< ဆာလံ 35 >
1 ၁ အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ ဆန့်ကျင် ဘက်ပြု သောသူ တို့ကို ဆန့်ကျင် ဘက်ပြုတော်မူပါ။ အကျွန်ုပ် ကို စစ်တိုက် သောသူတို့ကို တိုက် တော်မူပါ။
[A Psalm] of David. Strive, O Jehovah, with them that strive with me; fight against them that fight against me:
2 ၂ ဒိုင်း လွှား ကိုကိုင် ၍ အကျွန်ုပ် ကို ကူညီ ခြင်းငှါ ထ တော်မူပါ။
Take hold of shield and buckler, and stand up for my help;
3 ၃ အကျွန်ုပ် ကို လိုက် သောသူတို့ရှေ့ ၌ လှံ တော်ကို ရွယ် ၍ ဆီးတား တော်မူပါ။ ငါ သည် သင် ၌ချမ်းသာ ပေး သောသူ ပေတည်းဟု အကျွန်ုပ် ၏ ဝိညာဉ် အား မိန့် တော်မူ ပါ။
And draw out the spear, and stop [the way] against my pursuers: say unto my soul, I am thy salvation.
4 ၄ အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ် ကို အန္တရာယ် ပြုမည်ဟု ကြံစည် သောသူတို့သည် လှန် ခြင်းကို ခံရ၍ ရှက်ကြောက် ခြင်းသို့ ရောက်ကြပါစေသော။
Let them be put to shame and confounded that seek after my life; let them be turned backward and brought to confusion that devise my hurt:
5 ၅ ထိုသူတို့သည် လေ တိုက်သောဖွဲ ကဲ့ သို့ ဖြစ် ကြ ပါစေသော။ ထာဝရဘုရား ၏ တမန် သည်လည်း သူတို့ကို လှဲ ပါစေသော။
Let them be as chaff before the wind, and let the angel of Jehovah drive [them] away;
6 ၆ သူ တို့သွားသောလမ်း သည် မိုက် သောလမ်း၊ ချော သောလမ်းဖြစ် ပါစေသော။ ထာဝရဘုရား ၏ တမန် သည်လည်း သူ တို့ကို လိုက် ပါစေသော။
Let their way be dark and slippery, and let the angel of Jehovah pursue them.
7 ၇ အကြောင်း မရှိဘဲ အကျွန်ုပ် အဘို့ ကျော့ကွင်း ကို ဝှက်ထား ကြပါပြီ။ အကြောင်း မရှိဘဲ အကျွန်ုပ် အသက် ကိုသတ် စရာဘို့ တွင်း ကို တူး ကြပါပြီ။
For without cause have they hidden for me their net [in] a pit; without cause they have digged [it] for my soul.
8 ၈ ထို သို့သောသူ သည် အမှတ်တမဲ့ပျက်စီး ခြင်းသို့ ရောက် ပါစေသော။ မိမိ ဝှက်ထား သောကျော့ကွင်း သည် မိမိ ကို ကျော့မိ ပါစေသော။ မိမိ တွင်းထဲ သို့ မိမိကျ ပါ စေသော။
Let destruction come upon him unawares, and let his net which he hath hidden catch himself: for destruction let him fall therein.
9 ၉ သို့ဖြစ်လျှင် ၊ ငါ ၏ဝိညာဉ် သည် ထာဝရဘုရား ကို အမှီပြု ၍ ဝမ်းမြောက် ခြင်းရှိလိမ့်မည်။ ကယ်တင် တော်မူခြင်း အကြောင်းကိုလည်း အမှီပြု ၍ စိတ်ရွှင်လန်း မြူးထူးခြင်းရှိလိမ့်မည်။
And my soul shall be joyful in Jehovah; it shall rejoice in his salvation.
10 ၁၀ အကျွန်ုပ် အရိုး ရှိသမျှ တို့ကလည်း၊ အိုထာဝရဘုရား ၊ အစိုး တရပြုသောသူ၏ လက်မှ ဆင်းရဲ သားကို နှုတ် တော်မူ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်၌ ဆင်းရဲ ငတ်မွတ် လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော် နှင့် အဘယ် သူတူ ပါ သနည်းဟု လျှောက်ဆို ကြမည်။
All my bones shall say, Jehovah, who is like unto thee, who deliverest the afflicted from one stronger than he, yea, the afflicted and the needy from him that spoileth him!
11 ၁၁ မ မှန်သောသက်သေ တို့သည်ပေါ် လာ၍၊ ငါမ သိ သောမှုပြစ် တို့ကို ငါ့ အပေါ်မှာတင် ကြ၏။
Unrighteous witnesses rise up; they lay to my charge things which I know not.
12 ၁၂ ငါ ပြုသောကျေးဇူး အတွက် သူတို့သည် ငါ့ အသက် ကိုလုယူ ခြင်းတည်းဟူသောမကောင်း သောအရာ ကို ဆပ် ပေးကြ၏။
They reward me evil for good, [to] the bereavement of my soul.
13 ၁၃ ငါ မူကား ၊ သူ တို့၌ အနာ ရောဂါစွဲသောအခါ ၊ လျှော်တေ အဝတ်ကိုဝတ်ဆင် လျက် အစာ ကိုရှောင်၍ ခြိုးခြံ စွာကျင့် လေ၏။ ကိုယ် ရင်ခွင် ကို မျက်နှာ ပြုလျက် ဆုတောင်း လေ၏။
But as for me, when they were sick, my clothing was sackcloth; I chastened my soul with fasting, and my prayer returned into mine own bosom:
14 ၁၄ သူတို့ကို ငါ ၏မိတ်ဆွေ ၊ ငါ၏ညီအစ် ကိုကဲ့ သို့ သဘောထား၍ ငါပြု ၏။ ကိုယ်အမိ ကိုအောက်မေ့ ၍၊ စိတ် မသာညည်းတွားသောသူကဲ့ သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင် နေလေ၏။
I behaved myself as though [he had been] a friend, a brother to me; I bowed down in sadness, as one that mourneth [for] a mother.
15 ၁၅ ငါ လဲ သောအခါ မူကား ၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေး ကြ၏။ ရိုက်ပုတ် သောသူတို့သည် ငါ့ တဘက် ၌စည်းဝေး ကြ၏။ သူတို့ကိုလည်း ငါမ သိ ရ။ မ ရပ် မနေဘဲ ငါ့ကို ဆွဲဖြတ် ကြ၏။
But at my halting they rejoiced, and gathered together: the slanderers gathered themselves together against me, and I knew [it] not; they did tear [me], and ceased not:
16 ၁၆ ပွဲ ၌ကစားတတ်သော လူဆိုး တို့နှင့်အတူ ငါ့ ကို အံသွား ခဲကြိတ် ကြ၏။
With profane jesters for bread, they have gnashed their teeth against me.
17 ၁၇ အိုထာဝရ ဘုရား၊ အဘယ် မျှကာလပတ်လုံး ကြည့်ရှု ၍ နေတော်မူမည်နည်း။ အကျွန်ုပ် အသက် ကို သူ တို့ပြုသောဘေးဥပဒ် မှ ၎င်း၊ အကျွန်ုပ် အချစ် ဆုံးကို ခြင်္သေ့ တို့မှ ၎င်း ကယ်လွှတ် တော်မူပါ။
Lord, how long wilt thou look on? Rescue my soul from their destructions, my only one from the young lions.
18 ၁၈ ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာ ပရိသတ် အလယ် မှာ အကျွန်ုပ်ဝန်ခံ ပါမည်။ များစွာ သောလူစု တွင် ကိုယ်တော် ကိုချီးမွမ်း ပါမည်။
I will give thee thanks in the great congregation; I will praise thee among much people.
19 ၁၉ မဟုတ် မမှန်ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ သည် အောင် ပွဲကို မ ခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့ လည်း မျက်စိ စွေ ပြ ခြင်းကို မပြုကြပါစေနှင့်။
Let not them that are wrongfully mine enemies rejoice over me; let them not wink with the eye that hate me without cause.
20 ၂၀ အကြောင်း မူကား၊ သူတို့သည် အမှု ငြိမ်းစေ သော စကားကို မ ပြော ကြပါ။ ငြိမ်ဝပ် စွာနေသောပြည် သား တို့တဘက် ၌ လျှို့ဝှက် သောအမှု များကို ကြံစည် ကြပါ ၏။
For they speak not peace; and they devise deceitful words against the quiet in the land.
21 ၂၁ အကျွန်ုပ် ကို ပစပ် ဟ ၍ အေ့ဟေ ၊ အေ့ဟေ ၊ ငါ တို့သည် ကိုယ်မျက်စိ နှင့်မြင် ရပြီဟု ဆို ကြပါ၏။
And they opened their mouth wide against me; they said, Aha! aha! our eye hath seen [it].
22 ၂၂ အိုထာဝရဘုရား ၊ ကိုယ်တော်သည် သိမြင် တော်မူ ၏။ အိုဘုရား ရှင်၊ တိတ်ဆိတ် စွာ နေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် ဝေး ဝေးနေတော်မ မူပါနှင့်။
Thou hast seen [it], Jehovah: keep not silence; O Lord, be not far from me.
23 ၂၃ အကျွန်ုပ် ၏ဘုရား သခင်၊ အကျွန်ုပ်၏အရှင် ၊ အကျွန်ုပ် ၌ရောက် သောအမှုကို စီရင် တော်မူမည် အကြောင်း ကိုယ် ကို နှိုးဆော် ၍ ထ တော်မူပါ။
Stir up thyself, and awake for my right, for my cause, my God and Lord!
24 ၂၄ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူခြင်းနှင့်အညီ ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ် တော်မူပါ။ သူတို့သည် အကျွန်ုပ် ကို နိုင်၍ ဝမ်း မ မြောက်ကြပါစေနှင့်။
Judge me, Jehovah my God, according to thy righteousness, and let them not rejoice over me.
25 ၂၅ အဲ ၊ ငါ တို့အလိုပြည့်စုံပြီဟု မ အောက်မေ့ ကြပါစေနှင့်။ ငါတို့သည် သူ့ ကို မျို ပြီဟု၊ မ ပြော ကြပါစေနှင့်။
Let them not say in their heart, Aha! so would we have it. Let them not say, We have swallowed him up.
26 ၂၆ အကျွန်ုပ် ၌ဘေး ရောက်သည်အကြောင်းကို ဝမ်းမြောက် သောသူအပေါင်း တို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ် တဘက် ၌ ကိုယ်ကို ချီးမြှောက် တတ်သောသူတို့ အပေါ်မှာ အသရေ ပျက်ခြင်းနှင့် ရှက်ကြောက် ခြင်းသက်ရောက် ပါစေသော။
Let them be ashamed and brought to confusion together that rejoice at mine adversity; let them be clothed with shame and dishonour that magnify themselves against me.
27 ၂၇ အကျွန်ုပ် ၏ ဟုတ်မှန် ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်း စွာ သီချင်း ဆို၍ ဝမ်းမြောက် ကြပါစေ သော။ မိမိ ကျွန် ၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက် တော်မူသောထာဝရဘုရား သည် ဘုန်းကြီး တော်မူ စေသတည်းဟု၊ သူတို့သည် အစဉ် မပြတ်မြွက်ဆို ကြပါ စေသော။
Let them exult and rejoice that delight in my righteousness; and let them say continually, Jehovah be magnified, who delighteth in the prosperity of his servant.
28 ၂၈ အကျွန်ုပ် သည်လည်း ၊ ကိုယ်တော် ၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွက်ဆို ၍အစဉ် မပြတ်ကိုယ်တော် ကို ချီးမွမ်း ပါမည်။
And my tongue shall talk of thy righteousness, [and] of thy praise, all the day.