< ဆာလံ 48 >
1 ၁ ထာဝရဘုရား သည် ကြီးမြတ် တော်မူ၏။ သန့်ရှင်း သော တောင် တော်ပေါ်မှာ ငါ တို့ဘုရား သခင်၏ မြို့ တော် တွင် အထူး သဖြင့်ထောမနာချီးမွမ်း ခြင်းကိုခံ ထိုက် တော်မူ၏။
၁ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။
2 ၂ မြေကြီး တပြင်လုံး ရွှင်လန်း ရာ ဇိအုန် တောင်ထိပ် သည် အဆင်း လှ ပေ၏။ မြောက် မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့ တော်သည် တည်၏။
၂ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။
3 ၃ ထိုမြို့ ၏ ဘုံ ဗိမာန်တို့တွင် ဘုရား သခင်၌ ခိုလှုံ ရသည်ကို သိ ရ၏။
၃ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင် ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။
4 ၄ ရှင် ဘုရင်တို့သည် စည်းဝေး ၍ အတူ ရှောက်သွား ကြ၏။
၄ရှင်ဘုရင်တို့သည်စုရုံးလျက်ဇိအုန်တောင်ကို တိုက်ခိုက်ရန်ချီတက်လာကြ၏။
5 ၅ မြင် သောအခါ မှိုင်တွေ ၍ ထိတ်လန့် လျက် ပြေး ကြ၏။
၅ထိုတောင်ကိုမြင်သောအခါသူတို့သည် အံ့သြထိတ်လန့်၍ထွက်ပြေးကြ၏။
6 ၆ ထို အရပ်၌ သူ တို့သည် ကြောက်လန့် ခြင်းသို့ ရောက် ၍ သားဘွား သောမိန်းမခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
၆သူတို့သည်သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့လည်းကောင်း၊ ပြင်းထန်သောလေမုန်တိုင်းမိသဖြင့်လူးနေရသော သင်္ဘောကြီးများကဲ့သို့လည်းကောင်း ထိတ်လန့်တုန်လှုပ်ကြကုန်၏။
7 ၇ တာရှု သင်္ဘော တို့ကို ချိုးဖျက် သော အရှေ့ လေ နှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။
၇
8 ၈ ငါတို့သည် ကြား ဘူးသည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏မြို့ ၊ ငါ တို့ဘုရား သခင်၏ မြို့ တော်၌ တွေ့မြင် ရကြ၏။ ဘုရား သခင်သည် မြို့ တော် ကို အစဉ် အမြဲတည် စေတော်မူမည်။
၈ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
9 ၉ အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ဗိမာန် တော် ထဲမှာ ကရုဏာ တော်ကို အောက်မေ့ ကြပါ၏။
၉အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဗိမာန်တော်အတွင်း၌ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုဆင်ခြင်ကြပါ၏။
10 ၁၀ အိုဘုရား သခင်၊ နာမ တော်သည် မြေကြီး စွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ ၊ ဂုဏ် အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာ လက်တော်သည် ဖြောင့်မတ် ခြင်းတရားနှင့် ပြည့်ဝ လျက်ရှိပါ၏။
၁၀နေရာတကာတွင်လူအပေါင်းတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ ကိုယ်တော်ရှင်၏ဂုဏ်သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပျံ့နှံ့နေပါ၏။ ကိုယ်တော်ရှင်သည်တရားမျှတစွာ အုပ်စိုးတော်မူပါ၏။
11 ၁၁ တရား စီရင်တော်မူချက်များကြောင့် ဇိအုန် တောင် သည် ဝမ်းမြောက် ၍၊ ယုဒ အမျိုးသမီး တို့သည် ရွှင်လန်း ကြပါ၏။
၁၁ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။ ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။ ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။
12 ၁၂ သား မြေးတို့အား ကြား ပြောမည်အကြောင်း ဇိအုန် မြို့ကိုပတ် ပတ်လည်၍ ပြအိုး တို့ကို ရေတွက် ကြလော့။
၁၂ဘုရားသခင်၏လူစုတော်ဝင်တို့၊ဇိအုန်တောင် ကို လှည့်ပတ်၍ပြအိုးတို့ကိုရေတွက်လော့။
13 ၁၃ ရင် တားတို့ကို မှတ် ၍ဘုံ ဗိမာန်များကိုလည်း ဆင်ခြင် ကြလော့။
၁၃ထိုမြို့၏တံတိုင်းများကိုမှတ်သား၍ခံတပ် များကို စစ်ဆေးကြည့်ရှုကြလော့။ ထိုအခါသင်တို့သည်``ဤဘုရားကား ကမ္ဘာအဆက်ဆက်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ငါတို့အား လမ်းပြပို့ဆောင်တော်မူလိမ့်မည်'' ဟု နောင်လာနောက်သားတို့အား ပြောကြားနိုင်ကြလိမ့်မည်။
14 ၁၄ အကြောင်း မူကား၊ ထို ဘုရား သခင်သည် ကာလ အစဉ်အမြဲငါ တို့၏ဘုရား ဖြစ်တော်မူ၏။ သေ သည် ကာလတိုင်အောင် ငါ တို့ကို ပို့ဆောင် တော်မူလတံ့ သတည်း။
၁၄