လှိုင်း​တံ​ပိုး​အောက်​တွင်​ပိ​ပြား​၍​နေ​ပါ​၏။
8 အကျွန်ုပ် ၏ အသိအကျွမ်း များကို အဝေး သို့ ရွေ့တော်မူပြီ။ သူ တို့အား အကျွန်ုပ် ကို ရွံ့ရှာ ဖွယ် ဖြစ် စေတော်မူပြီ။ အကျွန်ုပ် သည် အချုပ် ခံရ၍ ၊ ပြင်သို့ မ ထွက် ရပါ။
ကျွန်​တော်​မျိုး​အား​မိတ်​ဆွေ​များ​စွန့်​ပစ်​စေ​တော် မူ​ပါ​ပြီ။ ထို​သူ​တို့​၏​ရှေ့​တွင်​ကျွန်​တော်​မျိုး​အား စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ပိတ်​မိ​နေ​သ​ဖြင့် မ​လွတ်​မြောက်​နိုင်​တော့​ပါ။
9 အကျွန်ုပ်ခံရသော ဒုက္ခ ကြောင့် အကျွန်ုပ် မျက်စိ သည် ပျက် ပါ၏။ အို ထာဝရဘုရား ၊ ကိုယ်တော် ကို အစဉ် အော်ဟစ် ပါ၏။ အထံ တော်သို့ လက် ကိုဆန့် ပါ၏။
ကျွန်​တော်​မျိုး​ခံ​ရ​သော​ဒုက္ခ​ကြောင့်​မျက်​စိ​များ​သည် ပြာ​ဝေ​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင် အား​ခေါ်​ပါ​၏။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ထံ​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​၏။
10 ၁၀ သေ လျက်နေသောသူတို့အား အံ့ဘွယ် သော အမှုတို့ကို ပြ တော်မူမည်လော ။ သင်္ချိုင်း သားတို့သည်ထ ၍ ကိုယ်တော် ကို ချီးမွမ်း ကြပါမည်လော ။
၁၀ကိုယ်​တော်​ရှင်​သည်​သူ​သေ​တို့​အ​တွက်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ပါ​သ​လော။ သူ​တို့​သည်​သေ​ရာ​မှ​ထ​၍​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​သ​လော။
11 ၁၁ ကရုဏာ တော်ကို သင်္ချိုင်းတွင်း ၌ ၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ် ၌ ၎င်း ကြားပြော ရကြပါ မည်လော ။
၁၁ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို သင်္ချိုင်း​တွင်း​၌​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​ကို ပျက်​စီး​ရာ​ဌာ​န​၌​လည်း​ကောင်း ထုတ်​ဖော်​ပြော​ဆို​ခြင်း​ရှိ​ပါ​သ​လော။
12 ၁၂ အံ့ဘွယ် သော အမှုတော်တို့ကို မှောင်မိုက် သော အရပ်၌ ၎င်း၊ ဖြောင့်မတ် တော်မူခြင်းတရားကို မေ့လျော့ ရာပြည် ၌ ၎င်း သိရ ကြပါမည်လော။
၁၂ကိုယ်​တော်​ရှင်​၏​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို ထို​မှောင်​မိုက်​ရာ​အ​ရပ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို မေ့​လျော့​ရာ​အ​ရပ်​၌​လည်း​ကောင်း​သိ​မြင်​ခြင်း ရှိ​ပါ​သ​လော။
13 ၁၃ အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ နံနက် အချိန်၌ အကျွန်ုပ် ၏ ပဌနာ သည် ရှေ့တော်သို့ရောက် ပါ၏။
၁၃အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။
14 ၁၄ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ် ကို အဘယ် ကြောင့်ပယ် တော်မူသနည်း။ မျက်နှာ တော်ကို အကျွန်ုပ် မှ အဘယ်ကြောင့်လွှဲ တော်မူသနည်း။
၁၄အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။
15 ၁၅ အကျွန်ုပ် သည် ဒုက္ခ ဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင် တော်မူသောဘေးများကို ငယ် သောအရွယ် က ပင် ခံရ ၍ ပင်ပန်း ပါ၏။
၁၅ကျွန်​တော်​မျိုး​သည်​ငယ်​စဉ်​က​တည်း​က​ဝေ​ဒ​နာ ခံ​ရ​လျက်​သေ​လု​နီး​ပါး​ဖြစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော အ​ပြစ်​ဒဏ်​ကြီး​လေး​မှု​ကြောင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​ပါ​၏။
16 ၁၆ အမျက် တော်သည် အကျွန်ုပ် ကို လွှမ်းမိုး ပါ၏။ စီရင် တော်မူသောဘေးတို့သည် အကျွန်ုပ် ၏ အသက်ကို ညှဉ်းဆဲ သည်တိုင်အောင် ၊
၁၆ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော်​သည် ကျွန်​တော်​မျိုး​အား​ပြို​လဲ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ကြောက်​မက်​ဖွယ်​သော တိုက်​ခိုက်​မှု​များ​သည်​ကျွန်​တော်​မျိုး​အား ချေ​မှုန်း​စေ​ပါ​၏။
17 ၁၇ ရေ ကဲ့သို့ အစဉ်မပြတ် ဝိုင်း ၍ တညီ တညွတ်တည်း ဝန်းရံ ကြပါ၏။
၁၇ယင်း​တို့​သည်​မြစ်​ရေ​လျှံ​သ​ကဲ့​သို့​တစ်​နေ့​လုံး ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက်​ရှိ​ပါ​၏။ အ​ဘက်​ဘက်​မှ​နေ​၍​ကျွန်​တော်​မျိုး​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​ပါ​၏။
18 ၁၈ ချစ် သောသူနှင့် အဆွေ ခင်ပွန်းကို အကျွန်ုပ် နှင့် ဝေးဝေး ရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိ ကြပါ၏။
၁၈အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။

< ဆာလံ 88 >