< ဆာလံ 34 >

1 ဒါဝိဒ် မင်းသည် အဘိမလက် မင်းရှေ့ မှာ ထူးခြား သောအခြင်းအရာကိုပြုသဖြင့် ၊ နှင်ထုတ် ခြင်းကိုခံရ၍ ထွက်သွား သောအခါ စပ်ဆိုသောဆာလံ။ ငါ သည် ခပ်သိမ်း သောကာလ တို့၌ ထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ဂုဏ် ကျေးဇူးတော်ကို အစဉ် မပြတ်မြွက် ဆိုမည်။
ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရ ဘုရားကို ကောင်းကြီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။
2 ငါ့ ဝိညာဉ် သည် ထာဝရဘုရား ကို အမှီပြု ၍ ဝါကြွား ခြင်းကို ပြုမည်။ နှိမ့်ချ လျက်ရှိသောသူတို့ သည် ကြားသိ ၍ ၊ ဝမ်းမြောက် ကြပါစေသော။
ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍၊ ဝမ်းမြောက်ကြပါစေသော။
3 ငါ နှင့်အတူ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ နာမတော် ကို တညီ တညွတ်တည်းချီးမြှောက် ကြကုန်အံ့။
ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။
4 ငါ သည် ထာဝရဘုရား ကိုရှာ သောအခါ နားထောင် တော်မူ၏။ ကြောက်မက် ဘွယ်သောအကြောင်းအလုံးစုံ တို့အထဲ က ငါ့ ကို ကယ်နှုတ် တော်မူ၏။
ငါသည် ထာဝရဘုရားကိုရှာသောအခါ နား ထောင်တော်မူ၏။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။
5 ထာဝရ ဘုရားကို မျှော်ကြည့် ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။
ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်း လွတ်ကြလိမ့်မည်။
6 ဤ ဆင်းရဲ သောသူ၏ အော်ဟစ် ခြင်းအသံကို ထာဝရဘုရား သည် နားထောင် ၍ ၊ ခပ်သိမ်း သောဆင်းရဲ ထဲ က ကယ်လွှတ် တော်မူ၏။
ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။
7 ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။
ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ် လွှတ်တတ်ကြ၏။
8 ထာဝရဘုရား သည် ကောင်းမြတ် တော်မူသည် အကြောင်း ကို မြည်းစမ်း ၍ သိ မှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံ သောသူ သည် မင်္ဂလာ ရှိ၏။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။
9 ထာဝရ ဘုရား၏ သန့်ရှင်း သူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြလော့။ ကြောက်ရွံ့ သောသူတို့၌ ဆင်းရဲ ခြင်းမ ရှိရာ။
ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲ ခြင်းမရှိရာ။
10 ၁၀ ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။
၁၀ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကို ခံရ သော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်း သောအရာတစုံတခုမျှ မလိုရာ။
11 ၁၁ အချင်းသူငယ် တို့လာ ကြလော့။ ငါ့ စကားကို နားထောင် ကြလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း တရားကို သင် တို့အား ငါသွန် သင်မည်။
၁၁အချင်းသူငယ်တို့လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အား ငါသွန်သင်မည်။
12 ၁၂ ကောင်းမွန် သောအရာကို တွေ့မြင် မည် အကြောင်း ၊ အသက် ရှင်ခြင်းနှင့်တကွနေ့ရက် ကာလကို တောင့် တလိုချင်သော သူမည်သည်ကား၊
၁၂ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား၊
13 ၁၃ ကိုယ် လျှာ ကို မ ကောင်းသောအရာနှင့် ကင်း စေလော့။ နှုတ်ခမ်း လည်း မုသာ စကားကို မပြော စေနှင့်။
၁၃ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေ လော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။
14 ၁၄ ဒုစရိုက် ကို လွှဲ ရှောင်၍ သု စရိုက်ကိုပြု လော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ ၍ မှီအောင်လိုက် လော့။
၁၄ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတပါးနှင့်အသင့်အတင့်နေခြင်းကို ရှာ၍မှီအောင်လိုက် လော့။
15 ၁၅ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ အော်ဟစ် သံကို လည်း နားထောင် တော်မူ၏။
၁၅ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ၏။
16 ၁၆ ဒုစရိုက် ကိုပြု သောသူတို့ကား၊ မြေကြီး ပေါ် မှာ အောက်မေ့ စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်း မည် အကြောင်း ၊ ထာဝရဘုရား သည် မျက်နှာ ထားတော်မူ၏။
၁၆ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည် အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။
17 ၁၇ ဖြောင့်မတ်သောသူတို့သည် အော်ဟစ် သောအခါ ၊ ထာဝရဘုရား သည် နားထောင် ၍ ၊ သူ တို့ကို ခပ်သိမ်း သော ဆင်းရဲ ထဲ က ကယ် လွှတ်တော်မူ၏။
၁၇ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။
18 ၁၈ ထာဝရဘုရား သည် ကျိုးပဲ့ သောစိတ် ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။ နောင်တ ရှိ၍ စိတ် နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။
၁၈ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။
19 ၁၉ ဖြောင့်မတ် သောသူသည်များစွာ သော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရား သည် ခပ်သိမ်း သောဒုက္ခ ဆင်းရဲထဲ က ကယ် လွှတ်တော်မူ၏။
၁၉ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။
20 ၂၀ သူ ၏အရိုး ရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍၊ တ ချောင်းမျှမ ကျိုး မပဲ့ရ။
၂၀သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူ သည်ဖြစ်၍၊ တချောင်းမျှမကျိုးမပဲ့ရ။
21 ၂၁ မတရား သောသူမူကား၊ ဘေး ဖြင့် အသက် ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ် သောသူကို မုန်း သောသူတို့ သည် အပြစ် စီရင်ခြင်းကိုခံရကြမည်။
၂၁မတရားသောသူမူကား၊ ဘေးဖြင့်အသက်ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသော သူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။
22 ၂၂ ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ် တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ခိုလှုံ သောသူတစုံ တယောက်မျှ အပြစ် စီရင်ခြင်းကို မ ခံရ။
၂၂ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူတစုံတယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။ ဒါဝိဒ်သည် အဘိမလက်မင်းရှေ့မှာထူးခြားသောအခြင်းရာကိုပြုသဖြင့်၊ နှင့်ထုတ်ခြင်းကိုခံရ၍ ထွက်သွားသောအခါ စပ်ဆိုသောဆာလံ။

< ဆာလံ 34 >