< ဆာလံ 84 >

1 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ကျိန်းဝပ် တော်မူရာ အရပ် ဌာနတို့သည် အလွန်နှစ်သက် ဘွယ် ဖြစ်ပါသည်တကား၊
Kwa mwimbishaji. Mtindo wa gitithi. Zaburi ya wana wa Kora. Ee Bwana Mwenye Nguvu Zote, makao yako yapendeza kama nini!
2 ထာဝရဘုရား ၏ တန်တိုင်း တော်တို့ကို အကျွန်ုပ် ၏ဝိညာဉ် သည် တသ ၍ အားလျော့ လျက်ရှိပါ၏။ အကျွန်ုပ် နှလုံး နှင့် ကိုယ် ခန္ဓါသည် အသက် ရှင်တော်မူသော ဘုရား သခင်ကို အလိုရှိ၍ ကြွေးကြော် ပါ၏။
Nafsi yangu inatamani sana, naam, hata kuona shauku, kwa ajili ya nyua za Bwana; moyo wangu na mwili wangu vinamlilia Mungu Aliye Hai.
3 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကယ် စင်စစ်ယဇ် ပလ္လင်တော်တို့ အနား မှာ စာငှက် သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက် ကို ၎င်းတွေ့ ရပါ၏။
Hata shomoro amejipatia makao, mbayuwayu amejipatia kiota mahali awezapo kuweka makinda yake: mahali karibu na madhabahu yako, Ee Bwana Mwenye Nguvu Zote, Mfalme wangu na Mungu wangu.
4 အိမ် တော်၌ နေ သောသူတို့သည် မင်္ဂလာ ရှိပါ၏။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ကြပါလိမ့်မည်။
Heri wale wanaokaa nyumbani mwako, wanaokusifu wewe daima.
5 ကိုယ်တော် ကို အား ပြုသောသူ သည် မင်္ဂလာ ရှိပါ၏။ ထိုသို့သောသူ တို့ သည် လမ်းခရီး တော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
Heri wale ambao nguvu zao ziko kwako, na njia ziendazo Sayuni zimo mioyoni mwao.
6 သူတို့သည် ဗာကာ လွင်ပြင် ၌ ရှောက်သွား စဉ်၊ ထို လွင်ပြင်ကို စမ်းရေ ထွက်ရာအရပ် ဖြစ် စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာ များနှင့် လွှမ်း စေပါ၏။
Wanapopita katika Bonde la Baka, hulifanya mahali pa chemchemi, pia mvua za vuli hulijaza kwa madimbwi.
7 သူတို့သည် အား တိုးတက်၍ ခရီးသွား လျက်၊ ဇိအုန် မြို့မှာ ဘုရား သခင့်ထံ တော်၌ မျက်နှာ ပြကြပါ၏။
Huendelea toka nguvu hadi nguvu, hadi kila mmoja afikapo mbele za Mungu huko Sayuni.
8 ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ စကားကို မှတ် တော်မူပါ။ ယာကုပ် အမျိုး၏ဘုရား သခင်၊ နားထောင် တော်မူပါ။
Ee Bwana Mungu Mwenye Nguvu Zote, sikia maombi yangu; nisikilize, Ee Mungu wa Yakobo.
9 အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ၊ ကြည့်ရှု တော်မူပါ။ အထံ တော်၌ ဘိသိတ် ခံသောသူ၏ မျက်နှာ ကို ထောက်ရှု တော်မူပါ။
Ee Mungu, uitazame ngao yetu, mtazame kwa wema mpakwa mafuta wako.
10 ၁၀ တန်တိုင်း တော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသောအရက်တထောင် ထက် သာ၍ကောင်း ပါ၏။ မ တရားသောသူ ၏နေရာ ၌ နေ ရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော် ၌ တံခါး စောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက် ပါ၏။
Siku moja katika nyua zako ni bora kuliko siku elfu mahali pengine; afadhali ningekuwa bawabu katika nyumba ya Mungu wangu kuliko kukaa katika mahema ya waovu.
11 ၁၁ ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။
Kwa kuwa Bwana ni jua na ngao, Bwana hutoa wema na heshima; hakuna kitu chema anachowanyima wale ambao hawana hatia.
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံ သောသူ သည် မင်္ဂလာ ရှိပါ၏။
Ee Bwana Mwenye Nguvu Zote, heri ni mtu yule anayekutumaini wewe.

< ဆာလံ 84 >