< ဆာလံ 43 >

1 အိုဘုရား သခင်၊ အကျွန်ုပ် အမှု ၌ တရား ဆုံးဖြတ်တော်မူပါ။ ကရုဏာ မ ရှိသော လူမျိုး တဘက် ကနေ၍ အကျွန်ုပ်အမှုကို စောင့် တော်မူပါ။ သစ္စာ မရှိ၊ မ တရား သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်လွှတ် တော်မူပါ။
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။ ဘု​ရား​တ​ရား​ကင်း​မဲ့​သူ​တို့​ကို​ဆန့်​ကျင်​လျက် ကျွန်​တော်​မျိုး​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​ပါ။ လိမ်​လည်​ဆိုး​ယုတ်​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
2 ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကိုအဘယ်ကြောင့် စွန့်ပစ် တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံရ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်း သော အဝတ်ကိုဝတ်လျက် အဘယ်ကြောင့် နေ ရပါသနည်း။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့်​ရန်​သူ​များ ၏ ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ဆက်​လက်​၍ ခံ​နေ​ရ​ပါ​သ​နည်း။
3 အလင်း တော်နှင့် သစ္စာ တော်ကို စေလွှတ် တော်မူပါ။ သူ တို့သည် လမ်းပြ ၍ သန့်ရှင်း သောတောင် တော်သို့ ၎င်း၊ တဲ တော်သို့ ၎င်း အကျွန်ုပ် ကို ပို့ဆောင် ပါစေသော။
ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​နှင့် သစ္စာ​တ​ရား​တော်​ကို​စေ​လွှတ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင် သို့​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​ရာ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း ပြန်​၍​ပို့​ဆောင်​စေ​တော်​မူ​ပါ။
4 သို့ပြုလျှင် ဘုရား သခင်၏ ယဇ် ပလ္လင်သို့ ၎င်း၊ အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်း ရာ ဘုရား သခင်ထံ တော် သို့၎င်း၊ အကျွန်ုပ်သည် ရောက် လာ၍ ၊ ကိုယ်တော် ကို စောင်း တီးလျက် ချီးမွမ်း ထောမနာပြုပါမည်ဘုရား ၊ အကျွန်ုပ် ဘုရား။
ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။
5 အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့် မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကို ကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာ ပြုရလေအံ့ သတည်း။
ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​စိတ်​ဒုက္ခ​ရောက်​ရ​သ​နည်း။ ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား တစ်​ဖန်​ထော​မ​နာ​ပြု​မည်။

< ဆာလံ 43 >