< ဆာလံ 44 >
1 ၁ အိုဘုရား သခင်၊ ရှေး လွန်လေပြီးသောကာလ တွင် ၊ ဘိုးဘေး တို့လက်ထက် ၌ ပြု တော်မူသောအမှု ကို သူတို့ပြော ၍ ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ကြား ရကြပါပြီ။
We have heard with our ears, O God, our fathers have told us, what work you did in their days, in the times of old.
2 ၂ တပါး အမျိုးသားတို့ကို လက် တော်ဖြင့် နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေး များကို နေရာ ချတော်မူ၏။ တပါး အမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေး များကို ပြန့်ပွါး စေတော်မူ၏။
How you did drive out the heathen with your hand, and planted them; how you did afflict the people, and cast them out.
3 ၃ သူ တို့သည် ကိုယ်ထား ဖြင့် ထိုမြေ ကိုအစိုး ရကြ သည်မဟုတ် ပါ။ ကိုယ် လက် ဖြင့် ကိုယ် ကို ကယ်တင် ကြသည် မဟုတ် ပါ။ ကိုယ်တော်အလိုရှိ သောကြောင့် လက်ျာ လက်ရုံးတော်နှင့် မျက်နှာ တော်အလင်း အားဖြင့် သူတို့ကို ကယ်တင် တော်မူ၏။
For they got not the land in possession by their own sword, neither did their own arm save them: but your right hand, and your arm, and the light of your countenance, because you had a favour unto them.
4 ၄ အိုဘုရား သခင်၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ရှင် ဘုရင်ဖြစ်တော်မူ၏။ ယာကုပ် အမျိုး၏ ကယ်တင် ခြင်း အကြောင်းကို စီရင် တော်မူပါ။
You are my King, O God: command deliverances for Jacob.
5 ၅ ကိုယ်တော် အားဖြင့် အကျွန်ုပ် တို့သည် ရန်သူ များ ကို တွန်းချ ကြပါစေသော။ ရန်ဘက် ပြုသောသူတို့ကို နာမတော် အားဖြင့် နင်း ရသောအခွင့်ရှိကြပါစေသော။
Through you will we push down our enemies: through your name will we tread them under that rise up against us.
6 ၆ ကိုယ် ၌ ပါသောလေး ကို အကျွန်ုပ်သည် မ ကိုးစား။ ကိုယ် ထား သည် အကျွန်ုပ် ကို မ ကယ် ရပါ။
For I will not trust in my bow, neither shall my sword save me.
7 ၇ ကိုယ်တော်သာလျှင် အကျွန်ုပ် တို့ကို ရန်သူ လက် မှ ကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တို့အား မုန်း သော သူများကိုလည်း အရှက်ကွဲ စေတော်မူ၏။
But you have saved us from our enemies, and have put them to shame that hated us.
8 ၈ အကျွန်ုပ်တို့သည် မ ခြားမလပ်ဘုရား သခင်၌ ဝါကြွား ၍ နာမတော် ကို အစဉ် အမြဲချီးမွမ်း ကြပါ၏။
In God we boast all the day long, and praise your name for ever. (Selah)
9 ၉ သို့သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရှက်ကွဲ စေတော်မူပြီး။ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မ မူပါ။
But you have cast off, and put us to shame; and go not forth with our armies.
10 ၁၀ အကျွန်ုပ် တို့ကို ရန်သူ ရှေ့ မှာပြန် ပြေး စေ တော်မူ၍ ၊ မုန်း သောသူတို့သည် အလိုလိုလုယူ ရကြ၏။
You make us to turn back from the enemy: and they which hate us spoil for themselves.
11 ၁၁ ဟင်းလျာ ဖြစ်သောသိုး များကဲ့ သို့အကျွန်ုပ် တို့ကို အပ် လိုက်၍ ၊ တပါးအမျိုးသား တို့တွင် အရပ်ရပ်ကွဲပြား စေ တော်မူ၏။
You have given us like sheep appointed for food; and have scattered us among the heathen.
12 ၁၂ ကိုယ်တော် ၏ လူ များကိုအဘိုး မ ခံဘဲရောင်း ၍ ၊ ရောင်း သောအားဖြင့် စီးပွါး တော်ကို တိုးပွါး စေတော်မူသည် မ ဟုတ်။
You sell your people for nothing, and do not increase your wealth by their price.
13 ၁၃ အကျွန်ုပ် တို့ကို အိမ်နီးချင်း များကဲ့ရဲ့ ရာ ပတ်ဝန်းကျင် ၌နေသောသူများပြက်ယယ် ပြု၍ ၊ အရှက် ခွဲရာ ဖြစ်စေခြင်းငှါ စီရင် တော်မူ၏။
You make us a reproach to our neighbours, a scorn and a derision to them that are round about us.
14 ၁၄ တပါးအမျိုးသား တို့သည် အကျွန်ုပ် တို့ကို ပုံ ခိုင်း ရသောအခွင့်၊ လူစု တို့သည် ခေါင်း ညှိတ် ရသောအခွင့်ကိုပေး တော်မူ၏။
You make us a byword among the heathen, a shaking of the head among the people.
15 ၁၅ ကဲ့ရဲ့ သောသူနှင့် အသရေ ဖျက်သောသူ ၏ စကား ကြောင့် ၎င်း၊
My confusion is continually before me, and the shame of my face has covered me,
16 ၁၆ ရန်ဘက် ပြုသောသူနှင့် လက်စားချေ သောသူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ် သည် ကိုယ် အရှက် ကွဲခြင်းအကြောင်းကို အစဉ် မျက်မှောက် ပြုရပါ၏။ မျက်နှာ ရှက် ခြင်းအားဖြင့် မွန်း လျက်နေရပါ၏။
For the voice of him that reproaches and blasphemes; by reason of the enemy and avenger.
17 ၁၇ ထို မျှ လောက်ခံရ သော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တော် ကို မ မေ့ မလျော့။ သစ္စာ တော်ကို မ ဖျက် ကြပါ။
All this has come upon us; yet have we not forgotten you, neither have we dealt falsely in your covenant.
18 ၁၈ စိတ် နှလုံးသည် နောက် သို့မ ဆုတ် ၊ တရားတော် လမ်း မှ လွှဲ ၍ မသွား ကြပါ။
Our heart is not turned back, neither have our steps declined from your way;
19 ၁၉ ကိုယ်တော်မူကား ၊ မြေခွေး နေရာ အရပ်မှာ အကျွန်ုပ် တို့ကို ချိုးဖဲ့ နှိပ်စက်၍ ၊ သေခြင်း အရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။
Though you have sore broken us in the place of dragons, and covered us with the shadow of death.
20 ၂၀ အကျွန်ုပ် တို့သည် ကိုယ်ဘုရား သခင်၏ နာမတော် ကိုမေ့လျော့ ၍ ၊ တပါး အမျိုး၏ ဘုရား ထံ သို့လက် ကိုဆန့် သည်မှန်လျှင်၊
If we have forgotten the name of our God, or stretched out our hands to a strange god;
21 ၂၁ နှလုံး ၌ဝှက်ထား သော အရာများကိုဘုရား သခင် သိ တော်မူသည်ဖြစ်၍ ၊ ထို အမှုကိုမ စစ် ဘဲနေတော်မူမည် လော။
Shall not God search this out? for he knows the secrets of the heart.
22 ၂၂ အကယ် စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့ သည် အစဉ် မပြတ်အသေသတ် ခြင်းကိုခံရကြပါ၏။ သတ် ဘို့ရာထားသောသိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ် တတ်ကြပါ၏။
Yea, for your sake are we killed all the day long; we are counted as sheep for the slaughter.
23 ၂၃ အိုဘုရား ရှင်၊ နိုး တော်မူပါ။ အဘယ်ကြောင့် ကျိန်းစက် တော်မူသနည်း။ ထ တော်မူပါ။ အကျွန်ုပ်တို့ကို အစဉ် စွန့်ပစ် တော်မ မူပါနှင့်။
Awake, why sleep you, O Lord? arise, cast us not off for ever.
24 ၂၄ အကျွန်ုပ် တို့ ခံရသောနှိမ့်ချ ခြင်းနှင့် ညှဉ်းဆဲ ခြင်းကို မျက်နှာ တော်လွှဲ ၍ အဘယ်ကြောင့် မေ့လျော့ တော်မူသနည်း။
Wherefore hide you your face, and forget our affliction and our oppression?
25 ၂၅ အကျွန်ုပ် တို့၏စိတ် ဝိညာဉ်သည် မြေ တိုင်အောင် နှိမ့်ချ ခြင်းကို ခံရ၍ ၊ ရင်ပတ် လည်းမြေ ၌ ကပ် လျက်ရှိပါ၏။
For our soul is bowed down to the dust: our belly cleaves unto the earth.
26 ၂၆ အကျွန်ုပ် တို့ကို မစ သောဘုရား ၊ ထ တော်မူပါ။ ကရုဏာ တော်နှင့်အညီ ရွေးနှုတ် တော်မူပါ။
Arise for our help, and redeem us for your mercies' sake.