< ဆာလံ 54 >
1 ၁ ဒါဝိဒ် သည် ကျွန်တော် တို့တွင် ပုန်းရှောင် ၍နေပါသည်မ ဟုတ်လော ဟု၊ ဇိဖ သားတို့သည် ရှောလု ထံသို့ လာ ၍ လျှောက် သောအခါ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ နာမ တော်အားဖြင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ တန်ခိုး တော်အားဖြင့် အကျွန်ုပ် ဘက် ၌ တရား စီရင်တော်မူပါ။
၁အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။
2 ၂ အကျွန်ုပ် ပြုသောပဌနာ နှင့် အကျွန်ုပ် မြွက် သောစကား ကို နားထောင် နား ညောင်းတော်မူပါဘုရား။
၂ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။
3 ၃ အကြောင်း မူကား၊ တကျွန်း တနိုင်ငံသားတို့သည် အကျွန်ုပ် ကို ရန်ဘက် ပြု၍ထကြပါပြီ။ ကြမ်းတမ်း သောသူတို့ သည် အကျွန်ုပ် အသက် ကို ရှာ ကြပါ၏။ ဘုရား သခင်၏ မျက်နှာတော်ကို မ ထောက် ကြပါ။
၃မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။ ဘုရားကိုပမာဏမပြုသည့် ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။
4 ၄ ကြည့်ရှု လော့။ ဘုရား သခင်သည် ငါ့ ကို ကူမ တော်မူ၏။ ငါ့ အသက် ကိုထောက် ပင့်သောသူတို့တွင် ထာဝရ ဘုရားရှိတော်မူ၏။
၄သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
5 ၅ ငါ ၏ရန်သူ တို့အား မ ကောင်းသောအကျိုးကို ဆပ် ပေးတော်မူမည်။ သစ္စာ တော်ရှိသည်အတိုင်း သူ တို့ကို ပယ်ရှင်း တော်မူပါ။
၅ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။
6 ၆ အကျွန်ုပ်သည်လည်း၊ စေတနာ စိတ်နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ အိုထာဝရဘုရား ၊ နာမတော် ကို ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကောင်းမြတ် တော်မူ၏။
၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
7 ၇ အကျွန်ုပ် ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသဖြင့် ၊ အကျွန်ုပ် သည် ရန်သူ တို့ကို ကိုယ် မျက်စိ နှင့် မြင် ၍အားရပါ၏။
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။