< ဆာလံ 69 >

1 အကျွန်ုပ် ကို ကယ် ယူတော်မူပါ ဘုရား ။ ရေ သည် အကျွန်ုပ်အသက် ဝိညာဉ်တိုင်အောင် ရောက် ပါပြီ။
Don mai bi da kaɗe-kaɗe. Da muryar “Lilin.” Ta Dawuda. Ka cece ni, ya Allah, gama ruwa ya kai wuyata
2 ခြေနင်း ရာမ ရှိ။ နက် လှသော ရွှံ့ ထဲ မှာ ကျွံ ပါပြီ။ လှိုင်း တံပိုးလွှမ်းမိုး ရာ နက် သော ရေ ထဲ သို့ ရောက် ပါပြီ။
Na nutse cikin laka mai zurfi, inda babu wurin tsayawa. Na shiga cikin ruwaye masu zurfi; rigyawa ya sha kaina.
3 အော်ဟစ် ၍ ပင်ပန်း ပါပြီ။ လည်ချောင်း ခြောက် ပါပြီ။ အကျွန်ုပ် ၏ ဘုရား သခင်ကို အကျွန်ုပ် မျှော် ကြည့် ၍ မျက်စိပျက် ပါပြီ။
Na gaji da kira ina neman taimako; maƙogwarona ya bushe idanuna sun dushe, suna neman Allahna.
4 အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့သည် အကျွန်ုပ် ၏ဆံပင် ထက် များ ကြပါ၏။ မဟုတ် မမှန် ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြု၍ ဖျက်ဆီး သောသူတို့ သည် ခွန်အား ကြီးကြပါ၏။ ထိုအခါ အကျွန်ုပ် သည် မ ယူ သော ဥစ္စာကိုပင်ပြန် ပေးရပါ၏။
Waɗanda suke ƙina ba dalili sun fi gashin kaina yawa; da yawa ne abokan gābana babu dalili, su da suke nema su hallaka ni. An tilasta mini in mayar da abin da ban sata ba.
5 အိုဘုရား သခင်၊ အကျွန်ုပ် မိုက် ခြင်းအမှုကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် ၏အပြစ် တို့ကို ရှေ့တော်၌ ဝှက် ၍ မ ထားရပါ။
Ka san wautata, ya Allah; laifina ba a ɓoye yake daga gare ka ba.
6 ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို မြော်လင့် သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ် မ ပျက်ကြပါစေနှင့်။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ကို ရှာ သောသူတို့ သည် အကျွန်ုပ် အကြောင်းကြောင့် ရှက် ကြောက်ခြင်းသို့ မ ရောက်ကြပါစေနှင့်။
Bari waɗanda suke sa zuciya gare ka kada su sha kunya saboda ni, Ya Ubangiji, Ubangiji Maɗaukaki; bari waɗanda suke neman ka kada su sha kunya saboda ni, Ya Allah na Isra’ila.
7 ကိုယ်တော် အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။ အကျွန်ုပ် မျက်နှာ သည် ရှက် ခြင်းနှင့် ပြည့်စုံ ပါ၏။
Gama na jimre da ba’a saboda kai, kunya kuma ta rufe fuskata.
8 ကိုယ် ညီအစ် ကိုတို့တွင် ၊ လူစိမ်း ဖြစ် ခဲ့ပါပြီ။ တမိ တည်းသော ပေါက်ဘော် တို့တွင် ၊ တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ။
Ni baƙo ne a cikin’yan’uwana, bare kuma ga’ya’yan mahaifiyata maza;
9 ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို စား ပါ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သောသူတို့ ၏စကားသည် အကျွန်ုပ် အပေါ် သို့ ရောက် ပါ၏။
gama himma da nake yi wa gidanka yana ƙunata, kuma zagi na masu zaginka yana fāɗuwa a kaina.
10 ၁၀ အကျွန်ုပ်သည် ငိုကြွေး ၍ စိတ် နှလုံးပါလျက် ၊ အစာ ရှောင်သောအကျင့် ကြောင့် ပင် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။
Sa’ad da na yi kuka na kuma yi azumi dole in jimre da ba’a;
11 ၁၁ လျှော်တေ အဝတ် ကို ဝတ် သောအခါ ၊ သူ တို့သည် သရော် တတ်ကြပါ၏။
sa’ad da na sanya rigunan makoki, mutane suna maishe ni abin dariya.
12 ၁၂ ရုံး၌ ထိုင် သောသူတို့သည် အကျွန်ုပ် တဘက်မှာ ပြော ဆို၍ ၊ သေသောက် ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆို တတ်ကြပါ၏။
Masu zama a ƙofa suna mini ba’a, na zama waƙa a bakin bugaggu da giya.
13 ၁၃ အိုထာဝရဘုရား ၊ အကျွန်ုပ် မူကား ၊ မင်္ဂလာ အချိန် ကာလ၌ ကိုယ်တော် ကို ဆုတောင်း ပါ၏။ အိုဘုရား သခင်၊ ကရုဏာ တော် ကြွယ်ဝ သည်နှင့်အညီ ၊ ကယ်တင် တော်မူခြင်း သစ္စာ အတိုင်း ၊ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။
Amma na yi addu’a gare ka, ya Ubangiji, a lokacin da ka ga dama; a cikin ƙaunarka mai girma, ya Allah, ka amsa mini da tabbacin ceto.
14 ၁၄ အကျွန်ုပ် ကို ရွှံ့ ထဲ က ကယ်နှုတ် တော်မူပါ။ နစ် စေတော်မ မူပါနှင့်။ အကျွန်ုပ် ကို မုန်း သောသူတို့ လက်မှ ၎င်း၊ နက် သော ရေ ထဲ က၎င်း လွှတ် ပါစေသော။
Ka fid da ni daga laka, kada ka bari in nutse; ka cece ni daga waɗanda suke ƙina, daga rurin ruwaye.
15 ၁၅ ရေ ထ ၍ မ လွှမ်း ပါစေနှင့်။ နက်နဲ ရာ၌ မ မြုပ် ပါစေနှင့်။ အကျွန်ုပ် အပေါ် မှာ တွင်း ဝ မ ပိတ် ပါစေနှင့်။
Kada ka bar rigyawa yă sha kaina ko zurfafa su haɗiye ni ko rami yă rufe bakinsa a kaina.
16 ၁၆ အိုထာဝရဘုရား ၊ ကျေးဇူး ပြုချင်သော စေတနာတော်သည် ကောင်းမွန် သောကြောင့် ၊ အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် ကို မျက်နှာ ပြုတော်မူပါ။
Ka amsa mini, ya Ubangiji cikin alherin ƙaunarka; cikin jinƙanka mai girma ka juyo gare ni.
17 ၁၇ ကိုယ်တော် ၏ ကျွန် မှ မျက်နှာ တော်ကို လွှဲ တော်မ မူပါနှင့်။ ဘေး ရောက်ပါပြီ။ အလျင် အမြန်နားထောင် တော်မူပါ။
Kada ka ɓoye fuskarka daga bawanka; ka amsa mini da sauri, gama ina cikin wahala.
18 ၁၈ အကျွန်ုပ် ၏အသက် ဝိညာဉ်သို့ ချဉ်းကပ် ၍ ရွေး တော်မူပါ။ ရန်သူ များရှိကြောင်း ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
Ka zo kusa ka kuɓutar da ni; ka fanshe ni saboda maƙiyana.
19 ၁၉ အကျွန်ုပ် ခံရသောကဲ့ရဲ့ ခြင်း၊ အရှက် ကွဲခြင်း၊ အသရေ ပျက်ခြင်းတို့ကို ကိုယ်တော် သည် သိ တော်မူ၏။ အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ရှေ့ တော်၌ ထင်ရှားလျက် ရှိကြပါ၏။
Ka san yadda ake mini ba’a, ake kunyatar da ni da kuma yadda nake shan kunya; dukan abokan gābana suna a gabanka.
20 ၂၀ ကဲ့ရဲ့ ခြင်းအားဖြင့်အကျွန်ုပ် သည် စိတ် ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏။ သနား သောသူကို ကြည့် ၍ မ မြင်။ သက်သာ စေသောသူကို ရှာ ၍ မ တွေ့ရပါ။
Ba’a ta sa zuciyata ta karai ta bar ni ba mataimaki; Na nemi a ji tausayina, amma ban sami ko ɗaya ba, na nemi masu ta’aziyya, amma ban sami ko ɗaya ba.
21 ၂၁ အကျွန်ုပ် စားစရာ ဘို့ ဆေးခါး ကို ကျွေး ကြပါ၏။ ရေငတ် သောအခါ ပုံးရည် ကို တိုက် ကြပါ၏။
Sun sa abin ɗaci cikin abincina suka kuma ba ni ruwan inabi mai tsami sa’ad da nake jin ƙishi.
22 ၂၂ သူ တို့စားပွဲ သည် သူ တို့ရှေ့ မှာ ကျော့ကွင်း သော် ၎င်း၊ ခံ ထိုက်သောအပြစ်သော် ၎င်း၊ ထောင် ချောက်သော် ၎င်း ဖြစ် ပါစေ။
Bari teburin da aka shirya a gabansu yă zama musu tarko; bari yă zama sakamakon laifi da kuma tarko.
23 ၂၃ သူ တို့သည် မမြင် နိုင်အောင် မျက်စိ ကွယ် ပါစေ။ သူ တို့ခါး သည်လည်း အစဉ် တုန် ပါစေ။
Bari idanunsu yă dushe don kada su gani, bayansu kuma yă tanƙware har abada.
24 ၂၄ သူ တို့အပေါ် မှာ အမျက် တော်ကို သွန်းလောင်း တော်မူ၍ ၊ အမျက် တော်အရှိန် သည် သူ တို့ကို မှီ ပါစေ။
Ka kwarara fushinka a kansu; bari fushinka mai zafi yă ci musu.
25 ၂၅ သူ တို့နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ် ဖြစ် ပါစေ။ သူ တို့အိမ် ၌ နေ သောသူ မ ရှိ ပါစေနှင့်။
Bari wurinsu yă zama kufai; kada ka bar wani yă zauna a tentunansu.
26 ၂၆ အကြောင်း မူကား၊ သူတို့သည် ဒဏ်ခတ် တော်မူသောသူ ကို ညှဉ်းဆဲ ကြပါ၏။ နာ စေတော်မူသောသူတို့ကို ထပ်၍ နာ စေကြပါ၏။
Gama sun tsananta wa waɗanda ka hukunta suna kuma taɗin wahalar waɗanda ka ji musu rauni.
27 ၂၇ သူ တို့အပြစ် ၌ အပြစ် ကိုထပ်၍ ပေး တော်မူပါ။ ကုသိုလ် တော်နှင့် မ ဆိုင် ကြပါစေနှင့်။
Ka neme su da laifi a kan laifi; kada ka bar su su sami rabo a cikin cetonka.
28 ၂၈ အသက် ရှင်သောသူတို့စာရင်း ၌ သူတို့နာမည်များကို ချေ၍ ၊ ဖြောင့်မတ် သောသူတို့နှင့်အတူ မ ရေး မမှတ်ပါစေနှင့်။
Bari a shafe su sarai daga littafin rai kada a kuma lissafta su tare da adalai.
29 ၂၉ အကျွန်ုပ် မူကား ၊ ဆင်းရဲ ငြိုငြင် ပါ၏။ အိုဘုရား သခင်၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ် ကို ချီးမြှင့် ပါစေသော။
Ina cikin zafi da kuma azaba; bari cetonka, ya Allah, yă tsare ni.
30 ၃၀ ငါသည် ဘုရား သခင်၏ နာမတော် ကို ထောမနာ သီချင်းဆို မည်။ ကျေးဇူး တော်ကို ပြ၍ ဘုရား သခင်ကို ချီးမွမ်း မည်။
Zan yabe sunan Allah cikin waƙa in kuma ɗaukaka shi tare wurin yin godiya.
31 ၃၁ ထာဝရဘုရား သည် ချို နှင့်၎င်း၊ ခွါ နှင့်၎င်း ပြည့်စုံသော နွား လားကို နှစ်သက် သည်ထက် ၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။
Wannan zai gamshi Ubangiji fiye da saniya, fiye da bijimi da ƙahoninsa da kuma kofatansa.
32 ၃၂ နှိမ့်ချ သောသူတို့ သည် မြင် ၍ ဝမ်းမြောက် ကြလိမ့်မည်။ ဘုရား သခင်ကို ရှာ သောသူတို့ ၏ စိတ် နှလုံးသည် အား ပြည့်လိမ့်မည်။
Matalauta za su gani su kuma yi murna, ku da kuke neman Allah, bari zukatanku su rayu!
33 ၃၃ ထာဝရဘုရား သည် ဆင်းရဲ သောသူတို့၏စကားကို နားထောင် တော်မူ၏။ အချုပ် ခံရသောမိမိ လူတို့ကို မထီမဲ့မြင် ပြုတော်မ မူတတ်။
Ubangiji yakan ji masu bukata ba ya kuwa ƙyale kamammun mutanensa.
34 ၃၄ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ တို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါ အပေါင်း တို့သည် ဘုရား သခင်ကို ချီးမွမ်း ကြပါစေသော။
Bari sama da ƙasa su yabe shi, tekuna da dukan abin da yake motsi a cikinsu,
35 ၃၅ ဘုရား သခင်သည် ဇိအုန် မြို့ကို စောင့် ၍ ၊ ယုဒ မြို့ တို့ကို ပြု စုတော်မူသဖြင့် ၊ ထို သူတို့သည် နေ ၍ ပိုင် ရကြလိမ့်မည်။
gama Allah zai cece Sihiyona yă sāke gina biranen Yahuda. Sa’an nan mutane za su zauna a can su mallake ta,
36 ၃၆ ကျွန် တော်မျိုး၏သား မြေးတို့သည် ထိုမြို့ ကို အမွေ ခံရ၍ ၊ နာမတော် ကို ချစ် သောသူတို့သည် နေရာ ကျရကြလိမ့်မည်။
’ya’yan bayinsa za su gāje ta, waɗanda kuma suna ƙaunar sunansa za su zauna a can.

< ဆာလံ 69 >