< ဆာလံ 81 >

1 ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။
Kwa mwimbishaji. Mtindo wa gitithi. Zaburi ya Asafu. Mwimbieni kwa furaha, Mungu aliye nguvu yetu; mpigieni kelele za shangwe Mungu wa Yakobo!
2 တုရိယာ မျိုးကိုဆောင် ကြ။ ပတ်သာ ကို၎င်း၊ သာယာ သော စောင်း နှင့် တယော ကို၎င်း ယူ ခဲ့ကြ။
Anzeni wimbo, pigeni matari, pigeni kinubi na zeze kwa sauti nzuri.
3 လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။
Pigeni baragumu za pembe za kondoo dume wakati wa Mwandamo wa Mwezi, na wakati wa mwezi mpevu, katika siku ya Sikukuu yetu;
4 ထိုသို့ ဣသရေလ အမျိုး၌ ထုံးဖွဲ့ ၍၊ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ဆုံးဖြတ် တော်မူ၏။
hii ni amri kwa Israeli, agizo la Mungu wa Yakobo.
5 နား မ လည်သော စကား ကိုကြား ရာအရပ်၊ အဲဂုတ္တု ပြည် တဘက် ၌ ကြွသွား တော်မူသောအခါ ၊ ယောသပ် အမျိုး၌ ထိုသို့ သော သက်သေခံ ချက်ကို စီရင် တော်မူ၏။
Aliiweka iwe kama sheria kwa Yosefu alipotoka dhidi ya Misri, huko tulikosikia lugha ambayo hatukuielewa.
6 ငါသည်သူ ၏ ပခုံး ကိုဝန် နှင့် လွတ် စေ၏။ သူ ၏ လက် ကိုလည်း ကယ်တင်ခြင်းတို့ အထဲ က နှုတ် ယူ၏။
Asema, “Nimeondoa mzigo mabegani mwao; mikono yao iliwekwa huru kutoka kwenye kikapu.
7 သင်သည်ဒုက္ခ ကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာ ပေး၏။ မ ထင်ရှားသော မိုဃ်းကြိုး နေရာ ၌ ငါပြန် ပြော၏။ မေရိဘ ရေ နား မှာ သင့် ကို ငါစုံစမ်း ၏။
Katika shida yako uliniita nami nikakuokoa, nilikujibu katika mawingu yenye ngurumo; nilikujaribu katika maji ya Meriba.
8 ငါ ၏လူစု ၊ နားထောင် လော့။ ငါမှာ ထားမည်။ အိုဣသရေလ အမျိုး၊ သင်သည် ငါ့ စကားကို နားထောင် ပါစေသော။
“Enyi watu wangu, sikieni, nami nitawaonya: laiti kama mngenisikiliza, ee Israeli!
9 သင် ၌ တပါး အမျိုး၏ ဘုရား မ ရှိ ရ။ တကျွန်း တနိုင်ငံဘုရား ကို မ ကိုးကွယ် ရ။
Hamtakuwa na mungu mgeni miongoni mwenu; msimsujudie mungu wa kigeni.
10 ၁၀ ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။
Mimi ni Bwana Mungu wako, niliyekutoa nchi ya Misri. Panua sana kinywa chako nami nitakijaza.
11 ၁၁ ငါ ၏လူ များမူကား ၊ ငါ့ စကား ကို နား မ ထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ ကို အလို မ ရှိကြပါတကား။
“Lakini watu wangu hawakutaka kunisikiliza; Israeli hakutaka kunitii.
12 ၁၂ ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။
Basi niliwaacha katika ukaidi wa mioyo yao wafuate mashauri yao wenyewe.
13 ၁၃ ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။
“Laiti kama watu wangu wangalinisikiliza, kama Israeli wangalifuata njia zangu,
14 ၁၄ လိုက်လျှင် ငါသည်သူ တို့ရန်သူ များကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက် ပြုသောသူတို့ကို ဒဏ်ခတ် မည်။
ningaliwatiisha adui zao kwa haraka, na kuugeuza mkono wangu dhidi ya watesi wao!
15 ၁၅ ထာဝရဘုရား ကို မုန်း သောသူတို့သည် တောင်းပန် ခြင်းကို ပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ် အမြဲတည် ရသောအခွင့်ရှိ ကြလိမ့်မည်။
Wale wanaomchukia Bwana wangalinyenyekea mbele zake, na adhabu yao ingedumu milele.
16 ၁၆ အကောင်း ဆုံးသော ဆန် စပါးနှင့် ငါကျွေး မည်။ ကျောက် ထဲ က ထွက်သောပျားရည် နှင့် လည်း ဝပြော စေမည်။
Bali ninyi mngalilishwa ngano iliyo bora, na kuwatosheleza kwa asali itokayo kwenye mwamba.”

< ဆာလံ 81 >