< ဆာလံ 75 >
1 ၁ အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။ နာမတော် နီး ကြောင်း ကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံ ကြသည်ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။
၁ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။
2 ၂ ချိန်းချက် သော အချိန်ကာလနှင့် ငါ တွေ့ကြုံ သောအခါ ဖြောင့်မတ် စွာ တရား စီရင်မည်။
၂ဘုရားသခင်က``တရားစီရင်မည့်အချိန်ကို ငါသတ်မှတ်ထားလေပြီ။ ငါသည်ဖြောင့်မှန်စွာတရားစီရင်မည်။
3 ၃ မြေကြီး နှင့် မြေကြီး သားအပေါင်း တို့သည် လှုပ်ရှား ခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင် တို့ကို ငါထောက် ခံရ၏။
၃ကမ္ဘာမြေကြီးနှင့်တကွသက်ရှိသတ္တဝါ အပေါင်းတို့သည် တုန်လှုပ်ကြစေကာမူ ငါသည်ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေမည်။
4 ၄ မိုက်သောအကျင့် ကို မ ကျင့်ကြနှင့်ဟု မိုက် သောသူတို့ အား ၎င်း၊ ဦးချို ကို မ မြှောက် ကြနှင့်။
၄ငါဤသို့အမိန့်ရှိ၏။ သူယုတ်မာတို့အားမကြွားမဝါကြနှင့်။
5 ၅ သင် တို့၏ ဦးချို ကို မ ချီးမြှောက် ကြနှင့်။ လည်ပင်း ခိုင်မာ လျက် မပြော ကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။
၅မာန်မာနမထောင်လွှားကြနှင့်။
6 ၆ အရှေ့ ၊ အနောက် ၊ တောင် အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူး မ ပြုနိုင်။
၆တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊ တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။
7 ၇ ဘုရား သခင်သည် စီရင် ပိုင်တော်မူ၏။ တ ယောက် ကို နှိမ့်ချ ၍ ၊ တ ယောက်ကို ချီးမြှောက် တော်မူ ၏။
၇တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။
8 ၈ ထာဝရဘုရား ၏လက် တော်၌ ဖလား ရှိ၏။ နီ သောစပျစ် ရည်ပါ၏။ ဆေး မျိုးနှင့်ရောလျက်ရှိ၏။ ထို စပျစ်ရည်ကို လောင်း တော်မူ၏။ အနည် အဖတ်ကိုလည်း မတရား သော မြေ သားအပေါင်း တို့သည် ညှစ် ၍ သောက် ရကြ၏။
၈ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။
9 ၉ ငါ မူကား အစဉ် မပြတ်ချီးမွမ်း ၍ ၊ ယာကုပ် အမျိုး ၏ ဘုရား သခင်ကို ထောမနာသီချင်း ဆိုပါမည်။
၉သို့ရာတွင်ငါမူကားယာကုပ်၏ ဘုရားအကြောင်းတော်ကိုအစဉ်မပြတ် ပြောကြားပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုမည်။
10 ၁၀ မတရား သောသူတို့၏ ဦးချို အပေါင်း ကို ငါချိုး မည်။ တရား သောသူတို့ ၏ဦးချို တို့မူကား၊ ချီးမြှောက် ခြင်းသို့ ရောက်ရကြလိမ့်မည်။
၁၀ကိုယ်တော်သည်သူယုတ်မာတို့၏တန်ခိုး အာဏာကို ချိုးနှိမ်တော်မူမည်။ သူတော်ကောင်းတို့၏တန်ခိုးအာဏာကိုမူကား တိုးတက်စေတော်မူလိမ့်မည်။