< ဆာလံ 65 >
1 ၁ အို ဘုရား သခင်၊ ဇိအုန် မြို့၌ ကိုယ်တော် ရှေ့ မှာ ငြိမ်ဝပ် စွာ နေ၍ ချီးမွမ်း ရပါ၏။ ကိုယ်တော် အား လည်း သစ္စာ ဝတ်ကို ဖြေ ရပါ၏။
To the end, a psalm of David. The canticle of Jeremias and Ezechiel to the people of the captivity, when they began to go out. A Hymn, O God, becometh thee in Sion: and a vow shall be paid to thee in Jerusalem.
2 ၂ ပဌနာ စကားကို နားထောင် တော်မူသောဘုရား၊ ကိုယ်တော် ထံ သို့လူသား အပေါင်း တို့သည် ချဉ်းကပ် ရကြလိမ့်မည်။
O hear my prayer: all flesh shall come to thee.
3 ၃ မ တရားသောအမှု သည် အလွန်များ၍ အကျွန်ုပ် သည် မ တတ်နိုင်ပါ။ သို့သော်လည်း၊ အကျွန်ုပ် တို့ ပြစ်မှား ခြင်း အပြစ်များကို ကိုယ်တော် ဖြေရှင်း တော်မူမည်။
The words of the wicked have prevailed over us: and thou wilt pardon our transgressions.
4 ၄ တန်တိုင်း တော်အတွင်း၌ နေ ၍၊ အထံတော်သို့ ချဉ်းကပ် စေခြင်းငှါ ၊ ကိုယ်တော်ရွေးကောက် တော်မူသောသူသည် မင်္ဂလာ ရှိပါ၏။ သန့်ရှင်း သော ဗိမာန် တော်တည်းဟူသောအိမ် တော်၌ ကောင်း သော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝ ပြောကြပါစေသော။
Blessed is he whom thou hast chosen and taken to thee: he shall dwell in thy courts. We shall be filled with the good things of thy house; holy is thy temple,
5 ၅ အကျွန်ုပ် တို့ကို ကယ်တင် တော်မူသောဘုရား ၊ အကျွန်ုပ် တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ် သော အမှုတို့ကို တရား တော်နှင့်အညီပြ တော်မူ၏။ ကိုယ်တော်သည် ဝေး စွာသော မြေကြီး စွန်း နှင့် ၊ ပင်လယ် စွန်းတို့၌ နေသောသူတို့၏ ကိုးစား ရာ ဖြစ်တော်မူ၏။
Wonderful in justice. Hear us, O God our saviour, who art the hope of all the ends of the earth, and in the sea afar off.
6 ၆ ကိုယ်တော်သည် တန်ခိုး နှင့် ပြည့်စုံ သဖြင့် ၊ အားကြီး ၍ တောင် များကို တည် စေတော်မူ၏။
Thou who preparest the mountains by thy strength, being girded with power:
7 ၇ သမုဒ္ဒရာ မြည် သံ၊ လှိုင်း တံပိုးဟုန်း သံ၊ လူ တို့ ရုန်း ရင်းခတ်သံများကိုလည်း ငြိမ်း စေတော်မူ၏။
Who troublest the depth of the sea, the noise of its waves. The Gentiles shall be troubled,
8 ၈ အဝေး ဆုံးသော အရပ်တို့၌နေ သောသူတို့ သည် ကိုယ်တော် ၏ နိမိတ် များကို မြင်၍ ကြောက်ရွံ့ ကြပါ ၏။ နေထွက် ရာအရပ်နှင့် နေဝင် ရာအရပ်တို့ကို ရွှင်လန်း စေတော်မူ၏။
And they that dwell in the uttermost borders shall be afraid at thy signs: thou shalt make the outgoings of the morning and of the evening to be joyful.
9 ၉ မြေကြီး ကို အကြည့် အရှုကြွလာ၍ ၊ မိုဃ်းကို များစွာရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရား သခင်၏ မြစ် အားဖြင့်အလွန်ကြွယ်ဝစေတော်မူ၏။ ထို သို့ မြေကို ပြုပြင်ပြီးမှ၊ မြေသား တို့အဘို့ စပါး ကို ပြုပြင် တော်မူ၏။
Thou hast visited the earth, and hast plentifully watered it; thou hast many ways enriched it. The river of God is filled with water, thou hast prepared their food: for so is its preparation.
10 ၁၀ မြေရိုး တို့ကို စိုစွတ် စေ၍၊ လယ်ပြင်ကို တညီ တည်း စီရင်ပြီးမှ၊ မိုဃ်းရွာ သောအားဖြင့် ပြော့ စေ၍၊ ပေါက် သော အပင်များကို ကောင်းကြီး ပေးတော်မူ၏။
Fill up plentifully the streams thereof, multiply its fruits; it shall spring up and rejoice in its showers.
11 ၁၁ နှစ် တို့ကို ကျေးဇူး တော်နှင့် ပတ်ရစ် တော်မူ၍ ၊ ခြေ တော်ရာတို့သည် ဆီဥ ယို တတ်ကြပါ၏။
Thou shalt bless the crown of the year of thy goodness: and thy fields shall be filled with plenty.
12 ၁၂ သာယာ သော တော အရပ်တို့လည်း ယို ၍ ၊ တောင် တို့သည်လည်း ပီတိ ခါးစည်းနှင့် စည်း လျက် ရှိကြပါ၏။
The beautiful places of the wilderness shall grow fat: and the hills shall be girded about with joy,
13 ၁၃ ကျက်စား ရာအရပ်တို့သည် သိုး ဆိတ်စုတို့နှင့် ပြည့်စုံ လျက်၊ လယ်ပြင် တို့လည်း စပါး ပင်နှင့် လွှမ်းမိုး လျက် ရှိ၍၊ ကျူးဧ သောအသံနှင့် သီချင်း ဆိုကြပါ၏။
The rams of the flock are clothed, and the vales shall abound with corn: they shall shout, yea they shall sing a hymn.