< ဆာလံ 37 >

1 လူဆိုး တို့အကြောင်းကြောင့် စိတ် မ ပူနှင့်။ မ တရား သဖြင့် ပြု သောသူတို့ကို မ ငြူစူ နှင့်။
[By David.] Do not fret because of evildoers, neither be envious against those who work unrighteousness.
2 အကြောင်း မူကား၊ သူတို့သည် မ ကြာမမြင့်မှီမြက်ပင် ကဲ့သို့ ရိတ် ခြင်းကိုခံရ၍ ၊ စိမ်း သောပျိုး ပင် ညှိုးနွမ်း သကဲ့သို့ ဖြစ်ရလိမ့်မည်။
For they shall soon be cut down like the grass, and wither like the green herb.
3 ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ကောင်း သောအကျင့် ကို ကျင့် လော့။ ပြည် တော်၌နေ ၍ ၊ သစ္စာ တရားကို ကျက်စား လော့။
Trust in Jehovah, and do good. Dwell in the land, and enjoy safe pasture.
4 ထာဝရဘုရား ၌ မွေ့လျော် ခြင်းရှိလော့။ သို့ပြုလျှင် ၊ စိတ် နှလုံးအလို ပြည့်စုံရသောအခွင့်ကိုပေး တော်မူ မည်။
Also delight yourself in Jehovah, and he will give you the desires of your heart.
5 ကိုယ် အမှု အရာကို ထာဝရဘုရား ၌ အပ် လော့။ ကိုယ်တော် ကို ကိုးစား လော့။ သို့ပြုလျှင် စီရင် တော်မူ မည်။
Commit your way to Jehovah. Trust also in him, and he will act.
6 သင် ၏ဖြောင့်မတ် ခြင်းအကြောင်းကို အလင်း ကဲ့ သို့၎င်း ၊ တရား သဖြင့်ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည် ကဲ့ သို့၎င်း ဘော်ပြ တော်မူမည်။
And he will make your righteousness go forth as the light, and your justice as the noonday.
7 ထာဝရဘုရား ရှေ့ မှာ ငြိမ်ဝပ် စွာနေ၍ ၊ ကိုယ်တော် ကို ငံ့လင့် လော့။ မိမိ အမှု ၌ အောင် တတ်သောသူ၊ မ ကောင်းသောအကြံအစည်တို့ကို ပြီး စေသောသူ ၏ အကြောင်းကြောင့် စိတ် မ ပူနှင့်။
Rest in Jehovah, and wait patiently for him. Do not fret because of him who prospers in his way, because of the man who makes wicked plots happen.
8 အမျက် မ ထွက်စေနှင့်။ ဒေါသ စိတ်ကို စွန့်ပယ် လော့။ ပြစ်မှား စေခြင်းငှါ တိုက်တွန်းတတ်သောစိတ် မ ရှိစေနှင့်။
Cease from anger, and forsake wrath. Do not fret, it leads only to evildoing.
9 ပြစ်မှား သောသူတို့သည် ပယ်ရှင်း ခြင်းကိုခံရကြ လိမ့်မည်။ ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ ပြည် တော်ကို အမွေ ခံရကြလိမ့်မည်။
For evildoers shall be cut off, but those who wait for Jehovah shall inherit the land.
10 ၁၀ ခဏ ကြာ ပြီးမှ ၊ မတရား သောသူသည်မ ရှိရ။ သူ ၏နေရာ ကိုစေ့စေ့ရှာ ၍ မ တွေ့ရ။
For yet a little while, and the wicked will be no more. Yes, though you look for his place, he isn't there.
11 ၁၁ စိတ် နှိမ့်ချသောသူတို့မူကား ၊ ပြည် တော်ကို အမွေခံ ၍ ၊ များပြား သောငြိမ် သက်ခြင်း၌ မွေ့လျော် ကြ လိမ့်မည်။
But the humble shall inherit the land, and shall delight themselves in the abundance of peace.
12 ၁၂ မတရား သောသူသည် ဖြောင့်မတ် သော သူတဘက် ၌ ကြံစည် ၍ အံသွား ခဲကြိတ် တတ်၏။
The wicked plots against the just, and gnashes at him with his teeth.
13 ၁၃ သို့သော်လည်းသူ ၏ နေ့ရက်အချိန်ရောက် မည် ကို ဘုရား ရှင်သိမြင် ၍ ၊ သူ့ ကို ပြုံး ရယ်တော်မူ၏။
Jehovah will laugh at him, for he sees that his day is coming.
14 ၁၄ မတရား သောသူတို့သည် ဆင်းရဲ ငတ်မွတ် သောသူတို့ ကို လှဲ ချခြင်းငှါ ၎င်း၊ ဖြောင့်မတ် စွာကျင့် သောသူတို့ ကိုသတ် ခြင်းငှါ ၎င်း၊ ထား ကိုထုတ် လျက်၊ လေး ကို တင် လျက် နေတတ်ကြ၏။
The wicked have drawn out the sword, and have bent their bow, to cast down the poor and needy, to kill those who are upright in the way.
15 ၁၅ သို့သော်လည်း၊ သူ တို့ထား သည် သူ တို့နှလုံး ထဲ သို့ ဝင် လိမ့်မည်။ သူ တို့လေး တို့သည်လည်း ကျိုး ကြလိမ့်မည်။
Their sword shall enter into their own heart. Their bows shall be broken.
16 ၁၆ ဖြောင့်မတ် သောသူ၌ နည်း သောဥစ္စာသည် မတရား သောသူကြီးတို့၌ ကြွယ်ဝ သောဥစ္စာထက် သာ၍ ကျေးဇူးရှိ၏။
Better is a little that the righteous has, than the abundance of many wicked.
17 ၁၇ အကြောင်း မူကား၊ မတရား သောသူ၏လက်ရုံး သည် ကျိုး ရလိမ့်မည်။ ဖြောင့်မတ် သောသူကိုကား ၊ ထာဝရဘုရား မစ တော်မူ၏။
For the arms of the wicked shall be broken, but Jehovah upholds the righteous.
18 ၁၈ ဖြောင့်မတ် သောသူတို့၏ နေ့ရက် ကာလကို ထာဝရဘုရား သိ မှတ်တော်မူ၍ ၊ သူ တို့၏ အမွေ ဥစ္စာသည်အစဉ် အမြဲတည် လိမ့်မည်။
Jehovah knows the days of the perfect. Their inheritance shall be forever.
19 ၁၉ သူတို့သည် ခဲယဉ်း သောကာလ ၌ မျက်နှာ မ ပျက်၊ အစာ ခေါင်းပါးသည်ကာလ ၌ ဝ စွာစားရကြ၏။
They shall not be disappointed in the time of evil. In the days of famine they shall be satisfied.
20 ၂၀ မတရား သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြမည်။ ထာဝရ ဘုရား၏ ရန်သူ တို့သည် ကျက်စား ရာအရပ်၏အသရေ ကဲ့ သို့ဆုံး ၍ ၊ မီးခိုး ဖြစ်လျက် ကွယ်ပျောက် ကြလိမ့်မည်။
But the wicked shall perish. The enemies of Jehovah shall be like the burning of an oven. They will vanish—vanish like smoke.
21 ၂၁ မတရား သောသူသည် ချေးငှါး ၍ မ ဆပ် ဘဲ နေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ သနား သောစိတ် ရှိ၍ ပေး တတ်၏။
The wicked borrow, and do not pay back, but the righteous give generously.
22 ၂၂ ကောင်းကြီး ပေးတော်မူခြင်းကို ခံရသောသူသည် ပြည် တော်ကို အမွေ ခံရလိမ့်မည်။ ကျိန် တော်မူခြင်း ကို ခံရသောသူမူကား ၊ ပယ်ရှင်း ခြင်းသို့ ရောက်ရ လိမ့်မည်။
For such as are blessed by him shall inherit the land. Those who are cursed by him shall be cut off.
23 ၂၃ ကောင်းသောသူ၏ခြေရာ တို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူ သွားရာလမ်း ကို နှစ်သက် တော်မူ၏။
The steps of a man are established by Jehovah, and he delights in his way.
24 ၂၄ ထိုသူသည် လဲ သော်လည်း ဆုံး ရာသို့မ ရောက်ရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ ၏လက် ကို ကိုင် မတော်မူ၏။
Though he stumble, he shall not fall, for Jehovah holds him up with his hand.
25 ၂၅ ဖြောင့်မတ် သောသူသည် စွန့်ပစ် ခြင်းကိုခံရသည် အကြောင်း၊ သူ ၏သား မြေးတို့သည် တောင်း ၍ စား ရသည်အကြောင်းကို ငါ သည် အသက် ပျိုသည် ကာလမှစ၍ အို သည်တိုင်အောင် မ မြင် စဖူး။
I have been young, and now am old, yet I have not seen the righteous forsaken, nor his children begging for bread.
26 ၂၆ သူသည်အစဉ် သနား သောစိတ် ရှိသည်နှင့် ၊ သူတပါးတို့အား ချေးငှါး တတ်သည်ဖြစ်၍ ၊ သူ ၏သား မြေး တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏။
All day long he deals graciously and lends, and his offspring are a blessing.
27 ၂၇ ဒုစရိုက် ကိုလွှဲရှောင် ၍ သုစရိုက် ကို ပြု လော့။ သို့ပြုလျှင် အစဉ် အမြဲနေ ရလိမ့်မည်။
Turn away from evil, and do good. Live securely forever.
28 ၂၈ ထာဝရဘုရား သည် တရား ကိုနှစ်သက် တော်မူ ၏။ မိမိ သန့်ရှင်း သူတို့ကိုလည်း စွန့် တော်မ မူ။ သူတို့သည် စောင့် မတော်မူခြင်းကို အစဉ် အမြဲခံရကြလိမ့်မည်။ မတရား သောသူ၏ သား မြေးတို့မူကား ၊ ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
For Jehovah loves justice, and doesn't forsake his faithful ones. They are preserved forever, but the children of the wicked shall be cut off.
29 ၂၉ ဖြောင့်မတ် သောသူတို့သည် ပြည် တော်ကို အမွေ ခံ၍ အစဉ် အမြဲနေ ရကြလိမ့်မည်။
The righteous shall inherit the land, and live in it forever.
30 ၃၀ ဖြောင့်မတ် သောသူ၏နှုတ် သည် ပညာ ကို မြွက်ဆို တတ်၏။ သူ ၏လျှာ သည်လည်း တရား သော စကားကို ပြော ဆိုတတ်၏။
The mouth of the righteous talks of wisdom. His tongue speaks justice.
31 ၃၁ ထာဝရဘုရား ၏ တရား တော်သည် သူ ၏ စိတ် နှလုံးထဲ မှာ တည်သည်ဖြစ်၍၊ သူ သွား သောအခါ မ ချော် မလဲရ။
The law of his God is in his heart. None of his steps shall slide.
32 ၃၂ မတရား သောသူသည် ဖြောင့်မတ် သောသူကို ချောင်းမြောင်း ၍ သတ် ခြင်းငှါ ရှာကြံ တတ်၏။
The wicked watches the righteous, and seeks to kill him.
33 ၃၃ သို့သော်လည်း၊ ထာဝရဘုရား သည် ထိုသူ ၏ လက် ၌ ဖြောင့်မတ် သောသူကို စွန့်ပစ် တော်မူမည်မဟုတ်။ အစစ် ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်။
Jehovah will not leave him in his hand, nor condemn him when he is judged.
34 ၃၄ ထာဝရဘုရား ကို မြော်လင့် ၍ ၊ လမ်း တော်ကို ရှောက်သွား လော့။ ပြည် တော်ကို အမွေ ခံရသောအခွင့်နှင့် ချီးမြှောက် တော်မူမည်။ မတရား သောသူတို့ ဆုံးရှုံး ခြင်းကို သင်သည် ကြည့်မြင် ရလိမ့်မည်။
Wait for Jehovah, and keep his way, and he will exalt you to inherit the land. When the wicked are cut off, you shall see it.
35 ၃၅ မတရား သောသူသည် အစိုး တရပြု၍ ၊ ပေါက် ရင်း အရပ်မှာကြီးပွားသော သစ်ပင် လန်းလန်းရှိသကဲ့သို့ ၊ ကိုယ်ကိုကိုယ်ပြန့်ပွါး စေသည်ကို ငါမြင် ရသော်လည်း၊
I have seen the wicked wielding great power, and towering like a cedar of Lebanon.
36 ၃၆ နောက် တဖန်သူသည် ရွေ့သွား ၍ ကွယ်ပျောက်၏။ သူ့ ကိုလည်း ငါရှာ ၍ မ တွေ့ ရ။
And I passed by, and look, he was not. And I looked for him, but he could not be found.
37 ၃၇ စုံလင် ခြင်းတရားကိုစောင့်ရှောက် လော့။ ဖြောင့်မတ် ခြင်းတရားကို ကြည့်ရှု ဆင်ခြင်လော့။ ထိုသို့ပြုသောသူ သည် အဆုံး ၌ ငြိမ်သက် ခြင်းကို ခံစားရလိမ့်မည်။
Observe the blameless, and see the upright, for there is a future for the man of peace.
38 ၃၈ ပြစ်မှား သောသူအပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ မတရား သောသူတို့သည်အဆုံး ၌ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
As for transgressors, they shall be destroyed together. The future of the wicked shall be cut off.
39 ၃၉ ဖြောင့်မတ် သောသူတို့၏ ကယ်တင် ခြင်းအမှုကို ထာဝရဘုရား စီရင်တော်မူ၏။ ဘေး ရောက်သည်ကာလ ၌ သူ တို့ခိုလှုံ ရာဖြစ်တော်မူ၏။
The salvation of the righteous is from Jehovah. He is their stronghold in the time of trouble.
40 ၄၀ ထာဝရဘုရား သည် သူ တို့ကို မစ ကယ် တင်တော်မူ မည်။ ယုံကြည်ခိုလှုံ သောကြောင့် ၊ မတရား သောသူတို့ လက်မှ နှုတ် ယူကယ် တင်တော်မူမည်။
And Jehovah helps them, and rescues them. He rescues them from the wicked, and saves them, Because they have taken refuge in him.

< ဆာလံ 37 >