< ဆာလံ 67 >
1 ၁ ဘုရား သခင်သည် အကျွန်ုပ် တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ၊ ကောင်းကြီး ပေး၍ မျက်နှာ တော်၏အလင်း ကို လွှတ်တော်မူပါစေသော။
“For the leader of the music. To be sung on stringed instruments. A psalm.” O God! be merciful to us, and bless us, And cause thy face to shine upon us! (Pause)
2 ၂ ထိုသို့သောအားဖြင့် မြေကြီး သားတို့သည် အမှု တော်တို့ကို သိ ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် ကယ်တင် တော်မူခြင်း ကျေးဇူးကိုခံ ရကြပါစေသော။
That thy doings may be known on earth, And thy saving power to all the nations.
3 ၃ အို ဘုရား သခင်၊ လူ များတို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။ လူ များအပေါင်း တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။
Let the nations praise thee, O God! Yea, let all the nations praise thee!
4 ၄ လူ အမျိုးမျိုးတို့သည် ဝမ်းမြောက် ၍ ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။ အကြောင်း မူကား၊ ကိုယ်တော်သည် လူ တို့ကို ဖြောင့်မတ် စွာ တရား စီရင်၍ ၊ မြေကြီး ပေါ် မှာ ရှိသောလူမျိုး တို့ကို ချမ်းသာ ပေးတော်မူမည်။
Let all the nations be glad, and shout for joy! For justly dost thou judge the people, And govern the nations on the earth.
5 ၅ အို ဘုရား သခင်၊ လူ များတို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။ လူ များအပေါင်း တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။
Let the nations praise thee, O God! Yea, let all the nations praise thee!
6 ၆ မြေ သည် မိမိ ဘဏ္ဍာ ကို ပေး ၍၊ ဘုရား သခင်တည်းဟူသောငါ တို့၏ဘုရား သခင်သည် ငါ တို့ကို ကောင်းကြီး ပေးတော်မူ၏။
For the earth hath yielded her increase, And God, our God, hath blessed us.
7 ၇ ဘုရား သခင်သည် ငါ တို့ကို ကောင်းကြီး ပေးတော်မူဦးမည်။ မြေကြီး စွန်း အပေါင်း တို့သည်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
May God continue to bless us, And may all the ends of the earth fear him!