< ဆာလံ 5 >
1 ၁ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏စကား ကို နားထောင် တော်မူ၍၊ အကျွန်ုပ် မြည်တမ်း ခြင်းကို ဆင်ခြင် တော်မူပါ။
To the chief Musician upon Nehiloth, A Psalm of David. Give ear to my words, O LORD, consider my (meditation)
2 ၂ အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို ဆုတောင်း သည်ဖြစ်၍ ၊ အကျွန်ုပ် အော်ဟစ် သောအသံ ကို နားထောင် တော်မူပါ။
Hearken unto the voice of my cry, my King, and my God: for unto thee will I pray.
3 ၃ အိုထာဝရဘုရား ၊ နံနက် အခါ အကျွန်ုပ် စကား သံကို ကြား တော်မူရပါ၏။ နံနက် အခါကိုယ်တော် ကို မျက်မှောက် ပြု၍ မြော်လင့် ပါမည်။
My voice shalt thou hear in the morning, O LORD; in the morning will I direct [my prayer] unto thee, and will look up.
4 ၄ ကိုယ်တော် သည် မ တရားသော အမှုကို နှစ်သက် သော ဘုရား မ ဟုတ်။ ဆိုး သောသူကို လက်ခံ တော်မ မူ။
For thou [art] not a God that hath pleasure in wickedness: neither shall evil dwell with thee.
5 ၅ မိုက် သောသူသည် အထံတော်သို့ မ ဝင် ရ။ မ တရားသဖြင့် ပြု သောသူအပေါင်း တို့ကို မုန်း တော်မူ၏။
The foolish shall not stand in thy sight: thou hatest all workers of iniquity.
6 ၆ မုသာ စကားပြော သောသူတို့ကို ဖျက်ဆီး တော်မူ ၏။ လူ အသက်ကိုသတ် တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာ တော်မူ ၏။
Thou shalt destroy them that speak leasing: the LORD will abhor the bloody and deceitful man.
7 ၇ အကျွန်ုပ် မူကား ၊ များစွာ သော ကျေးဇူး တော်ကို ခံစားရသဖြင့်၊ အိမ် တော်သို့ရောက် ၍၊ ကိုယ်တော် ကို ကြောက်ရွံ့ သောစိတ် နှင့် သန့်ရှင်း သော ဗိမာန် တော်တွင် ကိုးကွယ် ပါလိမ့်မည်။
But as for me, I will come [into] thy house in the multitude of thy mercy: [and] in thy fear will I worship toward thy holy temple.
8 ၈ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူ တို့ကြောင့် အကျွန်ုပ် ကို တရား တော်လမ်းထဲ သို့ပို့ဆောင် တော်မူပါ။ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် ရှေ့ မှာ ဖြောင့် စေတော်မူပါ။
Lead me, O LORD, in thy righteousness because of mine enemies; make thy way straight before my face.
9 ၉ သူ တို့၏နှုတ် တွင် သစ္စာ မ ရှိပါ။ သူ တို့နှလုံး သည် အလွန် ဆိုးဝါး၏။ သူ တို့၏လည်ချောင်း သည် ဖွင့် ထား သော သင်္ချိုင်း တွင်းဖြစ်ပါ၏။ သူ တို့သည် လျှာ နှင့် ချော့မော့ တတ်ကြ၏။
For [there is] no faithfulness in their mouth; their inward part [is] very wickedness; their throat [is] an open sepulchre; they flatter with their tongue.
10 ၁၀ အိုဘုရား သခင်၊ သူ တို့အပေါ်မှာ အပြစ် ရောက် စေတော်မူပါ။ မိမိ တို့အကြံ အစည်အားဖြင့် လဲ ကြပါစေ သော။ ကိုယ်တော် ကို ပုန်ကန် သောသူဖြစ်၍ ၊ ပြစ်မှားသော အပြစ် များ သောကြောင့် ၊ သူ တို့ကို နှင်ထုတ် တော်မူ ပါ။
Destroy thou them, O God; let them fall by their own counsels; cast them out in the multitude of their transgressions; for they have rebelled against thee.
11 ၁၁ ကိုယ်တော် ကို ကိုးစား သောသူတို့ မူကား ၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမ တော်ကို ချစ် သောသူတို့သည် ကိုယ်တော် ကြောင့် ဝမ်းသာ ရွှင်လန်းခြင်း ရှိကြပါစေသော။
But let all those that put their trust in thee rejoice: let them ever shout for joy, because thou defendest them: let them also that love thy name be joyful in thee.
12 ၁၂ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် သောသူကို ကောင်းကြီး ပေး၍ ကျေးဇူး တော်အားဖြင့် ကွယ်ကာ စောင့်မ တော်မူလိမ့်သတည်း။
For thou, LORD, wilt bless the righteous; with favour wilt thou compass him as [with] a shield.