< ဆာလံ 56 >
1 ၁ ဒါဝိဒ် သည် ဂါသ မြို့မှာ ဖိလိတ္တိ လူတို့လက် သို့ရောက်သောအခါ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ အကျွန်ုပ် ကို သနား တော်မူပါ။ လူ တို့သည် ကိုက်စား အံ့ သော ဒေါသနှင့်နေ့တိုင်း တိုက် ၍ အကျွန်ုပ် ကို နှိပ်စက် ကြပါ ၏။
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
2 ၂ ရန်သူ တို့သည် နေ့တိုင်း ကိုက်စား အံ့သော ဒေါသ ရှိ၍ မြင့် သောစိတ်နှင့် အကျွန်ုပ် ကို တိုက် သောသူ အများ ရှိကြပါ၏။
၂ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
3 ၃ အကျွန်ုပ် သည် ကြောက်ရွံ့ သောအခါ ကိုယ်တော် ၌ ခိုလှုံ ပါမည်။
၃အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
4 ၄ ဘုရား သခင်ကို အမှီပြု၍ နှုတ်ကပတ် တော်၌ ဝါကြွား ပါမည်။ ငါသည် ဘုရား သခင်ကို ခိုလှုံ သည်ဖြစ်၍ ကြောက် စရာမ ရှိ။ လူ သည် ငါ ၌ အဘယ်သို့ ပြု နိုင်သနည်း။
၄ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။ ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။
5 ၅ သူတို့သည် နေ့တိုင်း ငါ့ စကား ကို အလွဲ ယူကြ၏။ ငါ ၌ မကောင်း သောအကြံကိုသာ ကြံစည် ကြ၏။
၅ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
6 ၆ ငါ့ အသက် ကို စောင့် စဉ် အခါစုဝေး ၍ ချောင်းမြောင်း လျက်၊ ငါ ခြေရာ တို့ကို ကြည့် မှတ်ကြ၏။
၆သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
7 ၇ သူ တို့သည် မ တရားသောအမှုအားဖြင့် လွှတ်ခြင်း သို့ ရောက်ရပါမည်လော။ အိုဘုရား သခင်၊ ထိုလူ များ တို့ကို အမျက် တော်ထွက်၍ လှဲ တော်မူပါ။
၇အို ဘုရားသခင်၊ သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။
8 ၈ အကျွန်ုပ် သည် အရပ်ရပ်လည် ရသောအခြင်း အရာတို့ကို ကိုယ်တော် မှတ် ၍ အကျွန်ုပ် မျက်ရည် တို့ကို ဘူး တော်ထဲ မှာ ထည့် တော်မူပါ။ စာရင်း တော်၌ ရှိပါသည် မဟုတ် လော။
၈ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက်ရှိ သည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏မျက်ရည်ပေါက် များကိုစာရင်းပြု၍ထားတော်မူပြီ။ ကိုယ်တော်ရှင်၏စာစောင်တွင်စာရင်းပြု၍ထားသည် မဟုတ်ပါလော။
9 ၉ ဘုရား သခင်သည် ငါ့ ဘက်မှာ နေတော်မူသောကြောင့် ၊ ငါအော်ဟစ် သောအခါ ရန်သူ တို့သည် လှန် ခြင်း ကိုခံရကြမည်ကို ငါသိ ၏။
၉ကိုယ်တော်ရှင်အားကျွန်တော်မျိုး တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
10 ၁၀ ဘုရား သခင်ကို အမှီပြု ၍ နှုတ်ကပတ် တော်၌ ဝါကြွား မည်။ ထာဝရဘုရား ကို အမှီပြု၍ နှုတ်ကပတ် တော်၌ ဝါကြွား မည်။
၁၀ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။
11 ၁၁ ငါသည် ဘုရား သခင်ကို ခိုလှုံ သည်ဖြစ်၍ ကြောက် စရာမ ရှိ။ လူ သည် ငါ ၌ အဘယ်သို့ ပြု နိုင် သနည်း။
၁၁ငါသည်ကိုယ်တော်ကိုကိုးစားသဖြင့် အဘယ်သူကိုမျှ ကြောက်လန့်မည်မဟုတ်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်သနည်း။
12 ၁၂ အိုဘုရား သခင်၊ အကျွန်ုပ် သည် ရှေ့ တော်၌ သစ္စာ ပြုပါသည်ဖြစ်၍၊ သစ္စာ ဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်း ပါမည်။
၁၂အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
13 ၁၃ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို သေ ခြင်း မှ ကယ်လွှတ် တော်မူပြီ။ အသက် ရှင်သောသူတို့၏ အလင်း ထဲ မှာဘုရား သခင့်ရှေ့ တော်၌ အကျွန်ုပ်ကျင့်နေပါမည် အကြောင်း၊ အကျွန်ုပ် ခြေ ကိုလည်း ထိမိ၍လဲ ခြင်းမှ ကယ်လွှတ်တော်မူမည်မဟုတ် လော။
၁၃အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။