< ဆာလံ 58 >

1 အိုလူ သား တို့၊ အကယ် စင်စစ်သင်တို့သည် စကား ဖြောင့် ကြသလော။ 2 တရား သဖြင့်စီရင် ကြသလော။ အကယ်စင်စစ်သင်တို့သည် မ တရားသော အကြံ ကို ကြံစည် ၍ မြေကြီး ပေါ် မှာ ကိုယ် လက် နှင့်ပြုသောညှဉ်းဆဲ ခြင်းကို ချိန် တတ် ကြ၏။ 3 မတရား သောသူတို့ သည် အမိဝမ်း ထဲ မှစ၍ရိုင်း သောသဘောရှိကြ၏။ မွေး ကတည်းက လမ်း လွှဲ၍ မုသာ စကားကို ပြော တတ်ကြ၏။ 4 သူ တို့အဆိပ် သည် မြွေ အဆိပ် နှင့် တူ ၏။ နားပင်း သော မြွေဆိုး သည် မိမိ နား ကို ပိတ် ၍၊ 5 လိမ္မာ သောအလမ္ပာယ် မြွက်ဆိုသော မန္တရား စကား ကို နား မ ထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။ 6 အိုဘုရား သခင်၊ သူ တို့ပစပ် ထဲမှာ သွား များကို ချိုး တော်မူပါ။ အို ထာဝရဘုရား ၊ ခြင်္သေ့ တို့၏ အံ သွားများ ကို ချိုး တော်မူပါ။ 7 ထိုသူ တို့သည် စီး သောရေ ကဲ့ သို့ ကွယ်ပျောက် ကြ ပါစေသော။ လေး ကိုတင်သောအခါ မြှား တို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော။ 8 ခရု သည် သွား စဉ်တွင်ရွေ့လျား သကဲ့သို့ ၎င်း၊ ပျက် သော ကိုယ်ဝန်သည် နေ ရောင်ကို မ မြင် ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော။ 9 ဆူး ပင်နှင့်မွေးသော မီးပူမှန်းကို အိုး တို့သည် မ သိ မှီ၊ အသက် ရှင်သောဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေဘွေ တိုက်သွားပါစေသော။ 10 ၁၀ ဖြောင့်မတ် သောသူသည် ထိုသို့သောဒဏ် ပေး ခြင်းကို မြင် ၍ ဝမ်းမြောက် ပါလိမ့်မည်။ 11 ၁၁ မတရား သောသူတို့၏ အသွေး ၌ မိမိ ခြေ တို့ကို ဆေး ပါလိမ့်မည်။ သူတပါး ကလည်း၊ ဖြောင့်မတ် သောသူ သည် အကျိုး ကိုဧကန်အမှန် ခံရ၏။ မြေကြီး ပေါ် မှာတရား စီရင်သောဘုရား သခင်သည်ဧကန်အမှန် ရှိ တော်မူသည်ဟုဝန်ခံ ကြပါလိမ့်မည်။

< ဆာလံ 58 >