< ဆာလံ 78 >

1 ငါ ၏လူ များတို့၊ ငါ့ တရား ကို နာ ကြလော့။ ငါ မြွက် သော စကား ကို နားထောင် ကြလော့။
A psalm (maskil) of Asaph. Listen to what I have to teach you, my people; hear what I have to say.
2 ပုံ စကားကို ငါ မြွက် ဆို၍၊ ရှေး ကာလ၏ နက်နဲ သော အရာများကို ဘော်ပြ ပေအံ့။
I will tell you wise sayings; I will explain mysteries from the past
3 ဘိုးဘေး တို့သည် ပြော ၍ ငါ တို့သည် ကြား သိ ရ သော ထို အရာများကို၊
that we have heard before and reflected on; stories our forefathers passed down to us.
4 သား မြေးတို့မှ မ ဝှက် မထား။ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်နှင့် တန်ခိုး တော်ကို၎င်း၊ ပြု တော်မူသော အံ့ဩ ဘွယ်အမှုတို့ကို၎င်း ၊ ဖြစ် လတံ့သောသူတို့အား ဘော် ပြကြမည်။
We will not keep them from our children; we will tell the next generation about God's marvelous actions—about his power and the amazing things he has done.
5 အကြောင်း မူကား၊ ယာကုပ် အမျိုး၌ သက်သေ တရားကိုစီရင် ၍ ၊ ဣသရေလ အမျိုး၌ ပညတ် တရားကို ထား တော်မူ၏။
He gave his laws to the descendants of Jacob; his instructions to the people of Israel. He commanded our forefathers to teach them to their children,
6 သဘော မ ဖြောင့်၊ ဘုရားသခင် ၌ စိတ်ဝိညာဉ် အမြဲမ ဆည်းကပ် သောအမျိုး၊
so that the next generation—children yet to be born—would understand and grow up to teach their children.
7 ငြင်းဆန် ၍ ပုန်ကန် တတ်သောအမျိုး တည်းဟူသော ဘိုးဘေး တို့ကဲ့သို့ သားမြေး တို့သည်မ ဖြစ် ၊ ဘုရားသခင် ၏အမှု တော်တို့ကိုမ မေ့။
In this way they should place their trust in God and not forget what God has done, and keep his commandments.
8 ဘုရားသခင် ကို ယုံကြည်ကိုးစား ၍၊ ပညတ်တော် တို့ကိုစောင့် စေခြင်းငှာ ထိုတရားတို့ကို ဘိုးဘေး တို့သည်သား တို့အား ပြသ ၍ ဖြစ် လတံ့သောအမျိုး တည်းဟူသော၊ ဘွားမြင် လတံ့ သောသား တို့သည်သိနားလည် ၍၊ နောက်တဖန်မြေးမြစ် တို့အား ပြသ ကြမည်အကြောင်း ပညတ် ထားတော်မူပြီ။
Then they would not be like their forefathers, a stubborn and rebellious generation that was untrustworthy and unfaithful.
9 ဧဖရိမ် အမျိုးသား တို့သည် လေး လက်နက် ကို စွဲကိုင် သော်လည်း၊ စစ်တိုက် သောအခါ နောက်သို့ လှည့် ကြပါသည်တကား။
The soldiers of Ephraim, though armed with bows, ran away on the day of battle.
10 ၁၀ ဘုရား သခင်၏ သစ္စာ တော်ကို မ စောင့်။ တရား တော်လမ်း၌ သွား ခြင်းငှါ အလို မရှိကြ။
They did not keep God's agreement, and refused to follow his laws.
11 ၁၁ အမှုတော် တို့ကို၎င်း ၊ ပြ တော်မူသောအံ့ဩ ဘွယ် တို့ကို၎င်း မေ့လျော့ ကြ၏။
They ignored what he had done, and the amazing things he had shown them—
12 ၁၂ အဲဂုတ္တု ပြည် ၊ ဇောန အရပ် တွင် သူ တို့အဘ များ မျက်မှောက် ၌ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူ၏။
the miracles he had performed for their forefathers near Zoan in Egypt.
13 ၁၃ ပင်လယ် ကိုခွဲ ၍ သူ တို့ကိုရှောက်သွား စေတော်မူ ၏။ ရေ များကို စုပုံ ၍ ထား တော်မူ၏။
He split the sea in two and led them through, making the water stand like walls on either side.
14 ၁၄ နေ့ အချိန်၌ကား၊ မိုဃ်းတိမ် ဖြင့် ၎င်း ၊ ညဉ့်အချိန်၌ကားတညဉ့်လုံး မီး အလင်း ဖြင့် ၎င်း သူ တို့ကို လမ်းပြ တော်မူ၏။
He led them with a cloud by day, and by night with a light of fire.
15 ၁၅ တော ၌ ကျောက် တို့ကိုဖေါက် ၍ ၊ ပင်လယ် ရေ ကဲ့သို့ များစွာ သော ရေကို သူတို့အား တိုက် တော်မူ၏။
He split open rocks in the desert to give his people plenty to drink, water as deep as the ocean.
16 ၁၆ ကျောက် ထဲက စီး သော ရေကိုထွက် စေ၍ ၊ မြစ် ရေ ကဲ့သို့ ရေများကို စီး စေတော်မူ၏။
He made streams flow from the stone; water rushing down like rivers!
17 ၁၇ ထိုသူတို့မူကား ၊ အမြင့်ဆုံး သော ဘုရားကို တော ၌ ပုန်ကန် သောအားဖြင့် တိုး ၍ ပြစ်မှား ကြ၏။
But they repeatedly sinned against him, rebelling against the Most High in the desert.
18 ၁၈ မိမိ တို့အလို အလျောက်အစာ ကို တောင်း ၍ စိတ် နှလုံး ထဲမှာ ဘုရား သခင်ကို စုံစမ်း ကြ၏။
They deliberately provoked God by demanding the foods they longed for.
19 ၁၉ ဘုရား သခင်သည် တော ၌ စားပွဲ ကို ပြင်ဆင် နိုင် သလော။
They insulted God by saying, “Can God provide food here in the desert?
20 ၂၀ ကြည့် ကြလော့။ ကျောက် ကို ရိုက် တော်မူသဖြင့် ၊ ရေ ထွက်၍ မြစ် ရေကဲ့သို့စီး လေ၏။ မုန့် ကိုလည်း ပေး နိုင် သလော။ မိမိ လူ တို့အဘို့ အမဲ သားကိုပြင်ဆင် နိုင်သလောဟု ဘုရား သခင်ကို ဆန့်ကျင် ဘက်ပြုလျက် ပြော ဆိုကြ၏။
Yes, he can strike a rock so that water gushes out like flowing rivers, but can he give us bread? Can he supply his people with meat?”
21 ၂၁ ထိုစကားကို ထာဝရဘုရား သည် ကြား ၍ အမျက်ထွက် တော်မူ၏။ ယာကုပ် အမျိုး၌ မီး လောင် ၍ ၊ ဣသရေလ အမျိုး၌ ဒေါသ မီးတက် လေ၏။
When he heard this, the Lord became very angry, burning like fire against the descendants of Jacob, furious with the people of Israel,
22 ၂၂ အကြောင်း မူကား၊ အထက် မိုဃ်းတိမ် တို့ကို မှာ ထားလျက်၊
for they didn't believe in God and didn't trust him to take care of them.
23 ၂၃ ကောင်းကင် တံခါး တို့ကို ဖွင့် ၍ ၊ သူ တို့ စား စရာ ဘို့ မန္န ကို မိုဃ်း ရွာစေသဖြင့်၊
Even so he commanded the skies above and the doors of heaven to open,
24 ၂၄ ကောင်းကင် ဆန် စပါးကိုပေး တော်မူသည်ဖြစ်၍ ၊ ထိုသူ အပေါင်းတို့သည် ကြီးမြတ် သောသူတို့ ၏ အစာ ကိုသုံး ဆောင်၍၊
and he made manna rain down on them to eat, giving them bread from heaven.
25 ၂၅ ဝ ပြောစွာ စားကြမည် အကြောင်း ပြု တော်မူသော်လည်း၊ သူတို့သည် ဘုရား သခင်ကို မ ယုံကြည်။ ကယ်တင် တော်မူခြင်း ကျေးဇူးကို မ ကိုးစား ဘဲ နေကြ၏။
Human beings ate the bread of angels; he sent them more than enough food.
26 ၂၆ မိုဃ်းကောင်းကင် ၌ အရှေ့ လေကို ပယ် ၍ ၊ အားကြီး သောတောင် လေကို ဆောင် ခဲ့သဖြင့်၊
He sent the east wind blowing across the sky; by his power he drove the south wind.
27 ၂၇ သူ တို့အပေါ် သို့ အမဲသား ကို မြေမှုန့် နှင့်အမျှ ပျံ တက်သောငှက် တို့ကို သမုဒ္ဒရာ သဲလုံး နှင့်အမျှ ၊ မိုဃ်းရွာ စေလျက်၊
He rained down meat on them as plentiful as dust; birds as numerous as sand on a beach.
28 ၂၈ သူ တို့တပ် ချ၍ ၊ နေရာ အရပ်ပတ်လည် ၌ ကျ စေ တော်မူ၏။
He made them fall right in the middle of their camp, all around where they were living.
29 ၂၉ ထိုသို့ သူ တို့ အလို ရှိသည်အတိုင်း ပေး တော်မူသဖြင့် ၊ သူတို့သည် ဝ ပြောစွာ စား ရကြ၏။
They ate until they were full. He gave them the food they longed for.
30 ၃၀ သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊
But before they satisfied their appetite, while the meat was still in their mouths,
31 ၃၁ ဘုရား သခင်၏အမျက် တော်သည် သက်ရောက် သဖြင့် ၊ ကျန်းမာ သောသူတို့ကို ကွပ်မျက် ၍ ၊ ဣသရေလ လူပျို တို့ကို လှဲချ တော်မူ၏။
God became angry with them and he killed their strongest men, striking them down in the prime of life.
32 ၃၂ ထို အမှုအလုံးစုံ တို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း ၊ အံ့ဘွယ် သော အမှုတော်တို့ကြောင့် ယုံကြည် ခြင်းမ ရှိ။ ပြစ်မှား လျက် နေကြသေး ၏။
Despite all this they went right on sinning. Despite the miracles, they refused to trust him.
33 ၃၃ ထိုကြောင့် သူ တို့ နေ့ရက် ကာလကို အချည်းနှီး လွန် စေ၍ ၊ သူ တို့နှစ် များကို ဘေး ဥပဒ်တွင် မြှုပ်တော်မူ ၏။
So he snuffed out their futile lives, bringing them to an end in terror.
34 ၃၄ သူ တို့ကို ကွပ်မျက် တော်မူသောအခါ ကိုယ်တော် ကို ရှာ ကြ၏။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာ ကြ၏။
When he began killing them, the rest came back to God in repentance, praying to him.
35 ၃၅ ဘုရား သခင်သည် သူ တို့၏ကျောက် ၊ အမြင့်ဆုံး သော ဘုရား သည် သူ တို့ကို ကယ်တင် သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိ ရကြ၏။
They remembered that God was their rock, that God Most High was their Savior.
36 ၃၆ သို့သော်လည်း ၊ ကိုယ်တော် ကိုနှုတ် ဖြင့် ချော့မော့ ၍ ၊ လျှာ ဖြင့် လည်း မုသာ စကားကို လျှောက်ဆိုကြ၏။
They flattered him by what they told him, but they were only lying.
37 ၃၇ သူ တို့စိတ် သဘောမူကား ၊ ရှေ့တော်၌ မ ဖြောင့် ၊ သစ္စာ တော်ကို မ စောင့် ဘဲနေကြ၏။
Deep down they were not sincere, and did not keep the agreement they had with him.
38 ၃၈ ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။
But being compassionate he pardoned their guilt and did not destroy all of them. He often held back his anger—he did not pour out all his fury.
39 ၃၉ သူ တို့သည် အသား ဖြစ်ကြောင်း ကို၎င်း ၊ စုတေ့၍ နောက် တဖန် မ လာ တတ်သော ဝိညာဉ် ဖြစ်ကြောင်းကို၎င်း အောက်မေ့ တော်မူ၏။
He remembered their mortality—that they were like a puff of wind that would not return.
40 ၄၀ သူတို့သည် ကိုယ်တော် ကို တော ၌ ပုန်ကန် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ စိတ် တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။
How often they rebelled against him in the wilderness, giving him grief in the desert!
41 ၄၁ ဘုရား သခင်ကို အဖန်ဖန် စုံစမ်း ၍ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဆန့်ကျင် ဘက် ပြုကြပါသည်တကား။
Again and again they provoked God, causing pain to the Holy One of Israel.
42 ၄၂ တန်ခိုး တော်ကို၎င်း၊ ဒုက္ခ ထဲက ကယ် လွှတ်တော်မူသော နေ့ရက် ကာလကို၎င်း မ အောက်မေ့ ကြ။
They did not remember his strength when he rescued them from their oppressors,
43 ၄၃ အဲဂုတ္တု ပြည်၌ လက္ခဏာ သက်သေတော်တို့ကို၎င်း၊ ဇောန အရပ် ၌ အံ့ဘွယ် သော အမှုတို့ကို၎င်း ၊ ပြု တော်မူ၏။
performing miracles in Egypt, doing wonderful things on the plain of Zoan.
44 ၄၄ ထိုပြည်သားတို့သည် ရေမ သောက် ရမည် အကြောင်း၊ သူ တို့ မြစ် ရေ၊ စမ်း ရေများကို သွေး ဖြစ် စေတော်မူ၏။
There he turned their rivers and their streams into blood so that no one could drink from them.
45 ၄၅ သူ တို့ကို ကိုက်စား တတ်သောယင်ရဲ တို့ကို ၎င်း ၊ ဖျက်ဆီး တတ်သော ဘား တို့ကို၎င်း ၊ စေ လွှတ်တော်မူ၏။
He sent flies among them to destroy them, and frogs to ruin everything.
46 ၄၆ သူ တို့၏ မြေအသီး အနှံကို ခါသိလကျိုင်း တို့အား၎င်း၊ သူ တို့လုပ် ၍ ရသောဥစ္စာကို အရာဘကျိုင်း တို့ အား ၎င်း ပေး တော်မူ၏။
He gave their crops to locusts; everything they worked had for was taken by locusts.
47 ၄၇ သူ တို့စပျစ် နွယ်ပင်များကို မိုဃ်းသီး ဖြင့် ၎င်း၊ သူ တို့ သဖန်း ပင်များကို နှင်းခဲ ဖြင့် ၎င်း ဖျက်ဆီး တော်မူ၏။
He destroyed their vines with hail, and their fig trees with freezing rain.
48 ၄၈ သူ တို့၏ သိုး နွားများကို မိုဃ်းသီး ၌ ၎င်း ၊ ပြုစု သော တိရစ္ဆာန် များကို မီး ၌ ၎င်း အပ် တော်မူ၏။
He handed over their cattle to hail and their flocks to lightning bolts.
49 ၄၉ အမျက် တော် အရှိန် အားဖြင့် သူ တို့၌ ဆိုး သော တမန် တို့ကို စေလွှတ် ၍ လွှမ်းမိုး ခြင်း၊ ဒဏ်ခတ် ခြင်း၊ နှောင့်ရှက် ခြင်းအမှုကိုဖြစ် စေတော်မူ၏။
He poured out on them his fierce anger—rage and hostility and anguish—sending a band of destroying angels against them.
50 ၅၀ အမျက် တော်ဘို့ လမ်း ကိုပြင်ဆင် တော်မူ၏။ သူ တို့အသက် ကို မ နှမြော ၊ သေ စေခြင်းငှါ ကာလနာ သို့ အပ်နှံ သဖြင့်၊
He sent his unrestrained anger against them; he did not spare them from death, handing them over to the plague.
51 ၅၁ အဲဂုတ္တု ပြည်၌ သား ဦးအပေါင်း တို့ကို၎င်း ၊ ဟာမ သားတို့နေရာ အရပ်၌ အထွဋ် အမြတ်များကို၎င်းဒဏ်ခတ် တော်မူ၏။
He struck down all the firstborn of Egypt, the first to be conceived in the tents of Ham.
52 ၅၂ မိမိ လူ များကိုကား၊ သိုး ကဲ့သို့ ထွက် စေ၍ ၊ တော ၌ သူ တို့ကို သိုးစု ကဲ့သို့ ဆောင် တော်မူ၏။
But he led out his people like sheep, and guided them like a flock in the wilderness.
53 ၅၃ ဘေး နှင့်ကင်းလွတ်အောင် ဆောင် တော်မူသဖြင့် ၊ သူတို့သည် မ ကြောက် ရကြ။ ရန်သူ တို့ကိုကား ပင်လယ် ရေသည် လွှမ်း လေ၏။
He led them to safety, and they were not afraid. He drowned their enemies in the sea.
54 ၅၄ သန့်ရှင်း သော ပြည် တော်စွန်းတိုင်အောင် ၎င်း ၊ လက်ျာ လက်တော်အားဖြင့်အပိုင် ရတော်မူသောဤ တောင် သို့၎င်း၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
He brought them to the border of his holy land, to this mountainous land that he had conquered for them.
55 ၅၅ သူ တို့ရှေ့ မှာလည်း ၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးလျှင် ၊ ဣသရေလ အမျိုး အနွယ် အသီးအသီးတို့ သည် အမွေ ခံရသောမြေ ကို တာထိုး၍ ပိုင်းခြား လျက် နေရာ ချတော်မူ၏။
He drove out the heathen nations before them. He divided up the land for them to own. He settled the tribes of Israel in their tents.
56 ၅၆ သို့သော်လည်း ၊ သူ တို့သည် အမြင့်ဆုံး သော ဘုရား ကို စုံစမ်း ၍ ပုန်ကန် ကြ၏။ သက်သေ ခံတော်မူချက် များကို မ စောင့် ဘဲ၊
But they provoked God Most High, rebelling against him. They did not follow what he had told them.
57 ၅၇ ဘိုးဘေး များကဲ့သို့ ဖေါက်ပြန် ၍ သစ္စာကိုဖျက် ကြ၏။ လိမ် တတ်သောလေ ကဲ့သို့ လမ်းလွဲ ကြ၏။
Just like their forefathers they turned away from God and were unfaithful to him, as twisted as a defective bow.
58 ၅၈ သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။
They made him angry with their pagan high places of worship; they made him jealous with their idols.
59 ၅၉ ဘုရား သခင်သည် ကြားသိ တော်မူလျှင် ၊ အမျက် တော်ထွက်၍၊ ဣသရေလ အမျိုးသားတို့ကို အလွန် ရွံရှာ သဖြင့်၊
When God heard their worship he became furious and he totally rejected Israel.
60 ၆၀ ရှိလော တဲ တော်တည်းဟူသော ၊ လူ တို့တွင် နေရာ ချတော်မူသောအရပ် ကိုစွန့် တော်မူ၏။
He abandoned his place at Shiloh, the Tabernacle where he lived among the people.
61 ၆၁ တန်ခိုး တော်ကို သိမ်း သွားစေခြင်းငှါ ၎င်း ၊ ဘုန်း တော်ကို ရန်သူ တို့လက် သို့ ရောက်စေခြင်းငှါ ၎င်း စီရင် တော်မူ၏။
He surrendered the Ark of his power, allowing it to be captured; handing it over into enemy hands.
62 ၆၂ မိမိ လူ တို့ကိုလည်း ထား ဘေး၌ အပ် ၍ ၊ အမွေ တော်ကို အမျက် ထွက်တော်မူ၏။
He handed over his people to be slaughtered by the sword; he was furious with his chosen people.
63 ၆၃ လူပျို တို့သည် မီး လောင် ခြင်းကိုခံရသော်လည်း ၊ အပျို တို့သည် မ ငိုကြွေး ရကြ။
Their young men were destroyed by fire; their young women had no wedding songs.
64 ၆၄ ယဇ် ပုရောဟိတ်တို့သည် ထား ဘေးဖြင့် ဆုံး သော်လည်း ၊ မုတ်ဆိုးမ တို့သည် မြည်တမ်း ခြင်းကို မ ပြုရကြ။
Their priests were killed by the sword; their widows were unable to mourn.
65 ၆၅ ထိုအခါ ဘုရား ရှင်သည် အိပ်ပျော်ပြီးသောသူ ကဲ့သို့ ၎င်း၊ စပျစ်ရည် ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့ ၎င်း နိုး တော်မူ၏။
Then the Lord woke up as if from sleep, as a warrior sobering up from drinking wine.
66 ၆၆ ရန်သူ တို့ကိုဒဏ်ခတ် ၍ လှန် သဖြင့်၊ အစဉ် အမြဲအရှက်ကွဲ စေ တော်မူ၏။
He defeated his enemies, striking them on the back, causing them everlasting shame.
67 ၆၇ သို့ရာတွင် ၊ ယောသပ် ၏ တဲ တော်ကို ငြင်းပယ် ၍ ဧဖရိမ် အမျိုး ကို ရွေး တော်မ မူ။
He rejected the descendants of Joseph, and did not choose the tribe of Ephraim.
68 ၆၈ ယုဒ အမျိုး ကို၎င်း၊ ချစ် တော်မူသော ဇိအုန် တောင် ကို၎င်း ရွေး တော်မူ၏။
Instead he chose the tribe of Judah, and Mount Zion which he loves.
69 ၆၉ သန့်ရှင်း ရာဌာနတော်ကို အထွဋ် ကဲ့သို့ တည်ဆောက် ၍ ၊ မြေကြီး ကဲ့သို့ အစဉ် မြဲစေ တော်မူ၏။
There he built his sanctuary, high like the heavens, on earth that he made to last forever.
70 ၇၀ ကျွန်တော်မျိုး ဒါဝိဒ် ကို သိုး ခြံ များထဲက ရွေး ယူ တော်မူ၏။
He chose his servant David, taking him from the sheep pens,
71 ၇၁ သား ငယ်ရှိသောသိုး မတို့ကို ထိန်း ခြင်းအမှုမှ နှုတ် ၍ မိမိ လူ တည်းဟူသောယာကုပ် အမျိုးသား၊ အမွေ တော်တည်းဟူသောဣသရေလ လူတို့ကို ကျွေးမွေးစေ ခြင်းငှါ ခန့်ထားတော်မူ၏။
taking him from caring for the sheep and lambs to be a shepherd to the descendants of Jacob—God's special people, Israel.
72 ၇၂ ထိုသူ သည် ဖြောင့်သောသဘော ရှိသည်အတိုင်း ကျွေးမွေး ၍ ၊ လိမ္မာ သောလက် နှင့် ပို့ဆောင် လေ၏။
Like a shepherd, he took care of them with sincere devotion, leading them with skillful hands.

< ဆာလံ 78 >