< ဆာလံ 39 >

1 ငါ သည်စကား ဖြင့် မျှ မပြစ်မှား မည်အကြောင်း၊ ကိုယ် ကျင့် ကို သတိ ပြုမည်။ မတရား သောသူသည် ငါ့ ရှေ့ မှာ ရှိ စဉ်၊ ငါ သည်ကိုယ်နှုတ် ကို ချည်နှောင် မည်ဟု ငါပြော ထား၏။
Don mai bi da kaɗe-kaɗe. Don Yedutun. Zabura ta Dawuda. Na ce, “Zan lura da hanyoyina zan kuma kiyaye harshena daga zunubi; zan sa linzami a bakina muddin mugaye suna a gabana.”
2 စကား မပြောဘဲအ လျက်နေ၏။ ကောင်း သော အရာကို ပင် မ ပြော။ ထို သို့နေစဉ်၊ ငါ သည် စိတ် ညစ်ညူးခြင်းရှိ ၏။
Na yi shiru, ban ce kome ba, Ko a kan abin da yake da kyau! Amma duk da haka wahalata sai ƙaruwa take yi;
3 ကိုယ် အထဲ မှာ နှလုံး ပူဆွေး ခြင်းရှိ၏။ ငါ ညည်းတွား စဉ် ၊ မီး လောင် လေ၏။ ထိုအခါငါ သည် နှုတ် မြွက် ၏။
zuciyata ta ƙara zafi a cikina. Kuma sa’ad da nake tunani, wuta ta yi ta kuna; sai na yi magana da harshena na ce,
4 အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်ပျက် တတ်သော သဘောကိုသိ ရပါမည်အကြောင်း၊ အကျွန်ုပ် ၏လမ်း ဆုံးကို၎င်း၊ အကျွန်ုပ် ၏ အသက် အပိုင်း အခြားကို၎င်း သိ စေတော်မူပါ။
“Nuna mini, ya Ubangiji, ƙarshen rayuwata da kuma yawan kwanakina; bari in san yadda rayuwata tana wucewa da sauri.
5 အကျွန်ုပ် အသက် တာကို တမိုက် မျှသာ ခန့်ထား တော်မူပြီ။ အကျွန်ုပ် အရွယ် သည် ရှေ့ တော်၌ ဘာမျှ မဟုတ် သကဲ့သို့ ဖြစ်ပါ၏။ အကယ် စင်စစ်လူမည်သည် ကား၊ လူ ၏အထွဋ် သို့ ရောက် သော်လည်း၊ အနတ္တ သက် သက်ဖြစ်ပါ၏။
Ka sa kwanakina suka zama tafin hannu ne kawai; yawan shekaruna kamar ba kome ba ne a gabanka. Duk ran mutum shaƙar iska ne kurum, har ma waɗanda suke tsammani suke da kāriya. (Sela)
6 အကယ် စင်စစ်လူ သည် အရိပ် ၌ သာ ကျင်လည် ပါ၏။ အကယ် စင်စစ်လူတို့သည် အကျိုး မဲ့ပင်ပန်း ကြပါ ၏။ ဥစ္စာ ကိုဆည်းဖူးသော်လည်း အဘယ် သူရ အံ့သည် ကို မ သိ ရပါ။
“Mutum dai shirim ne kawai yayinda yake kai da komowa. Yana ta yawo, amma a banza ne kawai; yakan tara dukiya, ba tare da sanin wa zai more ta ba.
7 ယခု မူကား ၊ အကျွန်ုပ်သည် အဘယ်သို့ မြော်လင့် ရပါမည်နည်း။ အိုထာဝရ ဘုရား၊ ကိုယ်တော် ၌ သာ မြော်လင့် စရာအကြောင်းရှိပါ၏။
“Amma yanzu, ya Ubangiji, me zan nema? Begena yana a gare ka.
8 ပြစ်မှားမိသမျှ သောအပြစ် တို့မှ အကျွန်ုပ် ကို လွှတ် တော်မူပါ။ မိုက် သောသူတို့ ၏ ကဲ့ရဲ့ ခြင်းကို ခံ စေတော်မ မူပါနှင့်။
Ka cece ni daga dukan laifofina; kada ka sa in zama abin dariya ga wawaye.
9 ကိုယ်တော် စီရင် တော်မူရာ ဖြစ်သောကြောင့် ၊ အကျွန်ုပ်ပြော စရာမရ။ နှုတ် ကို မ ဖွင့် ဘဲနေရပါ၏။
Na yi shiru; ba zan buɗe bakina ba, gama kai ne wanda ka aikata wannan.
10 ၁၀ အကျွန်ုပ် ကို ဒဏ်ခတ် တော်မမူပါနှင့်ဦး။ လက် တော်အောက်၌ ဆုံးမ ခြင်းကိုခံ ရ၍ အား ကုန်ပါပြီ။
Ka ɗauke bulalarka daga gare ni; na ji jiki ta wurin bugun da hannunka ya yi mini.
11 ၁၁ ကိုယ်တော်သည် လူ တို့အပြစ် ကြောင့် ဆုံးမ ၍ ဒဏ်ခတ် တော်မူလျှင် ၊ ပိုးရွ ဖျက်တတ်သကဲ့သို့ ၊ လူ တို့၏ တင့်တယ် ခြင်းအသရေကို ပြယ် ပျောက်စေတော်မူ၏။ အကယ် စင်စစ်လူ ခပ်သိမ်း တို့သည် အနတ္တ သက်သက်ဖြစ်ကြပါ၏။
Kakan tsawata ka kuma hore mutane saboda zunubinsu; kakan cinye wadatarsu kamar yadda asu ke yi, kowane mutum dai shaƙar iska ne. (Sela)
12 ၁၂ အိုထာဝရဘုရား ၊ အကျွန်ုပ် ဆုတောင်းခြင်း ပဌနာ ကို ကြား တော်မူပါ။ အကျွန်ုပ် အော်ဟစ် သော အသံကို နားထောင် တော်မူပါ။ အကျွန်ုပ် မျက်ရည် ကို ကြည့် ၍ နေတော်မ မူပါနှင့်။ ဘိုးဘေး အပေါင်း တို့သည် ဖြစ်ဘူးသကဲ့သို့ ၊ အကျွန်ုပ် သည် ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်၏။
“Ka ji addu’ata, ya Ubangiji, ka saurari kukata ta neman taimako; kada ka kurmance ga kukata. Gama ina zama tare da kai kamar baƙo, baƙo, kamar yadda dukan kakannina sun kasance.
13 ၁၃ အကျွန်ုပ် သည် ရွေ့သွား ၍ မ ပျောက် မှီတွင် သက်သာ ရမည်အကြောင်း ၊ မျက်နှာ လွှဲတော်မူပါ။
Ka kau da fuskarka daga gare ni, saboda in sāke yin farin ciki kafin in tafi in kuma rabu da nan.”

< ဆာလံ 39 >