< ဆာလံ 4 >
1 ၁ အကျွန်ုပ် ကိုဖြောင့်မတ် စေတော်မူသောဘုရား ၊ အကျွန်ုပ် ခေါ် သောအခါ နားထောင် တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲ စဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော်မူပါပြီ။ ယခုလည်းသနား ၍ အကျွန်ုပ် ၏ ပဌနာ စကား ကို နားထောင် တော်မူပါ။
၁အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ ပဌနာစကား ကို နားထောင်တော်မူပါ။
2 ၂ အချင်းလူသားတို့၊ အဘယ် မျှ ကာလ ပတ်လုံး ငါ ၏ဘုန်း ကို ရှုတ်ချ ကြမည်နည်း။ အဘယ်မျှကာလပတ်လုံးအနတ္တ ကို နှစ်သက် ၍ မုသာ ကို လိုက်ရှာ ကြမည် နည်း။
၂အချင်းလူသားတို့၊ အဘယ်မျှ ကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ် လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည် နည်း။
3 ၃ ထာဝရဘုရား သည် မိမိ သန့်ရှင်း သူကို ရွေး ထား တော်မူသည်ကို သိ မှတ်ကြလော့။ ငါ ခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရား သည် နားထောင် တော်မူလိမ့် မည်။
၃ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထား တော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်၍ လျှောက် သောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့် မည်။
4 ၄ ကြောက်ရွံ့ တုန်လှုပ်၍ ဒုစရိုက် အပြစ်ကို ရှောင် ကြလော့။ အိပ်ရာ ပေါ် မှာ ကိုယ် စိတ် နှလုံးနှင့် ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ် ခြင်းရှိကြလော့။
၄ကြောက်ရွံ့တုန်လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင် ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့။
5 ၅ တရား သဖြင့်ယဇ် ပူဇော်၍ ထာဝရဘုရား ကို ကိုးစား ကြလော့။
၅တရားသဖြင့်ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။
6 ၆ ကောင်းမွန် သော အရာကို ငါ တို့အား အဘယ် သူပြ မည်နည်းဟုမေး တတ်သော သူအများ ရှိပါသည် ဖြစ်၍၊ အိုထာဝရဘုရား ၊ မျက်နှာ တော်အလင်း ကို အကျွန်ုပ် တို့အပေါ် မှာ ပေါ်ထွန်း စေတော်မူပါ။
၆ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည် ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။
7 ၇ သူ တို့၌ ဆန် စပါး၊ စပျစ်ရည် ပေါ များ၍ ၊ သူ တို့ ဝမ်းမြောက် ခြင်းရှိသည်ထက် အကျွန်ုပ် ကိုသာ၍ ဝမ်းမြောက် စေတော်မူ၏။
၇သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်း မြောက်စေတော်မူ၏။
8 ၈ ငြိမ်ဝပ် စွာအိပ် ၍ ပျော် ပါမည်။ အကြောင်း မူကား၊ အကျွန်ုပ် သည် လုံခြုံ စွာနေ ရသောအခွင့်ကို ကိုယ်တော် အရှင် ထာဝရဘုရား သာလျှင် အခွင့်ပေးတော်မူ၏။
၈ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူ ကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။