< ဆာလံ 6 >

1 အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမ တော်မ မူပါနှင့်။
Kwa mwimbishaji. Kwa ala za nyuzi za muziki. Mtindo wa sheminithi. Zaburi ya Daudi. Ee Bwana, usinikemee katika hasira yako, wala usiniadhibu katika ghadhabu yako.
2 အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ခွန်အား နည်းလှပါ၏။ ကယ်မ သနားတော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် အရိုး တို့သည် တုန်လှုပ် ကြပါ၏။ ကျန်းမာ ပကတိ ရှိစေတော်မူပါ။
Unirehemu Bwana, kwa maana nimedhoofika; Ee Bwana, uniponye, kwa maana mifupa yangu ina maumivu makali.
3 အကျွန်ုပ် စိတ် ဝိညာဉ်သည် အလွန် တုန်လှုပ် ပါ ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အဘယ် မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
Nafsi yangu ina uchungu mwingi. Mpaka lini, Ee Bwana, mpaka lini?
4 အိုထာဝရဘုရား ၊ တဖန်ကြွလာ ၍ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကယ် ယူတော်မူပါ။ ကရုဏာ တော်နှင့်အညီ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
Geuka Ee Bwana, unikomboe, uniokoe kwa sababu ya fadhili zako.
5 အကြောင်း မူကား၊ သေ လျက်နေစဉ်တွင် ကိုယ်တော် ကို အောက်မေ့ ခြင်းမ ရှိပါ။ မရဏာ နိုင်ငံတွင် ကျေးဇူးတော်ကို အဘယ် သူချီးမွမ်း ပါမည်နည်း။ (Sheol h7585)
Hakuna mtu anayekukumbuka akiwa amekufa. Ni nani awezaye kukusifu akiwa kuzimu? (Sheol h7585)
6 အကျွန်ုပ် သည် ညည်းတွား ၍ ပင်ပန်း လှပါ၏။ အကျွန်ုပ် ခုတင် ကို ကိုယ် မျက်ရည် ၌ တညဉ့် လုံး မျှော ၍ ၊ အိပ်ရာ ကိုလည်း မွန်း စေပါ၏။
Nimechakaa kwa kulia kwa huzuni; usiku kucha nafurikisha kitanda changu kwa machozi; nimelowesha viti vyangu vya fahari kwa machozi.
7 ဝမ်းနည်း ခြင်းအားဖြင့် မျက်စိ ပျက် ၍၊ ရန်သူ များ ကြောင့် ပြာမှုန် လျက် ရှိပါ၏။
Macho yangu yamedhoofika kwa kuhuzunika, yamedhoofika kwa sababu ya adui zangu wote.
8 မ တရားသဖြင့်ပြု သောသူအပေါင်း တို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ ငိုကြွေး သံ ကို ထာဝရဘုရား ကြား တော်မူ ၏။
Kaeni mbali nami, ninyi nyote mtendao mabaya, kwa maana Bwana amesikia kulia kwangu.
9 ငါ တောင်းပန် ခြင်းကို ထာဝရဘုရား ကြား တော်မူ ၏။ ငါ ပြုသော ပဌနာ စကားကို ထာဝရဘုရား နာယူ တော်မူ၏။
Bwana amesikia kilio changu kwa huruma, Bwana amekubali sala yangu.
10 ၁၀ ငါ့ ရန်သူ အပေါင်း တို့သည် ရှက်ကြောက် ၍ ဆုံးရှုံး ခြင်းရှိကြလိမ့်မည်။ ချက်ခြင်း ပြန်သွား ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
Adui zangu wote wataaibika na kufadhaika, watarudi nyuma kwa aibu ya ghafula.

< ဆာလံ 6 >