< ဆာလံ 50 >
1 ၁ တန်ခိုးကြီး သော ဘုရားသခင် တည်းဟူသောထာဝရဘုရား သည် ဗျာဒိတ် ပေးတော်မူ၏။ နေ ထွက် ရာမှ သည် နေဝင် ရာတိုင်အောင် မြေကြီး ကိုခေါ် တော်မူ၏။
psalmus Asaph Deus deorum Dominus locutus est et vocavit terram a solis ortu usque ad occasum
2 ၂ အသရေ တင့်တယ်ခြင်းပြည့်စုံ ရာ ဇိအုန် တောင် ပေါ် မှာ ဘုရား သခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
ex Sion species decoris eius
3 ၃ ငါ တို့၏ ဘုရား သခင်ကြွလာ တော်မူ၏။ တိတ်ဆိတ် စွာ နေတော်မ မူ။ ရှေ့ တော်၌ မီး လောင် လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက် မုန်တိုင်းပြင်းပြ လျက်ရှိ၏။
Deus manifeste veniet Deus noster et non silebit ignis in conspectu eius exardescet et in circuitu eius tempestas valida
4 ၄ မိမိ လူ တို့ကို စစ်ကြော စီရင်ခြင်းအလိုငှါ အထက် ကောင်းကင် ကို ၎င်း၊ မြေကြီး ကို ၎င်း ခေါ် တော်မူလျှက်၊
advocabit caelum desursum et terram discernere populum suum
5 ၅ ယဇ် ပူဇော်သောအားဖြင့် ၊ ငါ နှင့်ပဋိညာဉ် ဖွဲ့ သော ငါ ၏သန့်ရှင်း သူတို့ကို ငါ့ ထံသို့ စုဝေး စေကြဟု မိန့်တော်မူ၏။
congregate illi sanctos eius qui ordinant testamentum eius super sacrificia
6 ၆ ဘုရား သခင်သည် ကိုယ်တော် တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍ ၊ ဖြောင့်မတ် တော်မူခြင်း အကြောင်းကို ကောင်းကင် တို့သည် ထင်ရှားစွာ ပြ ကြ လိမ့်မည်။
et adnuntiabunt caeli iustitiam eius quoniam Deus iudex est diapsalma
7 ၇ ငါ ၏လူ များတို့နားထောင် ကြ။ ငါပြော မည်။ အိုဣသရေလ အမျိုး၊ သင့် တဘက် ၌ငါသက်သေ ခံမည်။ ငါသည်ဘုရား သခင်ဖြစ်၏။ သင် ၏ဘုရား သခင်ဖြစ်၏။
audi populus meus et loquar tibi Israhel et testificabor tibi Deus Deus tuus ego sum
8 ၈ မီးရှို့ သောယဇ်မှစ၍ ယဇ် ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင် ၌အပြစ် မ တင်။ ထိုယဇ်တို့သည် ငါ့ ရှေ့ မှာ အစဉ် ရှိကြ၏။
non in sacrificiis tuis arguam te holocausta autem tua in conspectu meo sunt semper
9 ၉ သင့် အိမ် ထဲ က နွား ကို၎င်း၊ သင့် ခြံ ထဲ က ဆိတ် ထီးကို၎င်းငါမ ခံမယူ။
non accipiam de domo tua vitulos neque de gregibus tuis hircos
10 ၁၀ တော တိရစ္ဆာန် ရှိသမျှ တို့နှင့် တထောင် သော တောင် ပေါ် မှာရှိသော တိရစ္ဆာန် တို့သည် ငါ ၏ ဥစ္စာ ဖြစ်ကြ၏။
quoniam meae sunt omnes ferae silvarum iumenta in montibus et boves
11 ၁၁ တောင် ပေါ်မှာ နေတတ်သော ငှက် အပေါင်း တို့ကို ငါသိ ၏။ တော သားရဲ တို့သည် ငါ ၌ ရှိကြ၏။
cognovi omnia volatilia caeli et pulchritudo agri mecum est
12 ၁၂ ငါသည် ငတ်မွတ် လျှင် သင့် ကို မ ပြော။ လောက ဓါတ် နှင့် လောကဥစ္စာသည် ငါ ၏ ဥစ္စာဖြစ်၏။
si esuriero non dicam tibi meus est enim orbis terrae et plenitudo eius
13 ၁၃ နွား သား ကိုငါစား မည်လော။ ဆိတ် သွေး ကို ငါသောက် မည်လော။
numquid manducabo carnes taurorum aut sanguinem hircorum potabo
14 ၁၄ ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
immola Deo sacrificium laudis et redde Altissimo vota tua
15 ၁၅ အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
et invoca me in die tribulationis et eruam te et honorificabis me diapsalma
16 ၁၆ မတရား သောသူကို ကား ၊ သင် သည် ငါ ၏အထုံးအဖွဲ့ တို့ကို ကြားပြော ၍ ငါ ၏ပဋိညာဉ် တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ ဆိုင်သနည်း။
peccatori autem dixit Deus quare tu enarras iustitias meas et adsumis testamentum meum per os tuum
17 ၁၇ ဆုံးမ သွန်သင်ခြင်းကို သင် သည်မုန်း ၍ ငါ့ စကား ကို သင့် နောက် ၌ ပစ် ထားပါသည်တကား။
tu vero odisti disciplinam et proiecisti sermones meos retrorsum
18 ၁၈ သင်သည် သူခိုး ကိုမြင် လျှင် ၊ သူ နှင့် သဘော တူတတ်၏။ သူ့မယားကို ပြစ်မှား သောသူတို့ နှင့် ဆက်ဆံတတ်၏။
si videbas furem currebas cum eo et cum adulteris portionem tuam ponebas
19 ၁၉ သင် ၏နှုတ် ကို ဒုစရိုက် ၌ အပ်နှံ ၍ ၊ သင် ၏လျှာ ဖြင့် မုသာ ကို စီရင် တတ်၏။
os tuum abundavit malitia et lingua tua concinnabat dolos
20 ၂၀ သင်သည်ထိုင် လျက် ၊ ကိုယ် ညီအစ်ကို ကို ဆန့်ကျင် ဘက်ပြု၍ ပြော ဆိုတတ်၏။ ကိုယ် အမိ ၏သား ကို ဆဲရေး တတ်၏။
sedens adversus fratrem tuum loquebaris et adversus filium matris tuae ponebas scandalum
21 ၂၁ ထို သို့ကျင့် ၍ ငါသည် တိတ်ဆိတ် စွာနေသောကြောင့်၊ ငါ့ ကို သင် နှင့်တူ သည်ဟု ထင် လေပြီတကား။ သင် ၏အပြစ် ကို ငါဘော်ပြ၍ ၊ သင့် မျက်မှောက် ၌ ခင်း ထားမည်။
haec fecisti et tacui existimasti inique quod ero tui similis arguam te et statuam contra faciem tuam
22 ၂၂ ဘုရား သခင်ကို မေ့လျော့ သောသူတို့၊ ဤ အမှုကို ဆင်ခြင် ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ် သော သူမ ရှိ။ ငါသည် အပိုင်းပိုင်းဆွဲ ဖြတ်မည်။
intellegite nunc haec qui obliviscimini Deum nequando rapiat et non sit qui eripiat
23 ၂၃ ကျေးဇူး ချီးမွမ်းခြင်းယဇ် ပူဇော်သောသူသည် ငါ ၏ဘုန်း ကို ထင်ရှားစေသောသူဖြစ်၏။ မိမိ သွားသော လမ်း ကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို ငါပြ မည်ဟု ဘုရား သခင်မိန့်တော်မူ၏။
sacrificium laudis honorificabit me et illic iter quod ostendam illi salutare Dei