< ဆာလံ 57 >

1 ဒါဝိဒ် သည် ဥမင် ၌ ရှောလု ထံမှ ထွက်ပြေး သောအခါ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ အကျွန်ုပ် ကို သနား တော်မူပါ။ သနား တော်မူပါ။ ဘေး မ လွန် မှီတိုင်အောင်အကျွန်ုပ် ၏ ဝိညာဉ် သည် ကိုယ်တော် ကို ခိုလှုံ ပါ၏။ အတောင် တော် အရိပ် ၌ ခိုလှုံ ပါ၏။
For the Leader; Al-tashheth. A Psalm of David; Michtam; when he fled from Saul, in the cave. Be gracious unto me, O God, be gracious unto me, for in Thee hath my soul taken refuge; yea, in the shadow of Thy wings will I take refuge, until calamities be overpast.
2 ငါသည်အမြင့်ဆုံး သော ဘုရား သခင်၊ ငါ့ အမှုကို ပြီးစီး စေတော်မူသောဘုရား သခင်ကို အော်ဟစ် မည်။
I will cry unto God Most high; unto God that accomplisheth it for me.
3 ကောင်းကင် က လက်တော်ကို ဆန့် တော်မူမည်။ ငါ့ ကို ကိုက်စား အံ့သောသူကို အရှက်ခွဲ သဖြင့် ၊ ငါ့ ကို ကယ်တင် တော်မူမည်။ ကရုဏာ တော်နှင့် သစ္စာ တော်ကို ဘုရား သခင်စေလွှတ် တော်မူမည်။
He will send from heaven, and save me, when he that would swallow me up taunteth; (Selah) God shall send forth His mercy and His truth.
4 ငါ့ ဝိညာဉ် သည် ခြင်္သေ့ စုထဲ မှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသောလူ သား တို့တွင် ငါအိပ် ရ၏။ သူ တို့ သွား တို့သည် လှံ နှင့် မြှား ဖြစ်ကြ၏။ သူ တို့လျှာ သည်လည်း ထက် သောသန်လျှက် ဖြစ်၏။
My soul is among lions, I do lie down among them that are aflame; even the sons of men, whose teeth are spears and arrows, and their tongue a sharp sword.
5 အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုး ပါစေသတည်း။
Be Thou exalted, O God, above the heavens; Thy glory be above all the earth.
6 သူတို့သည် ငါ သွား ရာလမ်း၌ ကျော့ကွင်း ကို ပြင်ဆင် ကြပြီ။ ငါ့ ဝိညာဉ် သည် နှိမ့်ချ လျက်ရှိ၏။ ငါ့ ရှေ့ ၌ တွင်း ကို တူး ကြပြီးမှကိုယ် တူးသော တွင်းထဲ သို့ ကိုယ်ကျ ကြပြီ။
They have prepared a net for my steps, my soul is bowed down; they have digged a pit before me, they are fallen into the midst thereof themselves. (Selah)
7 အိုဘုရား သခင်၊ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ သီချင်း ဆိုပါမည်။ ချီးမွမ်း ထောမနာပြုပါမည်။
My heart is stedfast, O God, my heart is stedfast; I will sing, yea, I will sing praises.
8 အိုငါ့ ဝိညာဉ် ၊ နိုး လော့။ တယော နှင့် စောင်း တို့ နိုး ကြလော့။ ငါလည်း စောစော နိုး မည်။
Awake, my glory; awake, psaltery and harp; I will awake the dawn.
9 အိုထာဝရ ဘုရား၊ ပရိသတ် အလယ် ၌ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ လူမျိုး တို့တွင် ကိုယ်တော် အား ထောမနာသီချင်း ဆိုပါမည်။
I will give thanks unto Thee, O Lord, among the peoples; I will sing praises unto Thee among the nations.
10 ၁၀ အကြောင်း မူကား၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်းတိမ် သို့ ၎င်း မှီ ပါ၏။
For Thy mercy is great unto the heavens, and Thy truth unto the skies.
11 ၁၁ အိုဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီး မြင့်တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုးပါစေသတည်း။
Be Thou exalted, O God, above the heavens; Thy glory be above all the earth.

< ဆာလံ 57 >