< ဆာလံ 71 >

1 အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။ အရှက် ကွဲခြင်းနှင့် အစဉ် ကင်းလွတ် ပါစေသော။
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့်​ထံ​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​ချဉ်း​ကပ် ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။
2 တရား တော်နှင့်အညီ အကျွန်ုပ် ကို နှုတ်ယူ ၍ လွှတ် တော်မူပါ။ နား တော်ကို အကျွန်ုပ် ဘက်သို့ လှည့် ၍ ကယ်တင် တော်မူပါ။
ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သည် နှင့်​အ​ညီ၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကယ်​ဆယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​နား​ညောင်း ၍ ကယ်​တော်​မူ​ပါ။
3 အကျွန်ုပ် အစဉ် ရောက် ၍ နေရာ ကျသော ကျောက် ဖြစ် တော်မူပါ။ အကျွန်ုပ် ကို ကယ်တင် မည် အကြောင်း အမိန့် တော်ရှိ၍ ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက် ဖြစ်တော်မူ၏။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ကျောက်​တောင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​ရန်​အ​တွက်​ခိုင်​ခံ့ သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​သော၊ ကျွန်​တော်​မျိုး​ကို​ကာ​ကွယ်​သော​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။
4 အကျွန်ုပ် ၏ဘုရား သခင်၊ ဆိုး သောသူ ၏လက် မှ ၎င်း၊ မ တရားသောသူနှင့် ကြမ်းတမ်း သောသူ ၏လက် မှ ၎င်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား သူ​ယုတ်​မာ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ရက်​စက်​ဆိုး​ညစ်​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။
5 အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် မြော်လင့် ရာဖြစ်တော်မူ၏။ အကျွန်ုပ် ငယ် သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစား ရာ ဖြစ်တော်မူ၏။
အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး ပါ​၏။ ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​ကိုယ်​တော်​ရှင်​အား ကိုး​စား​ခဲ့​ပါ​၏။
6 အကျွန်ုပ်သည် ဘွား ကတည်း ကပင် ကိုယ်တော် ကို မှီဝဲ ပါပြီ။ အမိ ဝမ်း တွင်းမှစ၍ ကျေးဇူးတော်ကိုခံရပါပြီ။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ပါမည်။
ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။
7 အကျွန်ုပ်သည် များစွာ သောသူတို့ ၌ အံ့ဘွယ် သော အရာကဲ့ သို့ ဖြစ် သော်လည်း ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ခိုင်ခံ့ သော ခိုလှုံ ရာဖြစ်တော်မူ၏။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။
8 ဂုဏ် အသရေတော်နှင့် ယှဉ်သော ထောမနာ စကားကို အကျွန်ုပ် သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။
တစ်​နေ့​လုံး​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​၍ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​၏။
9 အကျွန်ုပ် ကို အို သောအခါ ပယ် တော်မ မူပါနှင့်။ အား လျော့ သောအခါ စွန့်ပစ် တော်မ မူပါနှင့်။
ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အို​မင်း​သော ကြောင့် ကျွန်​တော်​မျိုး​အား​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​အ​ခါ​မ​စွမ်း​မ​သန်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
10 ၁၀ ရန်သူ တို့သည် အကျွန်ုပ် တဘက် ၌ ပြော ဆိုကြပါ၏။ အကျွန်ုပ် အသက် ကို ချောင်း ကြည့်သောသူတို့ က၊
၁၀ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ကျွန်​တော် မျိုး​အား သတ်​လို​ကြ​သ​ဖြင့်​ဆွေး​နွေး​ကြံ​စည်​ကြ ပါ​၏။
11 ၁၁ ဘုရား သခင်သည် သူ့ ကို စွန့်ပစ် တော်မူ၏။ လိုက် ၍ ဘမ်း ကြကုန်အံ့။ ကယ်လွှတ် သော သူမ ရှိဟု တိုင်ပင်ပြော ဆိုကြပါ၏။
၁၁``သူ​၏​ဘု​ရား​သည်​သူ့​ကို​စွန့်​ပစ်​လေ​ပြီ။ သူ့​အား​ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​သ​ဖြင့် သူ့​ကို​လိုက်​ဖမ်း​ကြ​ကုန်​အံ့'' ဟု​သူ​တို့​ဆို ကြ​ပါ​၏။
12 ၁၂ အိုဘုရား သခင်၊ အကျွန်ုပ် နှင့် ဝေးဝေး နေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို မစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
၁၂အို ဘု​ရား​သ​ခင်၊ ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး အား ကူ​မ​ရန်​အ​လျင်​အ​မြန်​ကြွ​တော်​မူ​ပါ။
13 ၁၃ အကျွန်ုပ် အသက် ကို ရန်ဘက် ပြုသောသူတို့ သည် အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် ကဲ့ရဲ့ ခြင်း၊ အသရေ ပျက်ခြင်းနှင့် မွန်း ကြ ပါစေသော။
၁၃ကျွန်​တော်​မျိုး​ကို​တိုက်​ခိုက်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​ပျက်​စီး​ဆုံး​ပါး​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ထိ​ခိုက်​ဒဏ်​ရာ​ရ​အောင် ကြိုး​စား​ကြ​သူ​တို့​သည် အ​ရှက်​ကွဲ​၍​အ​သ​ရေ​ပျက်​ကြ​ပါ​စေ​သော။
14 ၁၄ အကျွန်ုပ် မူကား ၊ အစဉ် မြော်လင့် ၍ ကိုယ်တော် ကို ချီးမွမ်း သမျှ ထက် သာ၍ချီးမွမ်းပါမည်။
၁၄ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။
15 ၁၅ ဖြောင့်မတ် တော်မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွှန် ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မ ကုန်နိုင်ပါ။
၁၅ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကောင်း​မြတ်​တော်​မူ​ပုံ​ကို​ပြော​ကြား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် ကျွန်​တော်​မျိုး​နား​လည်​နိုင်​သည်​ထက်​ပို​၍ နက်​နဲ​ပါ​၏။ သို့​ရာ​တွင်​ထို​ကျေး​ဇူး​တော်​အ​ကြောင်း​ကို ကျွန်​တော်​မျိုး​သည်​တစ်​နေ့​လုံး​ပြော ကြား​ပါ​မည်။
16 ၁၆ အရှင် ထာဝရဘုရား ၏ ဘုန်း တန်ခိုးတော်များကို အမှီပြု ၍ ကိုယ်တော် ၏ ဖြောင့်မတ် ခြင်းတရားကိုသာ ပြသ ပါမည်။
၁၆အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကို အ​မှီ​ပြု​၍ ကျွန်​တော်​မျိုး​သွား​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်၊ကိုယ်​တော်​ရှင်​သာ​လျှင် ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို ကျွန်​တော်​မျိုး​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
17 ၁၇ အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကို ငယ် သောအရွယ်မှစ၍ သွန်သင် တော်မူပါပြီ။ ယခု တိုင်အောင် အံ့ဘွယ် သော အမှုတော်တို့ကို အကျွန်ုပ်ပြ ပါပြီ။
၁၇ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ငယ် ရွယ်​စဉ် အ​ခါ​မှ​စ​၍​သွန်​သင်​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​ယ​နေ့​တိုင်​အောင် ပြော​ကြား​လျက်​ရှိ​ပါ​၏။
18 ၁၈ တဖန်တုံ အိုဘုရား သခင်၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင် ဖြူသည်ကာလတိုင်အောင် ၊ ယခုလူ များတို့အား ကိုယ်တော် ၏ အစွမ်း သတ္တိကို၎င်း၊ နောက်ဖြစ် လတံ့သော သူအပေါင်း တို့အား တန်ခိုး တော်ကို၎င်း၊ အကျွန်ုပ်မ ပြ မှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မ မူပါနှင့်။
၁၈ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အ​သက် ကြီး​၍ ဆံ​ပင်​ဖြူ​လျက်​နေ​ပါ​ပြီ။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​နောင်​လာ​လတ္တံ့​သော သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော် အ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ​ညာ​လျက်​ရှိ​နေ​စဉ် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။
19 ၁၉ အိုဘုရား သခင်၊ ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့် ရာသို့ မှီသည်ဖြစ်၍ ၊ ကိုယ်တော်သည် ကြီးစွာ သော အမှုတို့ကို ပြု တော်မူ၏။ အိုဘုရား သခင်၊ ကိုယ်တော် နှင့်အဘယ် သူတူ ပါသနည်း။
၁၉အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။
20 ၂၀ ကြီးမား ကြမ်းတမ်းသော ဘေး များ ကို အကျွန်ုပ် အားပြ တော်မူပြီ။ တဖန် အသက် ကို ချမ်းသာပေး၍ ၊ မြေကြီး နက်နဲ ရာထဲက တဖန် ထမြောက် စေတော်မူမည်။
၂၀ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား များ​ပြား​ဆိုး​ရွား​သော​ဘေး​ဒုက္ခ​များ​နှင့် တွေ့​ကြုံ​စေ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြန်​၍ အား​အင်​ပြည့်​ဝ​စေ​တော်​မူ​လျက်​သေ​ဘေး​မှ ကယ်​တော်​မူ​ပါ​လိမ့်​မည်။
21 ၂၁ အကျွန်ုပ် ကို စည်းစိမ် တိုးပွား စေ၍ ၊ တဖန် သက်သာ စေတော်မူမည်။
၂၁ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက် ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။
22 ၂၂ သို့ဖြစ်၍ ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် နှင့် သစ္စာ တော်ကို တယော ထိုး၍ ချီးမွမ်း ပါမည်။ ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ ရှေ့ တော်၌ စောင်း တီး၍ သီချင်း ဆိုပါမည်။
၂၂ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့် ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။
23 ၂၃ ရှေ့ တော်၌ သီချင်း ဆိုသောအခါ ၊ ရွှင်လန်း သော နှုတ် ရှိပါလိမ့်မည်။ ရွေး တော်မူသောအကျွန်ုပ် ၏ ဝိညာဉ် လည်း ရွှင်လန်းပါလိမ့်မည်။
၂၃ကိုယ်​တော်​ရှင်​အ​တွက်​စောင်း​ကို​တီး​စဉ် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ သီ​ချင်း​ဆို​ပါ​မည်။
24 ၂၄ အကျွန်ုပ် ၏လျှာ သည်လည်း ဖြောင့်မတ် တော်မူခြင်းတရားကို အစဉ် မြွက် ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် ၌ အပြစ် ပြုခြင်း အခွင့်ကို ရှာ သောသူတို့သည် မျက်နှာ ပျက်၍ အရှက် ကွဲခြင်းသို့ ရောက်ကြပါ၏။
၂၄ကျွန်​တော်​မျိုး​အား​အ​ကျိုး​ယုတ်​စေ​ရန် ရှာ​ကြံ​သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​၍​အ​သ​ရေ​ပျက် ရ​ကြ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ရှင်​ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​အ​ကြောင်း​ကို​တစ်​နေ့​လုံး​ပြော​ကြား ပါ​မည်။

< ဆာလံ 71 >