< ဆာလံ 41 >

1 ဆင်းရဲ သောသူကို အောက်မေ့ သောသူသည် မင်္ဂလာ ရှိ၏။ ခဲယဉ်း သောကာလ ၌ ထိုသူ ကို ထာဝရဘုရား ကယ်နှုတ် တော်မူမည်။
TO THE OVERSEER. A PSALM OF DAVID. O the blessedness of him Who is acting wisely to the poor, In a day of evil YHWH delivers him.
2 ထာဝရဘုရား သည် စောင့်မ ၍ အသက် ချမ်းသာ ပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည် တော်၌ ကောင်းကြီး မင်္ဂလာကို ခံရလိမ့်မည်။ ထိုသူ ကို ရန်သူ တို့ အလို သို့ ကိုယ်တော် သည် အပ် တော်မ မူပါ။
YHWH preserves him and revives him, He is blessed in the land, And You do not give him into the will of his enemies.
3 သူ သည်နာဖျား ၍ တုံးလုံး နေသောအခါ ၊ ထာဝရဘုရား သည် ထောက် ပင့်တော်မူမည်။ နာ ၍ နေစဉ်ကာလ ကိုယ်တော်သည် သူ ၏အိပ်ရာ ရှိသမျှ ကို လှန် ပြန်တော်မူ မည်။
YHWH supports [him] on a bed of sickness, You have turned his bed in his weakness.
4 ငါ လျှောက်ဆို ရသည်ကား၊ အိုထာဝရဘုရား ၊ အကျွန်ုပ် ကို သနား တော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား မိသည်ဖြစ်၍ ၊ အကျွန်ုပ် ၌ စိတ် ဝိညာဉ်၏ အနာကိုပျောက် စေတော်မူပါဟု လျှောက်ဆို၏။
I said, “O YHWH, favor me, Heal my soul, for I sinned against You,”
5 ငါ့ ရန်သူ တို့က၊ သူ သည်သေ ၍ သူ၏နာမ သည် အဘယ် ကာလမှ တိမ်မြှုပ် လိမ့်မည်နည်းဟု ငါ့ ကို မနာလို ၍ ဆို တတ်ကြ၏။
My enemies say evil of me: When he dies—his name has perished!
6 ငါ့ကို ကြည့် လာ သောသူသည် မုသာ စကားကို ပြော တတ်၏။ သူ ၏နှလုံး သည်လည်း မ ကောင်းသော အကြံကို ဆည်းဖူး သည်နှင့် ၊ ထွက်သွား သောအခါ ထုတ် ဘော်ပြော တတ်၏။
And if he came to see—he speaks vanity, His heart gathers iniquity to itself, He goes out—at the street he speaks.
7 ငါ့ ကိုမုန်း သော သူအပေါင်း တို့သည် ငါ့ ကို ရန်ဘက် ပြု၍၊ တယောက်နှင့် တယောက်တိုး တိုးပြော လျက်၊ ငါ ၌ မ ကောင်းသောအကြံကို ကြံစည် တတ်ကြ၏။
All hating me whisper together against me, Against me they devise evil to me:
8 သူ ၌ အဓမ္မ အမှု အရာစွဲကပ် သည်ဖြစ်၍ ၊ တခါလဲ လျှင် နောက် တဖန်မ ထ ရဟု ဆိုကြ၏။
A worthless thing is poured out on him, And because he lay down he does not rise again.
9 အကယ် စင်စစ်ငါယုံ ၍ ၊ ငါ့ မုန့် ကိုစား သော အဆွေခင်ပွန်း သည် ငါ့ ကို ခြေနှင့်ကျောက်သတည်း။
Even my ally, in whom I trusted, One eating my bread, Made the heel great against me,
10 ၁၀ အိုထာဝရဘုရား ၊ သူ တို့အပြစ်ကို အကျွန်ုပ် ဆပ်ပေး နိုင်မည် အကြောင်း ၊ အကျွန်ုပ် ကို သနား ၍ ထမြောက် စေတော်မူပါ။
And You, YHWH, favor me, And cause me to rise, And I give repayment to them.
11 ၁၁ အကျွန်ုပ် ၏ ရန်သူ သည် အကျွန်ုပ် အား မ နိုင် ကြောင်း ကိုထောက် ၍၊ ကိုယ်တော်သည် အကျွန်ုပ် ကို မြတ်နိုး တော်မူသည်ဟု သိ ရပါ၏။
By this I have known, That You have delighted in me, Because my enemy does not shout over me.
12 ၁၂ ကိုယ်တော် သည် အကျွန်ုပ် ကို အကျွန်ုပ် စုံလင် ခြင်းအရာ၌ မစ ၍ ၊ ကာလအစဉ် အဆက် ရှေ့ တော်ထံ မှာနေရာ ပေးတော်မူလတံ့။
As for me, in my integrity, You have taken hold on me, And cause me to stand before You for all time.
13 ၁၃ ဣသရေလ အမျိုး၏ ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင်။
Blessed [is] YHWH, God of Israel, From age to age. Amen and Amen.

< ဆာလံ 41 >