< ဆာလံ 82 >

1 ဘုရား သခင်သည် ဘုရားတို့၏ ပရိသတ် ၌ ရပ် လျက် နေတော်မူ၍၊ ဘုရား တို့ အလယ် ၌ စီရင် တော်မူ၏။
A Psalme committed to Aspah. God standeth in the assemblie of gods: hee iudgeth among gods.
2 သင်တို့သည် မတရား သောသူတို့ ၏ မျက်နှာ ကို ထောက် ၍ ၊ အဘယ် မျှ ကာလ ပတ်လုံး မ တရားသဖြင့် စီရင် ကြမည်နည်း။
How long wil ye iudge vniustly, and accept the persons of the wicked? (Selah)
3 ဆင်းရဲ သော သူနှင့် မိဘ မရှိသောသူတို့ကို စောင့် မကြလော့။ ငြိုငြင် သောသူနှင့် ငတ်မွတ် သောသူတို့ ဘက်၌ တရား စီရင်ကြလော့။
Doe right to the poore and fatherlesse: doe iustice to the poore and needie.
4 ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ ကို မတရား သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။
Deliuer the poore and needie: saue them from the hand of the wicked.
5 သူတို့သည် မ သိ ၊ နား မ လည်ကြ။ မှောင်မိုက် ၌ ကျင်လည် ကြ၏။ မြေကြီး တိုက်မြစ် အပေါင်း တို့သည် လှုပ်ရှား လျက်ရှိကြ၏။
They knowe not and vnderstand nothing: they walke in darkenes, albeit all the foundations of the earth be mooued.
6 သင် တို့သည် ဘုရား ဖြစ်ကြ၏။ ရှိသမျှ တို့သည် အမြင့်ဆုံး သော ဘုရား၏သား ဖြစ်ကြ၏ဟုငါ ဆို သတည်း။
I haue said, Ye are gods, and ye all are children of the most High.
7 သို့ သော်လည်း၊ သင်တို့သည် လူ ကဲ့သို့ သေ ၍ ၊ အခြား သော မင်း ကဲ့သို့ ဆုံးရှုံး ခြင်းသို့ရောက်ကြလိမ့်မည်။
But ye shall die as a man, and yee princes, shall fall like others.
8 အိုဘုရား သခင်၊ ထ ၍မြေကြီး ကို တရားစီရင် တော်မူပါ။ ကိုယ်တော် သည် လူမျိုး အပေါင်း တို့ကို အပိုင် ရတော်မူ၏။
O God, arise, therefore iudge thou the earth: for thou shalt inherite all nations.

< ဆာလံ 82 >