< ဆာလံ 73 >
1 ၁ အကယ် စင်စစ်ဘုရား သခင်သည် နှလုံး သန့်ရှင်း သော သူတည်းဟူသောဣသရေလ အမျိုး၌ ကျေးဇူး ကြီး တော်မူ၏။
A Psalm of Asaph. Truly God is good to Israel, even to such as are of a clean heart.
2 ၂ ငါ မူကား ၊ ခြေ ချော် လု လျက် ၊ ခြေရာ လွဲ လု လျက် ရှိမိပြီ။
But as for me, my feet were almost gone; my steps had almost slipped.
3 ၃ အကြောင်း မူကား၊ မတရား သောသူတို့၏ စည်းစိမ် ကို မြင် သောအခါ၊ မိုက် သောသူတို့ကို ပင် ငါငြူစူ မိပြီ။
For I was envious at the foolish, when I saw the prosperity of the wicked.
4 ၄ ထိုသူ တို့သည် မသေ မှီတိုင်အောင် နာကြင်ခြင်း ဝေဒနာ မ ရှိ။ ခိုင်မာ သောအစွမ်း သတ္တိရှိကြ၏။
For there are no pangs in their death: but their strength is firm.
5 ၅ သူ တို့သည် လောကဓံ ဒုက္ခမ ရှိ။ လူ များကဲ့သို့အနှောင့် အရှက်ကိုမ ခံရကြ။
They are not in trouble as other men; neither are they afflicted like other men.
6 ၆ ထိုကြောင့်မာန ကို လည်ဆွဲ တန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲ ခြင်းအဝတ် ကိုလည်း ဝတ် တတ်ကြ၏။
Therefore pride surroundeth them as a chain; violence covereth them as a garment.
7 ၇ ဆူဝ သောကြောင့် မျက်နှာ မော် လျက်ရှိကြ၏။ စိတ် နှလုံးကြံစည် ခြင်းအားဖြင့်လွန်ကျူး တတ်ကြ၏။
Their eyes stand out with fatness: they have more than heart could wish.
8 ၈ ဆိုး သောညှဉ်းဆဲ ခြင်းကို ပင် ပြက်ယယ် ပြု၍ ပြော တတ်ကြ၏။ ထောင်လွှား သော စကား ကိုလည်း သုံးတတ် ကြ၏။
They are corrupt, and speak wickedly concerning oppression: they speak loftily.
9 ၉ သူ တို့နှုတ် သည် ကောင်းကင် နှင့် ဆန့်ကျင် ဘက် ပြု၍ ၊ လျှာ သည်လည်း မြေကြီး ကို လှည့် လည်တတ်၏။
They set their mouth against the heavens, and their tongue walketh through the earth.
10 ၁၀ ထိုကြောင့် ဘုရား သခင်၏ လူ တို့သည် သူ တို့ ထံသို့ ပြန် သွား၍ များစွာ သော ရေ ကိုမျို ရကြ၏။
Therefore his people return here: and waters of a full cup are wrung out to them.
11 ၁၁ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ အမြင့်ဆုံး သော ဘုရား၌ ဉာဏ် ရှိ ပါလိမ့်မည်လော ဟု ဆို တတ်ကြ၏။
And they say, How doth God know? and is there knowledge in the most High?
12 ၁၂ ထို မတရား သောသူတို့ သည် အစဉ် ကောင်းစား ၍ ဥစ္စာ ပွား များကြ၏။
Behold, these are the ungodly, who prosper in the world; they increase in riches.
13 ၁၃ အကယ် စင်စစ်ငါ့ နှလုံး ကို ငါသန့်ရှင်း စေသော်လည်း အကျိုး မရှိ။ အပြစ် ကင်းခြင်းနှင့် ငါ့ လက် ကို ဆေးကြော သော်လည်း အကျိုးမရှိ။
Verily I have cleansed my heart in vain, and washed my hands in innocency.
14 ၁၄ နေ့တိုင်း နှောင့်ရှက် ခြင်းနှင့် နံနက် တိုင်းဆုံးမ ခြင်းကို ငါ ခံရ၏။
For all the day long have I been afflicted, and chastened every morning.
15 ၁၅ ထိုသို့ သဘောကျမည်ဟု အကျွန်ုပ်ဆို လျှင် ၊ ကိုယ်တော် ၏ အမျိုးသား တို့ကို ပြစ်မှား ရာသို့ ရောက်ပါ လိမ့်မည်။
If I say, I will speak thus; behold, I should offend against the generation of thy children.
16 ၁၆ ထို အမှုကိုနားလည် ရ အောင် ဆင်ခြင် သောအခါ အလွန် ခက်သည်ဟု ထင် ပါ၏။
When I thought to know this, it was too painful for me;
17 ၁၇ နောက် မှဘုရား သခင်၏ သန့်ရှင်း ရာ ဌာနထဲသို့ ဝင် ၍၊ သူ တို့၏ အဆုံး ကို နားလည် ရပါ၏။
Until I went into the sanctuary of God; then I understood their end.
18 ၁၈ အကယ် စင်စစ်ကိုယ်တော်သည် သူ တို့ကို ချော သောအရပ်၌ ထား တော်မူပြီ။ ဖျက်ဆီး ရာအရပ်သို့ ချ တော်မူ၏။
Surely thou didst set them in slippery places: thou didst cast them down into destruction.
19 ၁၉ တခဏ ခြင်းတွင် အကျိုး နည်းကြပါပြီတကား။ ဘေး ဥပဒ်များအားဖြင့် ရှင်းရှင်း ပယ် ပျောက်လျက် ရှိကြပါ ပြီတကား။
How are they brought into desolation, as in a moment! they are utterly consumed with terrors.
20 ၂၀ အိုထာဝရ ဘုရား၊ လူသည် နိုး သောအခါ အိပ်မက် ကိုမှတ်သကဲ့သို့ သူတို့ကို နှိုး တော်မူသောအခါ ၊ သူ တို့ အကြံ အစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
As a dream when one awaketh; so, O Lord, when thou awakest, thou shalt despise their image.
21 ၂၁ ထိုသို့ အကျွန်ုပ် သည် နှလုံး နာ လျက် ၊ ကျောက်ကပ် မွှေနှောက် လျက်ရှိ၍၊
Thus my heart was grieved, and I was pricked in my reins.
22 ၂၂ မိုက် သောသူ၊ ပညာမဲ့ သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန် ကဲ့သို့ဖြစ် ပါ၏။
So foolish was I, and ignorant: I was as a beast before thee.
23 ၂၃ သို့သော်လည်း အကျွန်ုပ် သည် ကိုယ်တော် ထံမှာ အစဉ် ရှိ၍၊ အကျွန်ုပ် ၏လက်ျာ လက် ကို ဆွဲကိုင် တော်မူ၏။
Nevertheless I am continually with thee: thou hast held me by my right hand.
24 ၂၄ အကျွန်ုပ် ကို ဉာဏ် ပေး၍ ပဲ့ပြင် တော်မူမည်။ နောက် တဖန် ဘုန်း အသရေ၌ သိမ်းယူ တော်မူမည်။
Thou shalt guide me with thy counsel, and afterward receive me to glory.
25 ၂၅ ကိုယ်တော်မှတပါး၊ ကောင်းကင် ဘုံမှာ အကျွန်ုပ် ၌ အဘယ် သူရှိပါသနည်း။ ကိုယ်တော် ကိုအလိုရှိသည်နှင့်အမျှ မြေကြီး ပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိ ပါသနည်း။
Whom have I in heaven but thee? and there is none upon earth that I desire besides thee.
26 ၂၆ အကျွန်ုပ် ၏အသား နှင့် နှလုံး သည် ပျက် ကြပါ ၏။ သို့သော်လည်း၊ ဘုရား သခင်သည် အကျွန်ုပ် နှလုံး ၏ အစွမ်း သတ္တိ၊ အကျွန်ုပ် အစဉ် အမြဲခံစားရာအဘို့ ဖြစ်တော်မူ၏။
My flesh and my heart faileth: but God is the strength of my heart, and my portion for ever.
27 ၂၇ အကယ် စင်စစ်ကိုယ်တော် နှင့် ဝေးဝေး နေသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်း သော သူအပေါင်း တို့ကို ပယ်ရှင်း တော်မူ ၏။
For, lo, they that are far from thee shall perish: thou hast destroyed all them that go astray from thee.
28 ၂၈ အကျွန်ုပ် မူကား ၊ ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ် ၍ အကျိုး ရှိပါ၏။ အမှုတော် ရှိသမျှ တို့ကို ကြား ပြောခြင်းအလိုငှါ ၊ အရှင် ထာဝရဘုရား ၌ ခိုလှုံ လျက်နေပါ၏။
But it is good for me to draw near to God: I have put my trust in the Lord GOD, that I may declare all thy works.