< ဆာလံ 6 >

1 အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမ တော်မ မူပါနှင့်။
למנצח בנגינות על-השמינית מזמור לדוד ב יהוה אל-באפך תוכיחני ואל-בחמתך תיסרני
2 အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ခွန်အား နည်းလှပါ၏။ ကယ်မ သနားတော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် အရိုး တို့သည် တုန်လှုပ် ကြပါ၏။ ကျန်းမာ ပကတိ ရှိစေတော်မူပါ။
חנני יהוה כי אמלל-אני רפאני יהוה--כי נבהלו עצמי
3 အကျွန်ုပ် စိတ် ဝိညာဉ်သည် အလွန် တုန်လှုပ် ပါ ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အဘယ် မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
ונפשי נבהלה מאד ואת (ואתה) יהוה עד-מתי
4 အိုထာဝရဘုရား ၊ တဖန်ကြွလာ ၍ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကယ် ယူတော်မူပါ။ ကရုဏာ တော်နှင့်အညီ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
שובה יהוה חלצה נפשי הושיעני למען חסדך
5 အကြောင်း မူကား၊ သေ လျက်နေစဉ်တွင် ကိုယ်တော် ကို အောက်မေ့ ခြင်းမ ရှိပါ။ မရဏာ နိုင်ငံတွင် ကျေးဇူးတော်ကို အဘယ် သူချီးမွမ်း ပါမည်နည်း။ (Sheol h7585)
כי אין במות זכרך בשאול מי יודה-לך (Sheol h7585)
6 အကျွန်ုပ် သည် ညည်းတွား ၍ ပင်ပန်း လှပါ၏။ အကျွန်ုပ် ခုတင် ကို ကိုယ် မျက်ရည် ၌ တညဉ့် လုံး မျှော ၍ ၊ အိပ်ရာ ကိုလည်း မွန်း စေပါ၏။
יגעתי באנחתי--אשחה בכל-לילה מטתי בדמעתי ערשי אמסה
7 ဝမ်းနည်း ခြင်းအားဖြင့် မျက်စိ ပျက် ၍၊ ရန်သူ များ ကြောင့် ပြာမှုန် လျက် ရှိပါ၏။
עששה מכעס עיני עתקה בכל-צוררי
8 မ တရားသဖြင့်ပြု သောသူအပေါင်း တို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ ငိုကြွေး သံ ကို ထာဝရဘုရား ကြား တော်မူ ၏။
סורו ממני כל-פעלי און כי-שמע יהוה קול בכיי
9 ငါ တောင်းပန် ခြင်းကို ထာဝရဘုရား ကြား တော်မူ ၏။ ငါ ပြုသော ပဌနာ စကားကို ထာဝရဘုရား နာယူ တော်မူ၏။
שמע יהוה תחנתי יהוה תפלתי יקח
10 ၁၀ ငါ့ ရန်သူ အပေါင်း တို့သည် ရှက်ကြောက် ၍ ဆုံးရှုံး ခြင်းရှိကြလိမ့်မည်။ ချက်ခြင်း ပြန်သွား ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
יבשו ויבהלו מאד--כל-איבי ישבו יבשו רגע

< ဆာလံ 6 >