< ဆာလံ 69 >

1 အကျွန်ုပ် ကို ကယ် ယူတော်မူပါ ဘုရား ။ ရေ သည် အကျွန်ုပ်အသက် ဝိညာဉ်တိုင်အောင် ရောက် ပါပြီ။
To the chief Musician upon Shoshannim, A Psalm of David. Save me, O God; for the waters are come in to my soul.
2 ခြေနင်း ရာမ ရှိ။ နက် လှသော ရွှံ့ ထဲ မှာ ကျွံ ပါပြီ။ လှိုင်း တံပိုးလွှမ်းမိုး ရာ နက် သော ရေ ထဲ သို့ ရောက် ပါပြီ။
I sink in deep mire, where there is no standing: I am come into deep waters, where the floods overflow me.
3 အော်ဟစ် ၍ ပင်ပန်း ပါပြီ။ လည်ချောင်း ခြောက် ပါပြီ။ အကျွန်ုပ် ၏ ဘုရား သခင်ကို အကျွန်ုပ် မျှော် ကြည့် ၍ မျက်စိပျက် ပါပြီ။
I am weary of my crying: my throat is dried: my eyes fail while I wait for my God.
4 အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့သည် အကျွန်ုပ် ၏ဆံပင် ထက် များ ကြပါ၏။ မဟုတ် မမှန် ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြု၍ ဖျက်ဆီး သောသူတို့ သည် ခွန်အား ကြီးကြပါ၏။ ထိုအခါ အကျွန်ုပ် သည် မ ယူ သော ဥစ္စာကိုပင်ပြန် ပေးရပါ၏။
They that hate me without a cause are more than the hairs of my head: they that would destroy me, being my enemies wrongfully, are mighty: then I restored that which I took not away.
5 အိုဘုရား သခင်၊ အကျွန်ုပ် မိုက် ခြင်းအမှုကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် ၏အပြစ် တို့ကို ရှေ့တော်၌ ဝှက် ၍ မ ထားရပါ။
O God, thou knowest my foolishness; and my sins are not hid from thee.
6 ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို မြော်လင့် သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ် မ ပျက်ကြပါစေနှင့်။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ကို ရှာ သောသူတို့ သည် အကျွန်ုပ် အကြောင်းကြောင့် ရှက် ကြောက်ခြင်းသို့ မ ရောက်ကြပါစေနှင့်။
Let not them that wait on thee, O Lord GOD of hosts, be ashamed for my sake: let not those that seek thee be confounded for my sake, O God of Israel.
7 ကိုယ်တော် အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။ အကျွန်ုပ် မျက်နှာ သည် ရှက် ခြင်းနှင့် ပြည့်စုံ ပါ၏။
Because for thy sake I have borne reproach; shame hath covered my face.
8 ကိုယ် ညီအစ် ကိုတို့တွင် ၊ လူစိမ်း ဖြစ် ခဲ့ပါပြီ။ တမိ တည်းသော ပေါက်ဘော် တို့တွင် ၊ တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ။
I am become a stranger to my brethren, and an alien to my mother’s children.
9 ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို စား ပါ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သောသူတို့ ၏စကားသည် အကျွန်ုပ် အပေါ် သို့ ရောက် ပါ၏။
For the zeal of thy house hath eaten me up; and the reproaches of them that reproached thee have fallen upon me.
10 ၁၀ အကျွန်ုပ်သည် ငိုကြွေး ၍ စိတ် နှလုံးပါလျက် ၊ အစာ ရှောင်သောအကျင့် ကြောင့် ပင် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။
When I wept, and chastened my soul with fasting, that was to my reproach.
11 ၁၁ လျှော်တေ အဝတ် ကို ဝတ် သောအခါ ၊ သူ တို့သည် သရော် တတ်ကြပါ၏။
I made sackcloth also my garment; and I became a proverb to them.
12 ၁၂ ရုံး၌ ထိုင် သောသူတို့သည် အကျွန်ုပ် တဘက်မှာ ပြော ဆို၍ ၊ သေသောက် ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆို တတ်ကြပါ၏။
They that sit in the gate speak against me; and I was the song of the drunkards.
13 ၁၃ အိုထာဝရဘုရား ၊ အကျွန်ုပ် မူကား ၊ မင်္ဂလာ အချိန် ကာလ၌ ကိုယ်တော် ကို ဆုတောင်း ပါ၏။ အိုဘုရား သခင်၊ ကရုဏာ တော် ကြွယ်ဝ သည်နှင့်အညီ ၊ ကယ်တင် တော်မူခြင်း သစ္စာ အတိုင်း ၊ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။
But as for me, my prayer is to thee, O LORD, in an acceptable time: O God, in the multitude of thy mercy hear me, in the truth of thy salvation.
14 ၁၄ အကျွန်ုပ် ကို ရွှံ့ ထဲ က ကယ်နှုတ် တော်မူပါ။ နစ် စေတော်မ မူပါနှင့်။ အကျွန်ုပ် ကို မုန်း သောသူတို့ လက်မှ ၎င်း၊ နက် သော ရေ ထဲ က၎င်း လွှတ် ပါစေသော။
Deliver me out of the mire, and let me not sink: let me be delivered from them that hate me, and out of the deep waters.
15 ၁၅ ရေ ထ ၍ မ လွှမ်း ပါစေနှင့်။ နက်နဲ ရာ၌ မ မြုပ် ပါစေနှင့်။ အကျွန်ုပ် အပေါ် မှာ တွင်း ဝ မ ပိတ် ပါစေနှင့်။
Let not the water flood overflow me, neither let the deep swallow me up, and let not the pit shut her mouth upon me.
16 ၁၆ အိုထာဝရဘုရား ၊ ကျေးဇူး ပြုချင်သော စေတနာတော်သည် ကောင်းမွန် သောကြောင့် ၊ အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် ကို မျက်နှာ ပြုတော်မူပါ။
Hear me, O LORD; for thy lovingkindness is good: turn to me according to the multitude of thy tender mercies.
17 ၁၇ ကိုယ်တော် ၏ ကျွန် မှ မျက်နှာ တော်ကို လွှဲ တော်မ မူပါနှင့်။ ဘေး ရောက်ပါပြီ။ အလျင် အမြန်နားထောင် တော်မူပါ။
And hide not thy face from thy servant; for I am in trouble: hear me speedily.
18 ၁၈ အကျွန်ုပ် ၏အသက် ဝိညာဉ်သို့ ချဉ်းကပ် ၍ ရွေး တော်မူပါ။ ရန်သူ များရှိကြောင်း ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
Draw near to my soul, and redeem it: deliver me because of my enemies.
19 ၁၉ အကျွန်ုပ် ခံရသောကဲ့ရဲ့ ခြင်း၊ အရှက် ကွဲခြင်း၊ အသရေ ပျက်ခြင်းတို့ကို ကိုယ်တော် သည် သိ တော်မူ၏။ အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ရှေ့ တော်၌ ထင်ရှားလျက် ရှိကြပါ၏။
Thou hast known my reproach, and my shame, and my dishonour: my adversaries are all before thee.
20 ၂၀ ကဲ့ရဲ့ ခြင်းအားဖြင့်အကျွန်ုပ် သည် စိတ် ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏။ သနား သောသူကို ကြည့် ၍ မ မြင်။ သက်သာ စေသောသူကို ရှာ ၍ မ တွေ့ရပါ။
Reproach hath broken my heart; and I am full of heaviness: and I looked for some to take pity, but there was none; and for comforters, but I found none.
21 ၂၁ အကျွန်ုပ် စားစရာ ဘို့ ဆေးခါး ကို ကျွေး ကြပါ၏။ ရေငတ် သောအခါ ပုံးရည် ကို တိုက် ကြပါ၏။
They gave me also gall for my food; and in my thirst they gave me vinegar to drink.
22 ၂၂ သူ တို့စားပွဲ သည် သူ တို့ရှေ့ မှာ ကျော့ကွင်း သော် ၎င်း၊ ခံ ထိုက်သောအပြစ်သော် ၎င်း၊ ထောင် ချောက်သော် ၎င်း ဖြစ် ပါစေ။
Let their table become a snare before them: and that which should have been for their welfare, let it become a trap.
23 ၂၃ သူ တို့သည် မမြင် နိုင်အောင် မျက်စိ ကွယ် ပါစေ။ သူ တို့ခါး သည်လည်း အစဉ် တုန် ပါစေ။
Let their eyes be darkened, that they see not; and make their loins continually to shake.
24 ၂၄ သူ တို့အပေါ် မှာ အမျက် တော်ကို သွန်းလောင်း တော်မူ၍ ၊ အမျက် တော်အရှိန် သည် သူ တို့ကို မှီ ပါစေ။
Pour out thy indignation upon them, and let thy wrathful anger take hold of them.
25 ၂၅ သူ တို့နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ် ဖြစ် ပါစေ။ သူ တို့အိမ် ၌ နေ သောသူ မ ရှိ ပါစေနှင့်။
Let their habitation be desolate; and let none dwell in their tents.
26 ၂၆ အကြောင်း မူကား၊ သူတို့သည် ဒဏ်ခတ် တော်မူသောသူ ကို ညှဉ်းဆဲ ကြပါ၏။ နာ စေတော်မူသောသူတို့ကို ထပ်၍ နာ စေကြပါ၏။
For they persecute him whom thou hast smitten; and they talk to the grief of those whom thou hast wounded.
27 ၂၇ သူ တို့အပြစ် ၌ အပြစ် ကိုထပ်၍ ပေး တော်မူပါ။ ကုသိုလ် တော်နှင့် မ ဆိုင် ကြပါစေနှင့်။
Add iniquity to their iniquity: and let them not come into thy righteousness.
28 ၂၈ အသက် ရှင်သောသူတို့စာရင်း ၌ သူတို့နာမည်များကို ချေ၍ ၊ ဖြောင့်မတ် သောသူတို့နှင့်အတူ မ ရေး မမှတ်ပါစေနှင့်။
Let them be blotted out of the book of the living, and not be written with the righteous.
29 ၂၉ အကျွန်ုပ် မူကား ၊ ဆင်းရဲ ငြိုငြင် ပါ၏။ အိုဘုရား သခင်၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ် ကို ချီးမြှင့် ပါစေသော။
But I am poor and sorrowful: let thy salvation, O God, set me up on high.
30 ၃၀ ငါသည် ဘုရား သခင်၏ နာမတော် ကို ထောမနာ သီချင်းဆို မည်။ ကျေးဇူး တော်ကို ပြ၍ ဘုရား သခင်ကို ချီးမွမ်း မည်။
I will praise the name of God with a song, and will magnify him with thanksgiving.
31 ၃၁ ထာဝရဘုရား သည် ချို နှင့်၎င်း၊ ခွါ နှင့်၎င်း ပြည့်စုံသော နွား လားကို နှစ်သက် သည်ထက် ၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။
This also shall please the LORD better than an ox or bull that hath horns and hoofs.
32 ၃၂ နှိမ့်ချ သောသူတို့ သည် မြင် ၍ ဝမ်းမြောက် ကြလိမ့်မည်။ ဘုရား သခင်ကို ရှာ သောသူတို့ ၏ စိတ် နှလုံးသည် အား ပြည့်လိမ့်မည်။
The humble shall see this, and be glad: and your heart shall live that seek God.
33 ၃၃ ထာဝရဘုရား သည် ဆင်းရဲ သောသူတို့၏စကားကို နားထောင် တော်မူ၏။ အချုပ် ခံရသောမိမိ လူတို့ကို မထီမဲ့မြင် ပြုတော်မ မူတတ်။
For the LORD heareth the poor, and despiseth not his prisoners.
34 ၃၄ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ တို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါ အပေါင်း တို့သည် ဘုရား သခင်ကို ချီးမွမ်း ကြပါစေသော။
Let the heaven and earth praise him, the seas, and every thing that moveth in it.
35 ၃၅ ဘုရား သခင်သည် ဇိအုန် မြို့ကို စောင့် ၍ ၊ ယုဒ မြို့ တို့ကို ပြု စုတော်မူသဖြင့် ၊ ထို သူတို့သည် နေ ၍ ပိုင် ရကြလိမ့်မည်။
For God will save Zion, and will build the cities of Judah: that they may dwell there, and have it in possession.
36 ၃၆ ကျွန် တော်မျိုး၏သား မြေးတို့သည် ထိုမြို့ ကို အမွေ ခံရ၍ ၊ နာမတော် ကို ချစ် သောသူတို့သည် နေရာ ကျရကြလိမ့်မည်။
The seed also of his servants shall inherit it: and they that love his name shall dwell in it.

< ဆာလံ 69 >