< ဆာလံ 52 >

1 ဒါဝိဒ် သည် အဟိမလက် အိမ် သို့ ရောက် ကြောင်းကို ဧဒုံ အမျိုးသားဒေါဂ သည် ရောလု ထံသို့ လာ ၍ လျှောက် သောအခါ စပ်ဆိုသောဆာလံ။ အားကြီး သော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် မပြတ်တည်၏။
Why boast you yourself in mischief, O mighty man? the goodness of God endures continually.
2 သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။
The tongue devises evil; like a sharp razor, working deceitfully.
3 သင်သည် သုစရိုက် ထက် ဒုစရိုက် ကို၎င်း၊ ဖြောင့်မတ် သောစကား ထက် မုသာ စကားကို၎င်းသာ၍နှစ်သက် တတ်၏။
You love evil more than good; and lying rather than to speak righteousness. (Selah)
4 အိုလှည့်စား တတ်သောလျှာ ၊ သင်သည် ပျက်စီး သော စကား ရှိသမျှ တို့ကို နှစ်သက် တတ်၏။
You love all devouring words, O you deceitful tongue.
5 အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။
God shall likewise destroy you for ever, he shall take you away, and pluck you out of your dwelling place, and root you out of the land of the living. (Selah)
6 ဖြောင့်မတ် သောသူတို့ သည်မြင် ၍ ကြောက်ရွံ့ ကြလိမ့်မည်။
The righteous also shall see, and fear, and shall laugh at him:
7 ဘုရား သခင်ကိုမ ခိုလှုံ ၊ မိမိ ဥစ္စာ ကြွယ်ဝ ခြင်း၌ ကိုးစား ၍ ၊ မိမိ ဒုစရိုက် ၌ ခိုင်ခံ့ သောသူကို ကြည့် ပါဟူ၍သူ ၌ ရယ် ကြလိမ့်မည်။
Lo, this is the man that made not God his strength; but trusted in the abundance of his riches, and strengthened himself in his wickedness.
8 ငါ မူကား ၊ ဘုရား သခင်၏အိမ် တော်၌ စိမ်းလန်း သောသံလွင် ပင်ကဲ့သို့ ဖြစ်၍၊ ဘုရား သခင်၏ ကရုဏာ တော်၌ ကာလ အစဉ်အမြဲကိုးစား မည်။
But I am like a green olive tree in the house of God: I trust in the mercy of God for ever and ever.
9 ကိုယ်တော်စီရင် တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ကိုယ်တော် ကို ကာလ အစဉ်အမြဲ ချီးမွမ်း ပါမည်။ ကောင်းမြတ် တော်မူသောကြောင့် ၊ ကိုယ်တော် ၏သန့်ရှင်း သူတို့ရှေ့ မှာ နာမတော် ကို မြော်လင့် ပါမည်။
I will praise you for ever, because you have done it: and I will wait on your name; for it is good before your saints.

< ဆာလံ 52 >