< ဆာလံ 47 >
1 ၁ လူ များအပေါင်း တို့၊ လက်ခုပ် တီးကြလော့။ ဘုရား သခင် ထံသို့ အောင် သံ ကို လွှင့်၍ ကြွေးကြော် ကြလော့။
For the Leader; a Psalm for the sons of Korah. O clap your hands, all ye peoples; shout unto God with the voice of triumph.
2 ၂ အကြောင်း မူကား၊ အမြင့်ဆုံး သော ထာဝရဘုရား သည် ကြောက်မက် ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံး ကို အစိုးရသောမဟာ မင်းကြီး ဖြစ်တော်မူ၏။
For the LORD is most high, awful; a great King over all the earth.
3 ၃ လူစု တို့ကို ငါ တို့အောက် ၌၎င်း၊ လူမျိုး တို့ကို ငါ တို့ခြေ အောက် ၌၎င်း နှိမ့်ချ တော်မူ၏။
He subdueth peoples under us, and nations under our feet.
4 ၄ ချစ် တော်မူသောယာကုပ် ၏ ဘုန်း ဖြစ်သော ငါ တို့အမွေ ကို ငါ တို့အဘို့ ရွေး ပေးတော်မူ၏။
He chooseth our inheritance for us, the pride of Jacob whom He loveth. (Selah)
5 ၅ ကြွေးကြော် ခြင်းအသံနှင့် ဘုရား သခင်တက် တော်မူ၏။ တံပိုး မှုတ်ခြင်းအသံ နှင့် ထာဝရဘုရား တက်တော်မူ၏။
God is gone up amidst shouting, the LORD amidst the sound of the horn.
6 ၆ ဘုရား သခင်ကို ချီးမွမ်း ၍ သီချင်း ဆိုကြလော့။ သီချင်း ဆိုကြလော့။ ငါ တို့၏ရှင် ဘုရင်ကို ချီးမွမ်း၍ သီချင်း ဆိုကြလော့။ သီချင်းဆိုကြလော့။
Sing praises to God, sing praises; sing praises unto our King, sing praises.
7 ၇ အကြောင်း မူကား၊ ဘုရား သခင်သည် မြေကြီး တပြင်လုံး ကိုအစိုးရသောမင်း ဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်း ကို ဆိုကြလော့။
For God is the King of all the earth; sing ye praises in a skilful song.
8 ၈ ဘုရား သခင်သည် လူမျိုး တို့တွင် စိုးစံ တော်မူ၏။ ဘုရား သခင်သည် သန့်ရှင်း သော ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ၏။
God reigneth over the nations; God sitteth upon His holy throne.
9 ၉ လူမျိုး တို့၏ အကြီး အကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရား သခင်၏လူမျိုး ထံမှာစုဝေး လျက် ရှိကြ၏။ အကြောင်း မူကား၊ မြေကြီး တန်ခိုး များကို ဘုရား သခင် ပိုင်တော်မူ၏။ အထူး သဖြင့်ချီးမြှောက် ခြင်း ရှိတော်မူ ၏။
The princes of the peoples are gathered together, the people of the God of Abraham; for unto God belong the shields of the earth; He is greatly exalted.