< ဆာလံ 81 >

1 ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။ 2 တုရိယာ မျိုးကိုဆောင် ကြ။ ပတ်သာ ကို၎င်း၊ သာယာ သော စောင်း နှင့် တယော ကို၎င်း ယူ ခဲ့ကြ။ 3 လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။ 4 ထိုသို့ ဣသရေလ အမျိုး၌ ထုံးဖွဲ့ ၍၊ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ဆုံးဖြတ် တော်မူ၏။ 5 နား မ လည်သော စကား ကိုကြား ရာအရပ်၊ အဲဂုတ္တု ပြည် တဘက် ၌ ကြွသွား တော်မူသောအခါ ၊ ယောသပ် အမျိုး၌ ထိုသို့ သော သက်သေခံ ချက်ကို စီရင် တော်မူ၏။ 6 ငါသည်သူ ၏ ပခုံး ကိုဝန် နှင့် လွတ် စေ၏။ သူ ၏ လက် ကိုလည်း ကယ်တင်ခြင်းတို့ အထဲ က နှုတ် ယူ၏။ 7 သင်သည်ဒုက္ခ ကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာ ပေး၏။ မ ထင်ရှားသော မိုဃ်းကြိုး နေရာ ၌ ငါပြန် ပြော၏။ မေရိဘ ရေ နား မှာ သင့် ကို ငါစုံစမ်း ၏။ 8 ငါ ၏လူစု ၊ နားထောင် လော့။ ငါမှာ ထားမည်။ အိုဣသရေလ အမျိုး၊ သင်သည် ငါ့ စကားကို နားထောင် ပါစေသော။ 9 သင် ၌ တပါး အမျိုး၏ ဘုရား မ ရှိ ရ။ တကျွန်း တနိုင်ငံဘုရား ကို မ ကိုးကွယ် ရ။ 10 ၁၀ ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။ 11 ၁၁ ငါ ၏လူ များမူကား ၊ ငါ့ စကား ကို နား မ ထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ ကို အလို မ ရှိကြပါတကား။ 12 ၁၂ ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။ 13 ၁၃ ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။ 14 ၁၄ လိုက်လျှင် ငါသည်သူ တို့ရန်သူ များကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက် ပြုသောသူတို့ကို ဒဏ်ခတ် မည်။ 15 ၁၅ ထာဝရဘုရား ကို မုန်း သောသူတို့သည် တောင်းပန် ခြင်းကို ပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ် အမြဲတည် ရသောအခွင့်ရှိ ကြလိမ့်မည်။ 16 ၁၆ အကောင်း ဆုံးသော ဆန် စပါးနှင့် ငါကျွေး မည်။ ကျောက် ထဲ က ထွက်သောပျားရည် နှင့် လည်း ဝပြော စေမည်။

< ဆာလံ 81 >