< ဆာလံ 55 >

1 အိုဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသောအခါ ရှောင် ၍နေတော်မ မူပါနှင့်။
အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်။
2 ကြည့်ရှုနားထောင် တော်မူပါ။ ရန်သူ ၏စကား သံကြောင့် ၎င်း၊ မတရား သောညှဉ်းဆဲ ခြင်းကြောင့် ၎င်း၊ အကျွန်ုပ်သည် ညှိုးငယ် သောစိတ် နှင့် ညည်းတွား မြည်တမ်း လျက်နေရပါ၏။
ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကား သံကြောင့်၎င်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ၏။
3 သူတို့သည် အကျွန်ုပ် အပေါ် ၌ အပြစ် ကို သက်ရောက် စေ၍ ၊ ဒေါသ စိတ်နှင့် မုန်း ကြပါ၏။
သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကို သက်ရောက်စေ၍၊ ဒေါသစိတ်နှင့်မုန်းကြပါ၏။
4 အကျွန်ုပ် နှလုံး သည် ကိုယ် အထဲ မှာ တုန်လှုပ် ၍ သေ ဘေးကို ကြောက် အားကြီးပါ၏။
အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာတုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။
5 ကြောက်ရွံ့ တုန်လှုပ် ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း၌ မွန်း လျက်ရှိရပါ၏။
ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်၍ အလွန် ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။
6 ငါ သည် ချိုးငှက် ကဲ့ သို့အတောင် ကို ရပါစေ သော။ ထိုသို့ရ လျှင် အခြားသို့ပျံ သွား၍ ၊ ငြိမ်ဝပ် လျက် နေလိမ့်မည်။
ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေ သော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက် နေလိမ့်မည်။
7 ဝေး စွာသွား ၍ တော မှာ နေရာ ကျလိမ့်မည်။
ဝေးစွားသွား၍ တောမှာ နေရာကျလိမ့်မည်။
8 ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း နှင့် လွတ် ခြင်းငှါ ၊ အလျင် အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ် စိတ် ရှိပါ၏။
ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့် လွတ်ခြင်း ငှါ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
9 အိုထာဝရ ဘုရား၊ သူ တို့စကား ကို ပပျောက် အောင် ကွဲပြား စေတော်မူပါ။ မြို့ တော်တွင် အနိုင် အထက်ပြုခြင်းနှင့် လုယူ ခြင်းကို အကျွန်ုပ် မြင် ပါပြီ။
အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ။
10 ၁၀ မြို့ရိုး ပေါ် မှာ နေ့ ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ ထဲ မှာ ဆိုးညစ် သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
၁၀မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11 ၁၁ အဓမ္မ တရားတို့သည် မြို့ အလယ် ၌ ရှိ၍ ၊ ညှဉ်းဆဲ ခြင်း နှင့် လှည့်စား ခြင်းသည် လမ်း တို့၌ နေရာ ကျကြပါ၏။
၁၁အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌နေရာကျကြပါ၏။
12 ၁၂ ငါ့ ကို ကဲ့ရဲ့ သောသူသည် ငါ့ရန်သူ မ ဟုတ်။ ဟုတ် လျှင် သည်းခံ နိုင်၏။ ငါ့ ကိုရန် ဘက်ပြုသောသူသည် ငါ့ ကိုမုန်း သောသူမ ဟုတ်။ ဟုတ်လျှင် ထိုသူ ကို ငါရှောင် နိုင်၏။
၁၂ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။
13 ၁၃ ထို သို့ပြုသောသူ သည် သင် ဖြစ်၏။ ငါ နှင့် ဘက် သောသူ၊ ငါ့ မိတ်ဆွေ ၊ ငါ အသိ အကျွမ်းဖြစ်၏။
၁၃ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။
14 ၁၄ အချင်းချင်း သာယာ သော ဆွေးနွေး တိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရား သခင်၏ အိမ် တော်သို့ လူ အစုအဝေးနှင့်အတူ သွား ကြပြီ။
၁၄အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။
15 ၁၅ သူ တို့ကို သေမင်း ဘမ်းဆီး ပါစေ။ အသက် ရှင်လျက် မရဏာ နိုင်ငံသို့ ဆင်းသက် ကြပါစေ။ အကြောင်း မူကား၊ ဒုစရိုက် တို့သည် သူ တို့နေရာ တွင် သူ တို့အထဲ ၌ ရှိကြ ၏။ (Sheol h7585)
၁၅သူတို့ကို သေမင်းဘမ်းဆီးပါစေ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ။ အကြောင်းမူ ကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ ၏။ (Sheol h7585)
16 ၁၆ ငါ မူကား၊ ဘုရား သခင်ကို ပဌနာ ပြု၍ ၊ ထာဝရဘုရား သည် ကယ်တင် တော်မူမည်။
၁၆ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည်။
17 ၁၇ ညဦး အချိန်၊ နံနက် အချိန်၊ မွန်းတည့် အချိန်တို့၌ ငါသည် ညည်းတွား မြည်တမ်း၍ ၊ ငါ ၏အသံ ကို ကြား တော်မူ မည်။
၁၇ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော် မူမည်။
18 ၁၈ ငါ့ ကို စစ်တိုက် ကြစဉ်တွင် ၊ ငါ့ အသက် ကို ရွေးနှုတ် ၍ ချမ်းသာ ပေးတော်မူမည်။ ငါ့ ဘက် ၌ နေသောသူ အများ ရှိ ကြ၏။
၁၈ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနှုတ် ၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌ နေသောသူ အများရှိကြ၏။
19 ၁၉ ရှေး ကာလမှစ၍ အမြဲစီရင် သော ဘုရား သခင် သည် နားထောင် ၍ သူ တို့ကို နှိမ့်ချ တော်မူမည်။ သူ တို့သည် ပြောင်းလဲ ခြင်းမ ရှိသောကြောင့် ဘုရား သခင် ကို မ ကြောက် မရွံ့ကြ။
၁၉ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရား သခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရား သခင်ကို မကြောက်မရွံ့ကြ။
20 ၂၀ ထိုသို့သောသူသည် မိတ်ဆွေ ဖြစ်သောသူ ကို ပြစ်မှား၍ သစ္စာ ပျက် တတ်၏။
၂၀ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား၍ သစ္စာပျက်တတ်၏။
21 ၂၁ သူ ၏စကား သည် ထောပတ် ထက် ချော သော်လည်း ၊ စစ်တိုက် မည်ဟုအကြံ ရှိ၏။ သူ ၏စကား သည် ဆီ ထက် ပြော့ သော်လည်း ၊ ထုတ် သော ထားဖြစ်၏။
၂၁သူ၏စကားသည် ထောပတ်ထက် ချောသော် လည်း၊ စစ်တိုက်မည်ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပြောသော်လည်း၊ ထုတ်သော ထားဖြစ်၏။
22 ၂၂ ထမ်းရွက်ရသောဝန် ကို ထာဝရဘုရား ၌ ချ ထား လော့။ သင့် ကို မစ တော်မူမည်။ ဖြောင့်မတ် သောသူကို အစဉ် အမြဲလှုပ်ရှား စေ တော်မ မူရာ။
၂၂ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထား လော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။
23 ၂၃ အိုဘုရား သခင်၊ အခြားသောသူ တို့ကို ဖျက်ဆီး ရာ တွင်း ထဲ သို့ချ တော်မူမည်။ လူ အသက်ကိုသတ် သောသူ နှင့် သစ္စာ ပျက်သောသူတို့သည် မိမိ အသက် တာတဝက် ခန့်မျှ မ ရှင်ရကြ။ အကျွန်ုပ် မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည်။
၂၃အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည်။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံ ပါမည် ။

< ဆာလံ 55 >