< ဆာလံ 59 >
1 ၁ ရှောလု စေလွှတ် သောသူတို့သည် ဒါဝိဒ် အသက်ကိုသတ် ခြင်းငှာ အိမ် ကို စောင့် ကြသောအခါ ဒါဝိဒ် စပ်ဆိုသောဆာလံ။ အို အကျွန်ုပ် ၏ဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ ၏ အပေါ် မှာ အကျွန်ုပ် ကို ချီးမြှောက် တော်မူပါ။
To the chief Musician, Al-taschith, Michtam of David; when Saul sent, and they watched the house to kill him. Deliver me from mine enemies, O my God: defend me from them that rise up against me.
2 ၂ ဒုစရိုက် ကို ပြု သောသူတို့အထဲက အကျွန်ုပ် ကို နှုတ်ယူ ၍ ၊ အသက်ကိုသတ် လိုသောသူ တို့ လက်မှ ကယ်တင် တော်မူပါ။
Deliver me from the workers of iniquity, and save me from bloody men.
3 ၃ သူတို့သည် အကျွန်ုပ် အသက် ကိုသတ် လို ၍ ချောင်း ကြည့် လျက် နေကြပါ၏။ အားကြီး သောသူတို့ သည်အကျွန်ုပ် တဘက် ၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား ၊ အကျွန်ုပ် မှားယွင်း သောကြောင့်မဟုတ် ပါ။ အကျွန်ုပ် အပြစ် ကြောင့်မဟုတ် ပါ။
For, lo, they lie in wait for my soul: the mighty are gathered against me; not [for] my transgression, nor [for] my sin, O LORD.
4 ၄ အကျွန်ုပ်၌ အပြစ် မ ရှိဘဲ သူတို့သည် ပြေး လာ၍ ပြင်ဆင် ကြပါ၏။ အကျွန်ုပ် ကို ကူမ ခြင်းငှါ နိုး တော်မူပါ။ ကြည့်ရှု တော်မူပါ။
They run and prepare themselves without [my] fault: awake to help me, and behold.
5 ၅ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဘုံခြေအရှင် ဘုရားသခင် ထာဝရဘုရား ၊ သာသနာပ လူ အပေါင်း တို့ကို ဆုံးမ ခြင်းငှါ နိုး တော်မူပါ။ ဒုစရိုက် ၌ ကျင်လည်သောသူ တစုံ တယောက်ကိုမျှ သနား တော်မ မူပါနှင့်။
Thou therefore, O LORD God of hosts, the God of Israel, awake to visit all the heathen: be not merciful to any wicked transgressors. (Selah)
6 ၆ သူတို့သည် ညဦး ယံ၌ ပြန်လာ ၍၊ ခွေး ဘာသာ အတိုင်း မြည် လျက် မြို့ ကိုလှည့်ပတ် ကြပါစေသော။
They return at evening: they make a noise like a dog, and go round about the city.
7 ၇ ထိုသူ တို့သည် စော်ကား သော စကားကို ပြော ၍ ၊ သူ တို့နှုတ်ခမ်း တွင်ထား ပါလျက်အဘယ် သူကြား လိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏။
Behold, they belch out with their mouth: swords [are] in their lips: for who, [say they], doth hear?
8 ၈ သို့ရာတွင် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ပြုံးရယ် ၍ သာသနာပလူ အပေါင်း တို့ကို ကဲ့ရဲ့ တော်မူမည်။
But thou, O LORD, shalt laugh at them; thou shalt have all the heathen in derision.
9 ၉ အို အကျွန်ုပ်အစွမ်း သတ္တိ၊ ကိုယ်တော် ကို မြော်လင့် ပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူ၏။
[Because of] his strength will I wait upon thee: for God [is] my defence.
10 ၁၀ ကရုဏာ အရှင် ဘုရား သခင်သည် အကျွန်ုပ် ကို ကူမခြင်းငှါကြွလာ တော်မူမည်။ ရန်သူ တို့ကို အကျွန်ုပ် ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည်။
The God of my mercy shall prevent me: God shall let me see [my desire] upon mine enemies.
11 ၁၁ အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ရှင်၊ သူ တို့ကိုသတ် တော်မ မူပါနှင့်။ သတ်လျှင် အကျွန်ုပ် ၏ လူ တို့သည် သတိ လစ်ကြပါလိမ့်မည်။ တန်ခိုး တော်အားဖြင့် အရပ်ရပ်ကွဲပြား စေ၍ နှိမ့်ချ တော်မူပါ။
Slay them not, lest my people forget: scatter them by thy power; and bring them down, O Lord our shield.
12 ၁၂ သူ တို့ပြောမိ သော စကား တည်းဟူသောသူ တို့ နှုတ် ၏အပြစ် ကြောင့် မိမိ တို့မာန တွင် ကျော့မိ ပါစေ သော။ သူတို့ ကျိန်ဆဲ သော စကားနှင့် မုသာ စကား ကြောင့်၊
[For] the sin of their mouth [and] the words of their lips let them even be taken in their pride: and for cursing and lying [which] they speak.
13 ၁၃ အမျက် တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန် အစင်ပျောက်ပျက် စေတော်မူပါ။ ဘုရား သခင်သည် ယာကုပ် အမျိုးမှစ၍ မြေကြီး စွန်း တိုင်အောင် အုပ်စိုး တော်မူကြောင်း ကို သူ တို့သည် သိ ကြ ပါစေသော။
Consume [them] in wrath, consume [them], that they [may] not [be: ] and let them know that God ruleth in Jacob unto the ends of the earth. (Selah)
14 ၁၄ ညဦး ယံ၌ ပြန်လာ ၍ ၊ ခွေး ဘာသာအတိုင်း မြည် လျက် မြို့ ကို လှည့် ပတ်ကြပါစေသော။
And at evening let them return; [and] let them make a noise like a dog, and go round about the city.
15 ၁၅ အစာ ကို ရှာလျက် အရပ်ရပ် သို့ လည်၍မ ဝ ဘဲ တညဉ့်လုံး နေကြပါစေသော။
Let them wander up and down for meat, and grudge if they be not satisfied.
16 ၁၆ အကျွန်ုပ် မူကား ၊ တန်ခိုး တော်ကို သီချင်း ဆိုပါမည်။ နံနက် ယံ၌ ကရုဏာ တော်ကို ရွှင်လန်းစွာ သီချင်း ဆိုပါမည်။ အကြောင်း မူကား၊ ဘေး ရောက်သောကာလ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ဘေး လွတ်ရာ ဖြစ် တော်မူ၏။
But I will sing of thy power; yea, I will sing aloud of thy mercy in the morning: for thou hast been my defence and refuge in the day of my trouble.
17 ၁၇ အိုအကျွန်ုပ် အစွမ်း သတ္တိ၊ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။ အကျွန်ုပ် ၌ ကရုဏာ အရှင် ဘုရား သခင်ဖြစ်တော်မူ၏။
Unto thee, O my strength, will I sing: for God [is] my defence, [and] the God of my mercy.