< ဆာလံ 61 >
1 ၁ အို ဘုရား သခင်၊ အကျွန်ုပ် အော်ဟစ် ခြင်းကို နားထောင် ၍ အကျွန်ုပ် ၏ ပဌနာ စကားကို မှတ် တော်မူပါ။
“To the chief musician upon Neginah, by David.” Hear, O God, my entreaty; listen to my prayer.
2 ၂ စိတ် နှလုံးညှိုးငယ် လျက် မြေကြီး စွန်း မှ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ အကျွန်ုပ် အထက် ၌ မြင့် သော ကျောက် သို့ အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။
From the end of the earth will I call unto thee, when my heart is overwhelmed: lead me to the rock that is too high for me.
3 ၃ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ရန်သူ တို့ရှေ့ မှာ ခိုင်ခံ့ သော ရဲတိုက် ဖြစ်တော်မူ၏။
For thou hast been a shelter unto me, a strong tower against the enemy.
4 ၄ တဲ တော်၌ အစဉ် နေ ပါမည်။ အတောင် တော်ဖုံးအုပ် ရာ၌ ခိုလှုံ ပါမည်။
Let me sojourn in thy tent to all eternity; let me be sheltered under the covert of thy wings. (Selah)
5 ၅ အို ဘုရား သခင်၊ အကျွန်ုပ် ပြုသောသစ္စာ ဂတိတို့ကို ကြား တော်မူ၏။ နာမတော် ကို ကြောက်ရွံ့ သောသူတို့ ၏အမွေ ကို အကျွန်ုပ်အားပေး တော်မူလိမ့်မည်။
For thou, O God, hast truly listened to my vows: thou hast given back the heritage of those that fear thy name.
6 ၆ ရှင်ဘုရင် ၏ အသက်နေ့ရက် ကာလ ကို ရှည် စေတော်မူ၍၊ နှစ် စဉ်မပြတ် နိစ္စ ထာဝရ တည်ပါစေသော။
Oh, add days unto the king's days: may his years be as of many generations.
7 ၇ ဘုရား သခင်ရှေ့ တော်၌ အနန္တ ကာလပတ်လုံးနေ တော်မူစေသတည်း။ ကရုဏာ နှင့် သစ္စာ တော်သည် သူ့ ကို စောင့်မ စေသတည်း။
May he abide for ever before God: ordain that kindness and truth may guard him.
8 ၈ သို့ဖြစ်၍ နေ့ရက် အစဉ်အတိုင်းသစ္စာဝတ် ကို ဖြေ ခြင်းငှါ ၊ နာမတော် ကို အစဉ် အမြဲထောမနာသီချင်း ဆိုပါလေအံ့သတည်း။
So will I sing praise unto thy name for ever, that I may pay my vows day by day.