< ဆာလံ 74 >
1 ၁ အို ဘုရား သခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ် တော်မူသနည်း။ ကိုယ်တော် ထံမှာကျက်စား သော သိုး တို့ကို အဘယ်ကြောင့်အမျက် ထွက်တော်မူသနည်း။
A Maskil of Asaph. Why have You rejected us forever, O God? Why does Your anger smolder against the sheep of Your pasture?
2 ၂ ရှေးက အပိုင် ရတော်မူသောလူ အစည်းအဝေးကို၎င်း၊ ရွေး တော်မူသောအမွေ တော်အဘို့ကို၎င်း၊ ကျိန်းဝပ် တော်မူရာ ဇိအုန် တောင် ကို၎င်းအောက်မေ့ တော်မူပါ။
Remember Your congregation, which You purchased long ago and redeemed as the tribe of Your inheritance— Mount Zion where You dwell.
3 ၃ သန့်ရှင်း ရာဌာန၌ ရန်သူ သည် မ တရားသဖြင့် ပြု၍၊ အမြဲ သုတ်သင် ပယ်ရှင်းရာအရပ်သို့ ကြွ တော်မူပါ။
Turn Your steps to the everlasting ruins, to everything in the sanctuary the enemy has destroyed.
4 ၄ ကိုယ်တော် ၏ လူစည်းဝေး ရာအရပ် ၌ ရန်သူ တို့ သည် အော်ဟစ် ကြပါ၏။ လက္ခဏာ သက်သေတော်အရာ ၌ သူ တို့လက္ခဏာ သက်သေတို့ကို ထား ကြပါပြီ။
Your foes have roared within Your meeting place; they have unfurled their banners as signs,
5 ၅ လိမ္မာသောသူသည်ထူထပ် သော တော ကို ပုဆိန် နှင့် ခုတ်သကဲ့သို့၊
like men wielding axes in a thicket of trees
6 ၆ ယခု တွင် ဗိမာန်တော် တန်ဆာ များကိုပုဆိန် ၊ သံတူ နှင့် တပြိုင်နက် ရိုက် ချိုးကြပါ၏။
and smashing all the carvings with hatchets and picks.
7 ၇ သန့်ရှင်း ရာဌာနတော်ကို မီး ရှို့ ကြပါ၏။ နာမတော် ကျိန်းဝပ်ရာ တဲ တော်ကို မြေ တိုင်အောင် ရှုတ်ချ ကြပါ၏။
They have burned Your sanctuary to the ground; they have defiled the dwelling place of Your Name.
8 ၈ ဤအမျိုးသား အပေါင်းတို့ကို အတူ ဖျက်ဆီး ကြကုန်အံ့ဟုဆို ၍၊ မြေ တပြင်လုံး တွင် ဘုရား သခင်၏ တရားစရပ် တို့ကို မီးရှို့ ကြပါ၏။
They said in their hearts, “We will crush them completely.” They burned down every place where God met us in the land.
9 ၉ အကျွန်ုပ် တို့သည် ကိုယ်လက္ခဏာ သက်သေများ ကို မ မြင် ရပါ။ ပရောဖက် သည် တဖန် မ ပေါ်မရှိပါ။ အကျွန်ုပ် တို့တွင် ကာလ အပိုင်းအခြားကို သိ သောသူ မ ရှိပါ။
There are no signs for us to see. There is no longer any prophet. And none of us knows how long this will last.
10 ၁၀ အို ဘုရား သခင်၊ ရန်သူ သည် အဘယ် မျှကာလ ပတ်လုံးကဲ့ရဲ့ ပါလိမ့်မည်နည်း။ ရန်ဘက် ပြုသောသူသည် နာမတော် ကို အစဉ် မထီမဲ့မြင် ပြုရပါမည်လော။
How long, O God, will the enemy taunt You? Will the foe revile Your name forever?
11 ၁၁ လက်ျာ လက် တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင် တော်ထဲက ထုတ် ၍ ဖျက်ဆီး တော်မူ ပါ။
Why do You withdraw Your strong right hand? Stretch it out to destroy them!
12 ၁၂ အကယ် စင်စစ်ဘုရား သခင်သည် ရှေး ကာလမှစ၍ ၊ ကယ်တင် တော်မူခြင်းကို မြေ အလယ် ၌ ပြု သောငါ တို့၏ ရှင် ဘုရင်ဖြစ်တော်မူ၏။
Yet God is my King from ancient times, working salvation on the earth.
13 ၁၃ ကိုယ်တော် သည် တန်ခိုး တော်အားဖြင့် ပင်လယ် ကို ခွဲ တော်မူပြီ။ ရေ ထဲမှာ မိကျောင်း တို့၏ ဦးခေါင်း တို့ကို ချိုး တော်မူပြီ။
You divided the sea by Your strength; You smashed the heads of the dragons of the sea;
14 ၁၄ လဝိသန် ၏ ဦးခေါင်း တို့ကို နှိပ်စက် ၍ တောတွင်း သားတို့ စားစရာ ဘို့ အပ်ပေး တော်မူပြီ။
You crushed the heads of Leviathan; You fed him to the creatures of the desert.
15 ၁၅ စမ်းရေ နှင့် ချောင်းရေ ကို ပေါက် စေတော်မူပြီ။ ရေ မပြတ်သော မြစ် တို့ကိုလည်း ခန်းခြောက် စေတော်မူပြီ။
You broke open the fountain and the flood; You dried up the ever-flowing rivers.
16 ၁၆ နေ့ နှင့် ညဉ့် ကို ပိုင်တော်မူ၏။ နေ မှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်း တော်မူပြီ။
The day is Yours, and also the night; You established the moon and the sun.
17 ၁၇ မြေကြီး ၏ အကန့် အကွက်ရှိသမျှ တို့ကို၎င်း၊ နွေ ကာလနှင့် ဆောင်း ကာလကို၎င်း စီရင် တော်မူပြီ။
You set all the boundaries of the earth; You made the summer and winter.
18 ၁၈ ရန်သူ တို့သည် ထာဝရဘုရား ကိုကဲ့ရဲ့ ၍ ၊ လူမိုက် တို့ သည် နာမတော် အား မထီမဲ့မြင် ပြုကြသည်ကို အောက်မေ့ တော်မူပါ။
Remember how the enemy has mocked You, O LORD, how a foolish people has spurned Your name.
19 ၁၉ ကိုယ်တော် ၏ ချိုးငှက် အသက် ကို သားရဲ ၌ အပ် တော်မ မူပါနှင့်။ ကိုယ်တော် ၏ ဆင်းရဲသား တို့ အစည်းအဝေးကို အစဉ် မေ့လျော့ တော်မ မူပါနှင့်။
Do not deliver the soul of Your dove to beasts; do not forget the lives of Your afflicted forever.
20 ၂၀ ပဋိညာဉ် တော်ကိုထောက် တော်မူပါ။ အကြောင်း မူကား၊ မြေကြီး ပေါ်မှာ မှောင်မိုက် သော အရပ်တို့သည် လုယူ ညှဉ်းဆဲခြင်းနေရာ သက်သက်ဖြစ် ကြပါ၏။
Consider Your covenant, for haunts of violence fill the dark places of the land.
21 ၂၁ နှိပ်စက် ခြင်းကို ခံရသောသူတို့သည် စိတ်ပျက် ၍ မ သွား ကြ ပါစေနှင့်။ ဆင်းရဲ ငတ်မွတ် သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါစေသော။
Do not let the oppressed retreat in shame; may the poor and needy praise Your name.
22 ၂၂ အို ဘုရား သခင်၊ ထ တော်မူပါ။ ကိုယ် အမှု ကို စီရင် ဆုံးဖြတ်တော်မူပါ။ မိုက် သောသူသည် ကိုယ်တော် အား အစဉ် ကဲ့ရဲ့ သည်ကို အောက်မေ့ တော်မူပါ။
Rise up, O God; defend Your cause! Remember how the fool mocks You all day long.
23 ၂၃ ကိုယ်တော် ၏ရန်သူ တို့ အသံ ကို မေ့လျော့ တော် မ မူပါနှင့်။ ကိုယ်တော် ကို ပုန်ကန် သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံ သည် အစဉ် မပြတ်တိုး တက်လျက်ရှိပါ၏။
Do not disregard the clamor of Your adversaries, the uproar of Your enemies that ascends continually.