< ဆာလံ 60 >

1 ဒါဝိဒ် သည် မေသောပေါတာမိ ရှုရိလူတို့နှင့် ဇောဘ ရှုရှိလူတို့ကို စစ်တိုက် ပြီးမှ ယွာဘ သည် ပြန် ၍ဧဒုံ လူတစ်သောင်း နှစ်ထောင်တို့ကိုဆားချိုင့် ၌ လုပ်ကြံ သောအခါ စပ်ဆိုသောဆာလံ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက် ထွက်သဖြင့်၊ အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြား စေတော်မူပြီ။ တဖန် အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စွန့်​ပစ်​တော်​မူ​၍​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​မျက်​ထွက်​တော်​မူ​ပါ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ကျွန်​တော်​မျိုး​တို့​ထံ​သို့ ပြန်​၍​ကြွ​တော်​မူ​ပါ။
2 မြေကြီး ကို လှုပ်၍ ခွဲ တော်မူပြီ။ ကွဲအက် ရာတို့ကို တဖန် စေ့စပ် စေတော်မူပါ။ တုန်လှုပ် လျက် ရှိပါသေး၏။
ကိုယ်​တော်​ရှင်​သည်​ပြည်​တော်​ကို​သိမ့်​သိမ့်​တုန် စေ​၍ ကွဲ​အက်​စေ​တော်​မူ​ပါ​ပြီ။ ပြည်​တော်​သည်​ပြို​ကွဲ​လျက်​ရှိ​သ​ဖြင့် ကွဲ​အက်​ရာ​များ​ကို​ပြု​ပြင်​တော်​မူ​ပါ။
3 ကိုယ်တော် ၏လူ တို့ကို ခက်ထန် စွာ စီရင် ၍၊ မှိုင် တွေခြင်း စပျစ်ရည် ကို တိုက် တော်မူပြီ။
ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​တိ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​သေ​သောက်​ကူး သူ​များ​သ​ဖွယ်​ယိမ်း​ယိုင်​စေ​တော်​မူ​ပါ​ပြီ။
4 ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် သစ္စာ တရားကြောင့် ထူရသော အလံ ကို ပေး သနားတော်မူပြီ။
ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့ သည် အ​ပြစ်​ဒဏ်​လွတ်​မြောက်​စေ​ရန်​သူ​တို့​အား ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ပါ​ပြီ။
5 ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည်အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့်ကယ်တင် တော်မူပါ။
ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ ချစ်​တော်​မူ​သော​သူ​တို့​သည်​ကယ်​ဆယ် ခြင်း ခံ​ရ​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။
6 သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။
သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည် အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း​ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​ငါ​၏​လူ​စု​တော်​အား ခွဲ​ဝေ​ပေး​မည်။
7 ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကို လည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား၊ ငါ့ ဦးခေါင်း ၏အစွမ်း ဖြစ်ရ၏။ ယုဒ ပြည်ကား၊ ငါ ၏ လွှတ်တော် ဖြစ်ရ၏။
ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏။ ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​မ​ကိုဋ်​ဖြစ်​၍ ယု​ဒ​ပြည်​ကား​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။
8 မောဘ ပြည်ကား၊ ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား၊ ငါ့ ခြေနင်း ရာ ဖြစ်ရ၏။ ဖိလိတ္တိ ပြည်အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။
သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​ခွက်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်​ကို​ငါ​၏​ဖိ​နပ်​ချွတ်​အ​ဖြစ်​ဖြင့် လည်း​ကောင်း အ​သုံး​ပြု​မည်။ ဖိ​လိတ္တိ​ပြည်​သည်​ငါ့​ကို​အ​နိုင်​ရ​၍​အောင်​သံ ဖြင့် ကြွေး​ကြော်​နိုင်​မည်​ဟု​ထင်​မှတ်​သ​လော'' ဟု မိန့်​တော်​မူ​၏။
9 အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ် သူသွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ်သူ လမ်း ပြမည်နည်း။
အို ဘု​ရား​သ​ခင်၊ ခိုင်​ခံ့​လုံ​ခြုံ​သည့်​မြို့​တွင်း​သို့​အ​ဘယ်​သူ​သည် ကျွန်​တော်​မျိုး​အား​ခေါ်​ဆောင်​သွား​ပါ​မည် နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ​ပြည် သို့ ပို့​ဆောင်​ပါ​မည်​နည်း။
10 ၁၀ အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူသောကိုယ်တော် သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ် လော။
၁၀ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​ဘဲ​နေ​ပါ​မည်​လော။
11 ၁၁ ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါ မတတ်နိုင်ကြပါ။
၁၁ရန်​သူ​ကို​တိုက်​ခိုက်​နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အား ကူ​မ​တော်​မူ​ပါ။ လူ​သား​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး ဖြစ်​ပါ​၏။
12 ၁၂ ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။
၁၂ငါ​တို့​၏​ဘက်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ​လျှင် ငါ​တို့​သည်​အောင်​မြင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

< ဆာလံ 60 >