< ဆာလံ 48 >

1 ထာဝရဘုရား သည် ကြီးမြတ် တော်မူ၏။ သန့်ရှင်း သော တောင် တော်ပေါ်မှာ ငါ တို့ဘုရား သခင်၏ မြို့ တော် တွင် အထူး သဖြင့်ထောမနာချီးမွမ်း ခြင်းကိုခံ ထိုက် တော်မူ၏။
“A song and psalm by the sons of Korach.” Great is the Lord, and highly praised in the city of our God, [in] his holy mountain.
2 မြေကြီး တပြင်လုံး ရွှင်လန်း ရာ ဇိအုန် တောင်ထိပ် သည် အဆင်း လှ ပေ၏။ မြောက် မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့ တော်သည် တည်၏။
A beautiful district, the joy of the whole earth, is mount Zion, the farthest north, the city of the great King.
3 ထိုမြို့ ၏ ဘုံ ဗိမာန်တို့တွင် ဘုရား သခင်၌ ခိုလှုံ ရသည်ကို သိ ရ၏။
God is become known in her palaces as a defence.
4 ရှင် ဘုရင်တို့သည် စည်းဝေး ၍ အတူ ရှောက်သွား ကြ၏။
For, lo, the kings were assembled, they are passed away together.
5 မြင် သောအခါ မှိုင်တွေ ၍ ထိတ်လန့် လျက် ပြေး ကြ၏။
They indeed saw—[and] so they were astonished; they were terrified, they were confounded.
6 ထို အရပ်၌ သူ တို့သည် ကြောက်လန့် ခြင်းသို့ ရောက် ၍ သားဘွား သောမိန်းမခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
Trembling seized on them there, pain, as on a woman in travail.
7 တာရှု သင်္ဘော တို့ကို ချိုးဖျက် သော အရှေ့ လေ နှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။
With the east wind thou breakest the ships of Tharshish.
8 ငါတို့သည် ကြား ဘူးသည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏မြို့ ၊ ငါ တို့ဘုရား သခင်၏ မြို့ တော်၌ တွေ့မြင် ရကြ၏။ ဘုရား သခင်သည် မြို့ တော် ကို အစဉ် အမြဲတည် စေတော်မူမည်။
As we have heard, so have we seen [it] in the city of the Lord of hosts, in the city of our God: God will establish it for ever. (Selah)
9 အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ဗိမာန် တော် ထဲမှာ ကရုဏာ တော်ကို အောက်မေ့ ကြပါ၏။
We have reflected on thy kindness, O God, in the midst of thy temple.
10 ၁၀ အိုဘုရား သခင်၊ နာမ တော်သည် မြေကြီး စွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ ၊ ဂုဏ် အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာ လက်တော်သည် ဖြောင့်မတ် ခြင်းတရားနှင့် ပြည့်ဝ လျက်ရှိပါ၏။
As thy name is, O God, so is thy praise over the ends of the earth: of righteousness is thy right hand full.
11 ၁၁ တရား စီရင်တော်မူချက်များကြောင့် ဇိအုန် တောင် သည် ဝမ်းမြောက် ၍၊ ယုဒ အမျိုးသမီး တို့သည် ရွှင်လန်း ကြပါ၏။
Let mount Zion rejoice, let the daughters of Judah be glad, because of thy judgments.
12 ၁၂ သား မြေးတို့အား ကြား ပြောမည်အကြောင်း ဇိအုန် မြို့ကိုပတ် ပတ်လည်၍ ပြအိုး တို့ကို ရေတွက် ကြလော့။
Compass Zion about, and walk round about her; number her towers.
13 ၁၃ ရင် တားတို့ကို မှတ် ၍ဘုံ ဗိမာန်များကိုလည်း ဆင်ခြင် ကြလော့။
Direct your mind to her outer wall, mark carefully her palaces: in order that ye may tell it to the latest generation.
14 ၁၄ အကြောင်း မူကား၊ ထို ဘုရား သခင်သည် ကာလ အစဉ်အမြဲငါ တို့၏ဘုရား ဖြစ်တော်မူ၏။ သေ သည် ကာလတိုင်အောင် ငါ တို့ကို ပို့ဆောင် တော်မူလတံ့ သတည်း။
For this One is God, our God for ever and ever: he will be our guide even unto death.

< ဆာလံ 48 >