< ဆာလံ 86 >
1 ၁ အိုထာဝရဘုရား ၊ နား တော်ကို လှည့်၍ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။
၁ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
2 ၂ အကျွန်ုပ် ၏ ဘုရား သခင်၊ သန့်ရှင်း သူတို့အဝင် ဖြစ်သော အကျွန်ုပ် ၏ ဝိညာဉ် ကိုစောင့်မ ၍၊ ကိုယ်တော် ကို ကိုးစား သော ကိုယ်တော် ၏ကျွန် ကို ကယ်တင် တော်မူပါ။
၂ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာစောင့်သည်ဖြစ်၍ ကျွန်တော်မျိုးအားသေဘေးမှကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားကိုး စားသော အစေခံဖြစ်သောကြောင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။
3 ၃ အို ထာဝရ ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော် ကို အစဉ် အော်ဟစ် ပါသည်ဖြစ်၍ ၊ ကယ် မသနားတော်မူပါ။
၃ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ ကျွန်တော်မျိုးသည်အထံတော်သို့တစ်နေ့လုံး ဆုတောင်းပတ္ထနာပြုပါ၏။
4 ၄ အို ထာဝရ ဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် တသ ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ကျွန် သည် ဝမ်းမြောက် မည်အကြောင်းပြုတော်မူပါ။
၄အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
5 ၅ အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကောင်း သောသဘော၊ သည်းခံ တတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော် ကို ပဌနာ ပြုသော သူအပေါင်း တို့အား ကရုဏာ တော်ကြွယ်ဝ ပါ၏။
၅ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
6 ၆ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသော စကား သံကို မှတ် တော်မူပါ။ ဘေး ရောက်သည် ကာလ ၊ ကိုယ်တော် ကို ခေါ် ပါမည်။
၆အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
7 ၇ ကိုယ်တော်လည်း ထူး တော်မူ တတ်ပါ၏။
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူသည်ဖြစ်၍ ဒုက္ခရောက်ချိန်များ၌ကျွန်တော်မျိုးသည် ကိုယ်တော်ကိုခေါ်ပါ၏။
8 ၈ အို ထာဝရ ဘုရား၊ ဘုရား တို့တွင် ကိုယ်တော် နှင့် တူသော ဘုရားမ ရှိပါ။ အမှု တော်နှင့် တူသော အမှုလည်း မ ရှိပါ။
၈အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
9 ၉ အို ထာဝရ ဘုရား၊ ဖန်ဆင်း တော်မူသောလူမျိုး အပေါင်း တို့သည် ချဉ်းကပ် လျက် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ နာမ တော်ကို ချီးမြှောက် ကြပါလိမ့်မည်။
၉ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။
10 ၁၀ ကိုယ်တော် သည် ကြီးမြတ် ၍ အံ့ဩ ဘွယ်တို့ကို ပြု တော်မူ၏။ ကိုယ်တော် တပါး တည်းသာလျှင် ဘုရား သခင် ဖြစ်တော်မူ၏။
၁၀ကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။
11 ၁၁ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်း ကို အကျွန်ုပ် အား ပြညွှန် တော်မူပါ။ ကိုယ်တော် ၏ သမ္မာတရား လမ်းသို့ လိုက်သွား ပါမည်။ နာမ တော်ကို ကြောက်ရွံ့ မည်အကြောင်း ၊ အကျွန်ုပ် ၏နှလုံး ကို စေ့စပ် စေတော်မူပါ။
၁၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။
12 ၁၂ အကျွန်ုပ် ၏ ဘုရား သခင်ထာဝရ ဘုရား၊ အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍ ၊ နာမ တော်ကို အစဉ် အမြဲချီးမြှောက် ပါမည်။
၁၂အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
13 ၁၃ အကျွန်ုပ် ခံရ သောကရုဏာ တော်ကြီး လှပါ၏။ အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏ နိုင်ငံအောက် အရပ်ထဲက ကယ်နှုတ် တော်မူပြီ။ (Sheol )
၁၃ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။ (Sheol )
14 ၁၄ အို ဘုရား သခင်၊ မာန ကြီးသောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြ၍ ၊ ကြမ်းတမ်း သော လူ အစု အဝေးတို့သည် ကိုယ်တော် ကို မျက်မှောက် မ ပြုဘဲ၊ အကျွန်ုပ် အသက် ကို ရှာ ကြပါ၏။
၁၄အို ဘုရားသခင်၊ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။
15 ၁၅ အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။
၁၅အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
16 ၁၆ အကျွန်ုပ် ကို မျက်နှာ ပြု၍ ကယ် မသနားတော်မူ ပါ။ ကိုယ်တော် ၏ကျွန် အား တန်ခိုး တော်ကိုပေး ၍၊ ကိုယ်တော် ၏ ကျွန် မသား ကို ကယ်တင် တော်မူပါ။
၁၆ကျွန်တော်မျိုးထံကြွတော်မူ၍ကျွန်တော်မျိုး အား သနားတော်မူပါ။ ကျွန်တော်မျိုးသည်မိမိ၏မိခင်နည်းတူ ကိုယ်တော်ရှင်၏အစေကိုခံပါသဖြင့် ကျွန်တော်မျိုးအားခွန်အားစွမ်းရည်ကို ပေးတော်မူပြီးလျှင်ကယ်တော်မူပါ။
17 ၁၇ အကျွန်ုပ် အား ကောင်း သော နိမိတ် လက္ခဏာကို ပြ တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့သည် မြင် ၍ ရှက်ကြောက် ကြပါစေ။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို မစ ၍ ချမ်းသာ ပေးတော်မူ၏။
၁၇အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူကြောင်းကိုသက်သေပြ တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင်နှစ်သိမ့် မှုနှင့် ကူညီမစမှုပေးတော်မူသည်ကို ကျွန်တော်မျိုးကိုမုန်းသောသူတို့သည် မြင်ကြသောအခါအရှက်ရကြပါ လိမ့်မည်။