< ဆာလံ 62 >

1 အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ့ ကို ကယ်တင် ခြင်း အကြောင်းသည် အထံ တော်က သက်ရောက်ရ၏။
For the Leader; for Jeduthun. A Psalm of David. Only for God doth my soul wait in stillness; from Him cometh my salvation.
2 အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ့ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါ၌ လှုပ်ရှား ခြင်းများစွာ မ ရှိရာ။
He only is my rock and my salvation, my high tower, I shall not be greatly moved.
3 သင်တို့သည် အဘယ် မျှကာလပတ်လုံး တယောက်သောသူ ကို တိုက် ကြမည်နည်း။ သူ့ကို တိမ်း သော အုပ်ရိုး ၊ လှုပ် သော ထရံ ကဲ့ သို့မှတ်၍၊ သင် တို့အပေါင်း သည် အဘယ်မျှကာလပတ်လုံးဖြိုဖျက် ကြမည်နည်း။
How long will ye set upon a man, that ye may slay him, all of you, as a leaning wall, a tottering fence?
4 ထိုသူ ကို မြင့် သော အရပ်က လှဲ ခြင်းငှါ ကြံစည် လျက် နေကြ၏။ မုသာ ကို နှစ်သက် ကြ၏။ နှုတ် ဖြင့် ကား၊ ကောင်းကြီး ကိုပေး လျက်၊ နှလုံး ၌ ကား၊ ကျိန်ဆဲ ခြင်းကို ပြုတတ်ကြ၏။
They only devise to thrust him down from his height, delighting in lies; they bless with their mouth, but they curse inwardly. (Selah)
5 အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ မြော်လင့် ခြင်း အကြောင်း သည် အထံ တော်က သက်ရောက်ရ၏။
Only for God wait thou in stillness, my soul; for from Him cometh my hope.
6 အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါသည် လှုပ်ရှား ခြင်းမ ရှိရာ။
He only is my rock and my salvation, my high tower, I shall not be moved.
7 ငါ့ ကို ကယ်တင် ခြင်းအကြောင်း၊ ငါ ၏ဘုန်းပွင့် ခြင်းအကြောင်းကား ဘုရား သခင်ပေတည်း။ ငါ့ ကို အားပေး သောကျောက် ၊ ငါ ခိုလှုံ ရာကား ဘုရား သခင်ပေတည်း။
Upon God resteth my salvation and my glory; the rock of my strength, and my refuge, is in God.
8 အိုလူ များတို့၊ ဘုရား သခင်၌ အစဉ် မပြတ်ခိုလှုံ ကြလော့။ ရှေ့ တော်၌ စိတ် နှလုံးကို ဖွင့် ပြကြလော့။ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။
Trust in Him at all times, ye people; pour out your heart before Him; God is a refuge for us. (Selah)
9 အကယ် စင်စစ်ယုတ်ညံ့ သောသူ တို့ သည် အနတ္တ ၊ အသရေရှိသောသူတို့ သည် မုသာ ဖြစ်ကြ၏။ ချိန်ခွင် နှင့် ချိန်စက်လျှင် ထိုသူ အပေါင်း တို့သည် အနတ္တ ထက် သာ၍ပေါ့ကြ၏။
Men of low degree are vanity, and men of high degree are a lie; if they be laid in the balances, they are together lighter than vanity.
10 ၁၀ ညှဉ်းဆဲ ခြင်းကို မ ကိုးစား ကြနှင့်။ အနိုင် အထက်လုယူ၍ မ ဝါကြွား ကြနှင့်။ ဥစ္စာ များ ပြားလျှင် စိတ် စွဲလမ်းခြင်း မ ရှိ ကြနှင့်။
Trust not in oppression, and put not vain hope in robbery; if riches increase, set not your heart thereon.
11 ၁၁ ဘုရား သခင်သည် တကြိမ် ဗျာဒိတ် ပေးတော်မူပြီ။ နှစ်ကြိမ် မြောက် ငါကြား ရသောဗျာဒိတ် တော်ဟူမူကား ၊ တန်ခိုး သည် ဘုရား သခင်၌ ရှိ၏။
God hath spoken once, twice have I heard this: that strength belongeth unto God;
12 ၁၂ အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကရုဏာ နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော် သည် လူအသီး အသီးတို့ အား သူ တို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူ၏။
Also unto Thee, O Lord, belongeth mercy; for Thou renderest to every man according to his work.

< ဆာလံ 62 >