< ဆာလံ 85 >

1 အို ထာဝရဘုရား ၊ ကိုယ်တော် သည် ပြည် တော် ကို စိတ် နှင့် တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးသားတို့ကို ပြန် ပို့စေတော်မူပြီ။
Lord, you have been favourable unto your land: you have brought back the captivity of Jacob.
2 ကိုယ်တော် ၏ လူ တို့အပြစ် ကိုလွှတ် ၍၊ သူ တို့၏ ဒုစရိုက် အပေါင်း ကိုလည်း ဖုံးအုပ် တော်မူပြီ။
You have forgiven the iniquity of your people, you have covered all their sin. (Selah)
3 စိတ် တော်ရှင်းရှင်း ပြေ ၍၊ အမျက် တော် အရှိန် ကို လျော့စေ တော်မူပြီ။
You have taken away all your wrath: you have turned yourself from the fierceness of your anger.
4 အကျွန်ုပ် တို့ကို ကယ်တင် တော်မူသော ဘုရား ၊ တဖန် အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ ထွက်ဘူးသော အမျက် တော်ကို ငြိမ်းစေ တော်မူပါ။
Turn us, O God of our salvation, and cause your anger toward us to cease.
5 အကျွန်ုပ် တို့၌ အစဉ် အမျက် ထွက်တော်မူမည် လော ။ ကာလ အစဉ်အဆက် စိတ် တော်မပြေဘဲ နေတော်မူ မည်လော။
Will you be angry with us for ever? will you draw out your anger to all generations?
6 ကိုယ်တော် ၏ လူ တို့သည် ကိုယ်တော် ကို အမှီပြု ၍ ဝမ်းမြောက် ပါမည်အကြောင်း ၊ တဖန်အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူမည်မ ဟုတ်လော။
Will you not revive us again: that your people may rejoice in you?
7 အိုထာဝရဘုရား ၊ အကျွန်ုပ် တို့အား ကရုဏာ တော်ကိုပြ ၍၊ ကယ်တင် တော်မူခြင်းကျေးဇူးကို ပြု တော်မူ ပါ။
Show us your mercy, O LORD, and grant us your salvation.
8 ထာဝရ အရှင် ဘုရား သခင်သည် အဘယ်သို့ မိန့် တော်မူမည်ကို ငါနားထောင် မည်။ အကယ် စင်စစ်မိမိ လူ ၊ မိမိ သန့်ရှင်း သူတို့အား ငြိမ်သက် ခြင်းအကြောင်းကို မိန့် တော်မူလိမ့်မည်။ သို့ရာတွင် ၊ နောက်တဖန် မိုက် သောအကျင့် ကို မ ကျင့် ကြပါစေနှင့်။
I will hear what God the LORD will speak: for he will speak peace unto his people, and to his saints: but let them not return to folly.
9 ငါ တို့ပြည် ၌ ဘုန်း တော်ကျိန်းဝပ် မည်အကြောင်း ၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည်၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့ ၏အနီး သို့ ဧကန် အမှန် ရောက် လေပြီ။
Surely his salvation is nigh them that fear him; that glory may dwell in our land.
10 ၁၀ ကရုဏာ နှင့် သစ္စာ ဆုံ မိပြီ။ တရား နှင့် ချမ်းသာ သည် တပါးကို တပါးနမ်း ကြပြီ။
Mercy and truth are met together; righteousness and peace have kissed each other.
11 ၁၁ သစ္စာ သည် မြေကြီး ထဲ က ပေါက် လိမ့်မည်။ တရား သည်လည်း ကောင်းကင် ပေါ်က ငုံ့ကြည့် လိမ့်မည်။
Truth shall spring out of the earth; and righteousness shall look down from heaven.
12 ၁၂ အကယ် စင်စစ်ထာဝရဘုရား သည် ကျေးဇူး ပြု တော်မူ၍ ၊ ငါ တို့ မြေ သည် မိမိ ဘဏ္ဍာ ကို ပေး လိမ့်မည်။
Yea, the LORD shall give that which is good; and our land shall yield her increase.
13 ၁၃ တရား သည် ရှေ့ တော်၌သွား ၍ ခြေတော် ရာ တို့ကို ပဲ့ပြင် လိမ့်မည်။
Righteousness shall go before him; and shall set us in the way of his steps.

< ဆာလံ 85 >