< ဆာလံ 65 >

1 အို ဘုရား သခင်၊ ဇိအုန် မြို့၌ ကိုယ်တော် ရှေ့ မှာ ငြိမ်ဝပ် စွာ နေ၍ ချီးမွမ်း ရပါ၏။ ကိုယ်တော် အား လည်း သစ္စာ ဝတ်ကို ဖြေ ရပါ၏။
To the chief Musician, A Psalm and Song of David. Praise waiteth for thee, O God, in Zion: and to thee shall the vow be performed.
2 ပဌနာ စကားကို နားထောင် တော်မူသောဘုရား၊ ကိုယ်တော် ထံ သို့လူသား အပေါင်း တို့သည် ချဉ်းကပ် ရကြလိမ့်မည်။
O thou that hearest prayer, to thee shall all flesh come.
3 မ တရားသောအမှု သည် အလွန်များ၍ အကျွန်ုပ် သည် မ တတ်နိုင်ပါ။ သို့သော်လည်း၊ အကျွန်ုပ် တို့ ပြစ်မှား ခြင်း အပြစ်များကို ကိုယ်တော် ဖြေရှင်း တော်မူမည်။
Iniquities prevail against me: as for our transgressions, thou shalt purge them away.
4 တန်တိုင်း တော်အတွင်း၌ နေ ၍၊ အထံတော်သို့ ချဉ်းကပ် စေခြင်းငှါ ၊ ကိုယ်တော်ရွေးကောက် တော်မူသောသူသည် မင်္ဂလာ ရှိပါ၏။ သန့်ရှင်း သော ဗိမာန် တော်တည်းဟူသောအိမ် တော်၌ ကောင်း သော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝ ပြောကြပါစေသော။
Blessed is the man whom thou choosest, and causest to approach to thee, that he may dwell in thy courts: we shall be satisfied with the goodness of thy house, even of thy holy temple.
5 အကျွန်ုပ် တို့ကို ကယ်တင် တော်မူသောဘုရား ၊ အကျွန်ုပ် တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ် သော အမှုတို့ကို တရား တော်နှင့်အညီပြ တော်မူ၏။ ကိုယ်တော်သည် ဝေး စွာသော မြေကြီး စွန်း နှင့် ၊ ပင်လယ် စွန်းတို့၌ နေသောသူတို့၏ ကိုးစား ရာ ဖြစ်တော်မူ၏။
By terrible things in righteousness wilt thou answer us, O God of our salvation; who art the confidence of all the ends of the earth, and of them that are afar off upon the sea:
6 ကိုယ်တော်သည် တန်ခိုး နှင့် ပြည့်စုံ သဖြင့် ၊ အားကြီး ၍ တောင် များကို တည် စေတော်မူ၏။
Who by his strength setteth fast the mountains; being girded with power:
7 သမုဒ္ဒရာ မြည် သံ၊ လှိုင်း တံပိုးဟုန်း သံ၊ လူ တို့ ရုန်း ရင်းခတ်သံများကိုလည်း ငြိမ်း စေတော်မူ၏။
Who stilleth the noise of the seas, the noise of their waves, and the tumult of the people.
8 အဝေး ဆုံးသော အရပ်တို့၌နေ သောသူတို့ သည် ကိုယ်တော် ၏ နိမိတ် များကို မြင်၍ ကြောက်ရွံ့ ကြပါ ၏။ နေထွက် ရာအရပ်နှင့် နေဝင် ရာအရပ်တို့ကို ရွှင်လန်း စေတော်မူ၏။
They also that dwell in the uttermost parts are afraid at thy signs: thou makest the outgoings of the morning and evening to rejoice.
9 မြေကြီး ကို အကြည့် အရှုကြွလာ၍ ၊ မိုဃ်းကို များစွာရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရား သခင်၏ မြစ် အားဖြင့်အလွန်ကြွယ်ဝစေတော်မူ၏။ ထို သို့ မြေကို ပြုပြင်ပြီးမှ၊ မြေသား တို့အဘို့ စပါး ကို ပြုပြင် တော်မူ၏။
Thou visitest the earth, and waterest it: thou greatly enrichest it with the river of God, which is full of water: thou preparest them grain, when thou hast so provided for it.
10 ၁၀ မြေရိုး တို့ကို စိုစွတ် စေ၍၊ လယ်ပြင်ကို တညီ တည်း စီရင်ပြီးမှ၊ မိုဃ်းရွာ သောအားဖြင့် ပြော့ စေ၍၊ ပေါက် သော အပင်များကို ကောင်းကြီး ပေးတော်မူ၏။
Thou waterest the ridges of it abundantly: thou settlest its furrows: thou makest it soft with showers: thou blessest its growth.
11 ၁၁ နှစ် တို့ကို ကျေးဇူး တော်နှင့် ပတ်ရစ် တော်မူ၍ ၊ ခြေ တော်ရာတို့သည် ဆီဥ ယို တတ်ကြပါ၏။
Thou crownest the year with thy goodness; and thy paths drop fatness.
12 ၁၂ သာယာ သော တော အရပ်တို့လည်း ယို ၍ ၊ တောင် တို့သည်လည်း ပီတိ ခါးစည်းနှင့် စည်း လျက် ရှိကြပါ၏။
They drop upon the pastures of the wilderness: and the little hills rejoice on every side.
13 ၁၃ ကျက်စား ရာအရပ်တို့သည် သိုး ဆိတ်စုတို့နှင့် ပြည့်စုံ လျက်၊ လယ်ပြင် တို့လည်း စပါး ပင်နှင့် လွှမ်းမိုး လျက် ရှိ၍၊ ကျူးဧ သောအသံနှင့် သီချင်း ဆိုကြပါ၏။
The pastures are clothed with flocks; the valleys also are covered over with grain; they shout for joy, they also sing.

< ဆာလံ 65 >