< ဆာလံ 83 >

1 အိုဘုရား သခင်၊ တိတ်ဆိတ် စွာ နေတော်မ မူပါ နှင့်။ အို ဘုရား သခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ် စွာ နေတော်မ မူပါနှင့်။
Keep not you silence, O God: hold not your peace, and be not still, O God.
2 ကိုယ်တော် ၏ရန်သူ တို့သည် ရုန်းရင်းခတ် ပြုကြပါ၏။ ကိုယ်တော် ကို မုန်း သောသူတို့သည် ထ ကြပါ၏။
For, see, your enemies make a tumult: and they that hate you have lifted up the head.
3 ကိုယ်တော် ၏ လူစု တဘက် ၌ ပရိယာယ် ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာ တော်မူသောသူတို့ တဘက် ၌ တိုင်ပင် ကြပါ၏။
They have taken crafty counsel against your people, and consulted against your hidden ones.
4 ဣသရေလ ၏နာမ ကို နောက် တဖန် အောက်မေ့ စရာမ ရှိစေခြင်းငှါ လာ ကြ၊ သူ တို့အမျိုး ကို ပယ် ဖြတ် ကြကုန်အံ့ဟု ဆို ကြပါ၏။
They have said, Come, and let us cut them off from being a nation; that the name of Israel may be no more in remembrance.
5 သဘော တညီ တညွတ်တည်းတိုင်ပင် ၍ ၊ ကိုယ်တော် တဘက် ၌ အချင်းချင်း သင်း ဖွဲ့သော သူဟူမူကား။
For they have consulted together with one consent: they are confederate against you:
6 ဧဒုံ ပြည်၌ နေ သောသူ၊ ဣရှမေလ အမျိုးသား၊ မောဘ ပြည်သား၊ ဟာဂရ ပြည်သား၊
The tabernacles of Edom, and the Ishmaelites; of Moab, and the Hagarenes;
7 ဂေဗလ ပြည်သား၊ အမ္မုန် ပြည်သား၊ အာမလက် ပြည်သား၊ တုရု မြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်း ဖွဲ့ကြပါ၏။
Gebal, and Ammon, and Amalek; the Philistines with the inhabitants of Tyre;
8 အာရှုရိ အမျိုးသားတို့သည်လည်း ၊ ဝိုင်း၍ လောတ အမျိုးသား တို့ဘက်သို့ ဝင် ကြပါ၏။
Assur also is joined with them: they have helped the children of Lot. (Selah)
9 မိဒျန် အမျိုးကို၎င်း၊ ခိရှုန် ချောင်း နား မှာ သိသရ မင်းနှင့် ယာဘိန် မင်းကို ၎င်းပြုသကဲ့သို့ သူ တို့ကို ပြု တော်မူ ပါ။
Do to them as to the Midianites; as to Sisera, as to Jabin, at the brook of Kison:
10 ၁၀ ထိုသူတို့သည် အင်္ဒေါရ အရပ်၌ ဆုံးရှုံး ၍၊ မြေ ပေါ် မှာ နောက်ချေး ကဲ့သို့ဖြစ် ကြပါ၏။
Which perished at Endor: they became as dung for the earth.
11 ၁၁ ငါတို့သည် ဘုရား သခင်၏အိမ် များကို ကိုယ် ဘို့ သိမ်းယူ ကြကုန်အံ့ဟု ဆို သော ဩရဘ မင်းနှင့် ဇေဘ မင်း ကဲ့သို့ ၊
Make their nobles like Oreb, and like Zeeb: yes, all their princes as Zebah, and as Zalmunna:
12 ၁၂ ဤသူ တို့၏မှူးမတ် များကို၎င်း ၊ ဇေဘဟ မင်းနှင့် ဇာလမုန္န မင်းကဲ့သို့ ဤသူ တို့၏မင်းသား အပေါင်း ကို၎င်း ဖြစ် စေတော်မူပါ။
Who said, Let us take to ourselves the houses of God in possession.
13 ၁၃ အကျွန်ုပ် ၏ ဘုရား သခင်၊ လေဘွေ ၌ ပါသွား သော အမှိုက် ကဲ့သို့ ၎င်း၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း သူ တို့ကို ဖြစ် စေတော်မူပါ။
O my God, make them like a wheel; as the stubble before the wind.
14 ၁၄ တော ကို မီး ရှို့ သကဲ့သို့ ၎င်း ၊ တောင် ပေါ်မှာ မီး လောင် သကဲ့သို့ ၎င်း၊
As the fire burns a wood, and as the flame sets the mountains on fire;
15 ၁၅ ထိုနည်းတူ ၊ မိုဃ်းသက် မုန်တိုင်းတော် အားဖြင့် သူ တို့ကိုညှဉ်းဆဲ ၍ ၊ ပြင်းစွာ သော လေတော်အားဖြင့် ချောက် လှန့်တော်မူပါ။
So persecute them with your tempest, and make them afraid with your storm.
16 ၁၆ အိုထာဝရဘုရား ၊ သူ တို့မျက်နှာ ကို ရှက် စေတော်မူ ၍ သူတို့သည် နာမ တော်ကို ရှာ ကြပါစေသော။
Fill their faces with shame; that they may seek your name, O LORD.
17 ၁၇ စိတ်ပျက် ၍ အစဉ် ပင်ပန်း ခြင်း ရှိကြပါစေသော။ အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။
Let them be confounded and troubled for ever; yes, let them be put to shame, and perish:
18 ၁၈ ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။
That men may know that you, whose name alone is JEHOVAH, are the most high over all the earth.

< ဆာလံ 83 >