< ဆာလံ 80 >
1 ၁ သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Tu, que és pastor de Israel, dá ouvidos: tu, que guias a José como a um rebanho: tu, que te assentas entre os cherubins, resplandece.
2 ၂ ဧဖရိမ် အမျိုး၊ ဗင်္ယာမိန် အမျိုး၊ မနာရှေ အမျိုးတို့ ရှေ့ မှာ တန်ခိုး တော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ် တို့ကို ကယ်တင် ခြင်းငှါ ကြွ တော်မူပါ။
Perante Ephraim, Benjamin e Manasseh, desperta o teu poder, e vem salvar-nos.
3 ၃ အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော် အလင်း ကိုပြတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
Faze-nos voltar, ó Deus, e faze resplandecer o teu rosto, e seremos salvos.
4 ၄ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့ပြုသောပဌနာ စကားကို အဘယ် မျှကာလ ပတ်လုံးအမျက်ထွက် တော်မူမည်နည်း။
Ó Senhor Deus dos exércitos, até quando te indignarás contra a oração do teu povo
5 ၅ သူ တို့ကို မျက်ရည် မုန့် နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝ စွာ တိုက် တော်မူ၏။
Tu os sustentas com pão de lágrimas, e lhes dás a beber lágrimas, com abundância.
6 ၆ အနီး အပါး၌ နေသောသူတို့သည် အကျွန်ုပ် တို့ အတွက် ငြင်းခုံ ကြပါ၏။ ရန်သူ တို့သည်လည်း ဝါကြွား၍ အကျွန်ုပ် တို့ကို ပြက်ယယ် ပြုကြပါ၏။
Tu nos pões em contendas com os nossos vizinhos: e os nossos inimigos zombam de nós entre si.
7 ၇ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော်အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
Faze-nos voltar, ó Deus dos exércitos, e faze resplandecer o teu rosto; e seremos salvos.
8 ၈ ကိုယ်တော်သည် စပျစ် နွယ်ပင်ကို အဲဂုတ္တု ပြည် က ဆောင် ခဲ့၍၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးမှ စိုက်ပျိုး တော်မူ၏။
Trouxeste uma vinha do Egito: lançaste fora as nações, e a plantaste.
9 ၉ သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။
Preparaste-lhe lugar, e fizeste com que ela deitasse raízes; e encheu a terra.
10 ၁၀ သူ ၏အရိပ် သည် တောင် တို့ကို၎င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံး သော အာရဇ် ပင်တို့ကို၎င်းလွှမ်းမိုး ကြပါ၏။
Os montes foram cobertos da sua sombra, e os seus ramos se fizeram como os formosos cedros.
11 ၁၁ သူ သည် အခက် အလက်တို့ကို ပင်လယ် တိုင်အောင် ၎င်း ၊ အညွန့် တို့ကို မြစ် ကြီးတိုင်အောင် ၎င်း ပြန့်ပွား စေပါ၏။
Ela estendeu a sua ramagem até ao mar, e os seus ramos até ao rio.
12 ၁၂ ယခုမူကား၊ လမ်း ၌ ရှောက်သွား သောသူ အပေါင်း တို့သည် ဆွတ် စေခြင်းငှါ၊ သူ ၏ခြံ ကို အဘယ် ကြောင့် ချိုးဖျက် တော်မူသနည်း။
Porque quebraste então os seus valados, de modo que todos os que passam por ela a vindimam?
13 ၁၃ တော ဝက် သည် ထိုအပင် ကို ကိုက်ခဲ ၍၊ တော သားရဲ သည်လည်း စား ပါ၏။
O javali da selva a devasta, e as feras do campo a devoram.
14 ၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ တဖန် ကြွလာ တော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင် က ကြည့်ရှု တော်မူပါ။ ထို စပျစ် နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။
Oh Deus dos exércitos, volta-te, nós te rogamos, atende dos céus, e vê, e visita esta vide;
15 ၁၅ လက်ျာ လက်တော်နှင့် စိုက်ပျိုး သောအပင်၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော ပျိုး ပင်ကို ကွယ်ကာတော်မူပါ။
E a videira que a tua dextra plantou, e o sarmento que fortificaste para ti.
16 ၁၆ မီးရှို့ ပါပြီ။ ခုတ် လှဲပါပြီ။ မျက်နှာ တော်ဖြင့် ဆုံးမ ခြင်းကို ခံရသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက် ရကြပါ၏။
Está queimada pelo fogo, está cortada: pereceu pela repreensão da tua face.
17 ၁၇ လက်ျာ လက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော လူ သား ၏အပေါ် မှာ လက် တော်ကို တင် ပါစေသော။
Seja a tua mão sobre o varão da tua dextra, sobre o filho do homem, que fortificaste para ti.
18 ၁၈ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ထံ မှ မ ဆုတ် ရကြပါ။ အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။ နာမတော် ကို ပဌနာ ပြုကြပါမည်။
Assim nós não te viraremos as costas; guarda-nos em vida, e invocaremos o teu nome.
19 ၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာ တော် အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
Faze-nos voltar, Senhor Deus dos exércitos: faze resplandecer o teu rosto; e seremos salvos.