< ဆာလံ 87 >

1 ဘုံ ဗိမာန ်တော်တိုက်မြစ် သည် သန့်ရှင်း သော တောင် ရိုးပေါ် မှာ တည်လျက်ရှိ၏။
ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။
2 ထာဝရဘုရား သည် ယာကုပ် ၏ နေရာ အပေါင်း တို့ထက် ဇိအုန် တံခါး တို့ကို သာ၍နှစ်သက် တော်မူ၏။
ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။
3 အိုဘုရား သခင်၏ မြို့ တော်၊ သင် သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသောစကားကို ပြော ထားလျက် ရှိ၏။
အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ၏။
4 ငါ့ ကိုသိကျွမ်း သောသူတို့ တွင် ၊ ရာခပ် မြို့နှင့် ဗာဗုလုန် မြို့ကို ငါမှတ် ထားမည်။ ဖိလိတ္တိ ပြည်၊ တုရု ပြည်၊ ကုရှ ပြည်တို့ကိုလည်း ကြည့် ကြလော့။ ဤ မည်သော ပြည်သားသည် မြို့ တော်၌ ဘွားမြင် သောသူဖြစ်၏။
ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။
5 ဇိအုန် မြို့ကို လည်း လူ အမျိုးမျိုးတို့သည်၊ ထိုမြို့ ၌ ဘွားမြင် ကြပြီ။ အမြင့်ဆုံး သောဘုရားသည် ထိုမြို့ ကို ကိုယ်တော်တိုင် မြဲမြံ စေတော်မူပြီဟု ပြော ဆိုကြလိမ့်မည်။
ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။
6 ထာဝရဘုရား သည် လူမျိုး တို့ကို စာရင်း ယူတော်မူ သောအခါ ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
7 သီချင်း သည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်းရှိသမျှ တို့သည် သင် ၌ ရှိကြ သတည်း။
သီချင်းသည်နှင့်ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်း ရှိသမျှတို့သည် သင်၌ရှိကြ သတည်း။

< ဆာလံ 87 >