< ဆာလံ 45 >
1 ၁ ငါ့ စိတ် နှလုံးသည် မင်္ဂလာ စကား နှင့်ပွက် ထ လျက်ရှိ၍၊ ငါ စီရင် သောအရာ ကို ရှင်ဘုရင် ရှေ့တော်၌ မြွက်ဆို ပေအံ့။ ငါ့ လျှာ သည်လည်း လိမ္မာ ကျွမ်းကျင်သော စာရေး ၏ကညစ် ဖြစ်ရ၏။
To the chief Musician. Upon Shoshannim. Of the sons of Korah. An instruction; — a song of the Beloved. My heart is welling forth [with] a good matter: I say what I have composed touching the king. My tongue is the pen of a ready writer.
2 ၂ ကိုယ်တော် သည် လူမျိုး ထက် အဆင်း လှပါ၏။ နှုတ် တော်သည် ကျေးဇူး စကားနှင့် ပြည့်စုံ ပါ၏။ ထိုကြောင့် ဘုရား သခင်သည် ကိုယ်တော် ကို အစဉ် အမြဲကောင်းကြီး ပေးတော်မူ၏။
Thou art fairer than the sons of men; grace is poured into thy lips: therefore God hath blessed thee for ever.
3 ၃ တန်ခိုး ကြီး သောအရှင် ၊ ဘုန်း အသရေတော် ဖြစ်သော ကိုယ်တော် ၏ထား ကို ပေါင် တော်၌ စည်း တော်မူပါ။
Gird thy sword upon [thy] thigh, O mighty one, [in] thy majesty and thy splendour;
4 ၄ သစ္စာ တရား ၊ နူးညံ့ ခြင်းတရား၊ ဖြောင့်မတ် ခြင်း တရားကြောင့် ၊ အသရေ တော်ထင်ရှားလျက် ၊ အောင်မြင် ၍ စီး သွားတော်မူပါ။ လက်ျာ လက်တော်လည်း ကြောက်မက် ဘွယ်သောအရာကို ကိုယ်တော် အားပြ ပါလိမ့်မည်။
And [in] thy splendour ride prosperously, because of truth and meekness [and] righteousness: and thy right hand shall teach thee terrible things.
5 ၅ ရှင်ဘုရင် ၏ ရန်သူ တို့နှလုံး ထဲ မှာ မြှား တော်တို့သည် ထက် သည်ဖြစ်၍၊ လူ တို့သည် ခြေတော်အောက် ၌ လဲ ကြ ပါ၏။
Thine arrows are sharp — peoples fall under thee — in the heart of the king's enemies.
6 ၆ အိုဘုရား သခင်၊ ကိုယ်တော် ၏ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏နိုင်ငံ သည် တရား သဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
Thy throne, O God, is for ever and ever; a sceptre of uprightness is the sceptre of thy kingdom:
7 ၇ ကိုယ်တော်သည်ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍ မ တရားသောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် ဘုရား သခင်၊ ကိုယ်တော် ၏ဘုရား သခင်သည် ကိုယ်တော် ၏အပေါင်းဘော် တို့ထက် ၊ ကိုယ်တော် ကို ချီးမြှောက်၍၊ ဝမ်းမြာက် ခြင်းဆီ နှင့်ဘိသိတ် ပေးတော်မူပြီ။
Thou hast loved righteousness, and hated wickedness; therefore God, thy God, hath anointed thee with the oil of gladness above thy companions.
8 ၈ ဆင်စွယ် ဘုံ ဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှ တို့သည်မုရန် ၊ အကျော် ၊ သစ် ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက် တော်မူဘွယ် ဖြစ်ကြပါ၏။
Myrrh and aloes, cassia, are all thy garments; out of ivory palaces stringed instruments have made thee glad.
9 ၉ အပြည်ပြည်သော မင်း သမီး တို့သည် မောင်းမ မိဿံအဝင် ဖြစ်၍၊ လက်ျာ တော်ဘက် မှာ ဩဖိရ ရွှေ တန်ဆာဆင်သော မြောက် သားတော်နေရာ ဖြစ်ပါ၏။
Kings' daughters are among thine honourable women; upon thy right hand doth stand the queen in gold of Ophir.
10 ၁၀ ငါ့သမီး နားထောင် လော့။ ဆင်ခြင် ၍ နာ ယူ လော့။ ကိုယ် အမျိုးသား ချင်းနှင့် ကိုယ် အဘ ၏အိမ် ကို မေ့လျော့ လော့။
Hearken, daughter, and see, and incline thine ear; and forget thine own people and thy father's house:
11 ၁၁ သို့ပြုလျှင် သင် လှ သောအဆင်းကို ရှင် ဘုရင်သည် နှစ် လိုစုံမက်တော်မူမည်။ သူ သည် သင် ၏အရှင် ဖြစ်သောကြောင့် သူ့ ကို ကိုးကွယ် လော့။
And the king will desire thy beauty; for he is thy Lord, and worship thou him.
12 ၁၂ တုရု မင်း သမီးမှစ၍ လူစု တွင် ဥစ္စာ ရတတ်သောသူတို့ သည်လည်း၊ လက်ဆောင် ပဏ္ဏာပါ လျက် သင့် ကို ဖျောင်းဖျ ရကြလိမ့်မည်။
And the daughter of Tyre with a gift, the rich ones among the people, shall court thy favour.
13 ၁၃ ရှင်ဘုရင် ၏သမီး တော်သည် အတွင်း ၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေ ဖြင့် ချယ်လှယ် သော အဝတ် တန်ဆာကိုဆင်၏။
All glorious is the king's daughter within; her clothing is of wrought gold:
14 ၁၄ ဈာ နှင့်ကာလျက် ရှင်ဘုရင် ထံသို့ ဆောင် ခဲ့ရ၏။ နောက် လိုက်သောအပေါင်းအဘော် အပျို တော်များကိုလည်း၊ ကိုယ်တော် ထံ သို့သွင်း ရလိမ့်မည်။
She shall be brought unto the king in raiment of embroidery; the virgins behind her, her companions, shall be brought in unto thee:
15 ၁၅ ဝမ်းမြောက် ရွှင်လန်း သောအခြင်းအရာနှင့် ဆောင် ခဲ့၍ ၊ ရှင်ဘုရင် ၏နန်းတော် သို့ ဝင် ရကြလိမ့်မည်။
With joy and gladness shall they be brought; they shall enter into the king's palace.
16 ၁၆ ကိုယ်တော် ၏အဘ များ ကိုယ်စား သား များကို ရ ၍၊ မြေကြီး တပြင်လုံး တွင် မင်း အရာ ၌ခန့်ထား တော်မူလိမ့်မည်။
Instead of thy fathers shall be thy sons; princes shalt thou make them in all the earth.
17 ၁၇ အကျွန်ုပ်သည် ကိုယ်တော် ၏နာမ ကို လူမျိုး အစဉ်အဆက် အောက်မေ့ ကျော်စောစေသဖြင့် ၊ လူမျိုး တို့ သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော် ကို ချီးမွမ်း ကြလတံ့သတည်း။
I will make thy name to be remembered throughout all generations; therefore shall the peoples praise thee for ever and ever.