< ဆာလံ 34 >

1 ဒါဝိဒ် မင်းသည် အဘိမလက် မင်းရှေ့ မှာ ထူးခြား သောအခြင်းအရာကိုပြုသဖြင့် ၊ နှင်ထုတ် ခြင်းကိုခံရ၍ ထွက်သွား သောအခါ စပ်ဆိုသောဆာလံ။ ငါ သည် ခပ်သိမ်း သောကာလ တို့၌ ထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ဂုဏ် ကျေးဇူးတော်ကို အစဉ် မပြတ်မြွက် ဆိုမည်။
Ta Dawuda. Sa’ad da ya yi kamar ya haukace a gaban Abimelek, Wanda ya kore shi, ya kuwa tafi. Zan gode wa Ubangiji kullayaumi; yabonsa kullum za su kasance a leɓunana.
2 ငါ့ ဝိညာဉ် သည် ထာဝရဘုရား ကို အမှီပြု ၍ ဝါကြွား ခြင်းကို ပြုမည်။ နှိမ့်ချ လျက်ရှိသောသူတို့ သည် ကြားသိ ၍ ၊ ဝမ်းမြောက် ကြပါစေသော။
Raina zai yi fariya a cikin Ubangiji; bari waɗanda suke wahala su ji su kuma yi farin ciki.
3 ငါ နှင့်အတူ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ နာမတော် ကို တညီ တညွတ်တည်းချီးမြှောက် ကြကုန်အံ့။
Ku ɗaukaka Ubangiji tare da ni; bari mu ɗaukaka sunansa tare.
4 ငါ သည် ထာဝရဘုရား ကိုရှာ သောအခါ နားထောင် တော်မူ၏။ ကြောက်မက် ဘွယ်သောအကြောင်းအလုံးစုံ တို့အထဲ က ငါ့ ကို ကယ်နှုတ် တော်မူ၏။
Na nemi Ubangiji, ya kuwa amsa mini; ya cece ni daga dukan tsoro.
5 ထာဝရ ဘုရားကို မျှော်ကြည့် ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။
Waɗanda suke dubansa sukan haskaka; fuskokinsu ba sa rufuwa da kunya.
6 ဤ ဆင်းရဲ သောသူ၏ အော်ဟစ် ခြင်းအသံကို ထာဝရဘုရား သည် နားထောင် ၍ ၊ ခပ်သိမ်း သောဆင်းရဲ ထဲ က ကယ်လွှတ် တော်မူ၏။
Wannan matalauci ya yi kira, Ubangiji kuwa ya ji shi; ya cece shi daga dukan wahalarsa.
7 ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။
Mala’ikan Ubangiji ya kafa sansani kewaye da waɗanda suke tsoronsa, ya kuwa cece su.
8 ထာဝရဘုရား သည် ကောင်းမြတ် တော်မူသည် အကြောင်း ကို မြည်းစမ်း ၍ သိ မှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံ သောသူ သည် မင်္ဂလာ ရှိ၏။
Ku gwada ku gani cewa Ubangiji yana da kyau; mai albarka ne mutumin da yake neman mafaka a gare shi.
9 ထာဝရ ဘုရား၏ သန့်ရှင်း သူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြလော့။ ကြောက်ရွံ့ သောသူတို့၌ ဆင်းရဲ ခြင်းမ ရှိရာ။
Ku ji tsoron Ubangiji, ku tsarkakansa, gama masu tsoronsa ba sa rasa kome.
10 ၁၀ ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။
Zakoki za su iya rasa ƙarfi su kuma ji yunwa, amma waɗanda suke neman Ubangiji ba sa rasa abu mai kyau.
11 ၁၁ အချင်းသူငယ် တို့လာ ကြလော့။ ငါ့ စကားကို နားထောင် ကြလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း တရားကို သင် တို့အား ငါသွန် သင်မည်။
Ku zo,’ya’yana, ku saurare ni; zan koya muku tsoron Ubangiji.
12 ၁၂ ကောင်းမွန် သောအရာကို တွေ့မြင် မည် အကြောင်း ၊ အသက် ရှင်ခြင်းနှင့်တကွနေ့ရက် ကာလကို တောင့် တလိုချင်သော သူမည်သည်ကား၊
Duk waninku da yake ƙaunar rayuwa yana kuma so yă ga kwanaki masu kyau,
13 ၁၃ ကိုယ် လျှာ ကို မ ကောင်းသောအရာနှင့် ကင်း စေလော့။ နှုတ်ခမ်း လည်း မုသာ စကားကို မပြော စေနှင့်။
ka kiyaye harshenka daga mugunta da kuma leɓunanku daga faɗar ƙarairayi.
14 ၁၄ ဒုစရိုက် ကို လွှဲ ရှောင်၍ သု စရိုက်ကိုပြု လော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ ၍ မှီအောင်လိုက် လော့။
Juyo daga mugunta ku yi alheri; nemi salama ku kuma yi ƙoƙarin samunta.
15 ၁၅ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူ တို့ အော်ဟစ် သံကို လည်း နားထောင် တော်မူ၏။
Idanun Ubangiji suna a kan masu adalci kuma kunnuwansa suna sauraran kukansu;
16 ၁၆ ဒုစရိုက် ကိုပြု သောသူတို့ကား၊ မြေကြီး ပေါ် မှာ အောက်မေ့ စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်း မည် အကြောင်း ၊ ထာဝရဘုရား သည် မျက်နှာ ထားတော်မူ၏။
fuskar Ubangiji yana gāba da waɗanda suke aikata mugunta, don yă sa a manta da su a duniya.
17 ၁၇ ဖြောင့်မတ်သောသူတို့သည် အော်ဟစ် သောအခါ ၊ ထာဝရဘုရား သည် နားထောင် ၍ ၊ သူ တို့ကို ခပ်သိမ်း သော ဆင်းရဲ ထဲ က ကယ် လွှတ်တော်မူ၏။
Adalai kan yi kuka, Ubangiji kuwa yakan ji su; yakan cece su daga dukan wahalarsu.
18 ၁၈ ထာဝရဘုရား သည် ကျိုးပဲ့ သောစိတ် ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။ နောင်တ ရှိ၍ စိတ် နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။
Ubangiji yana kusa da waɗanda suka karai ya kuma cece waɗanda aka ragargaza a ruhu.
19 ၁၉ ဖြောင့်မတ် သောသူသည်များစွာ သော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရား သည် ခပ်သိမ်း သောဒုက္ခ ဆင်းရဲထဲ က ကယ် လွှတ်တော်မူ၏။
Adali zai iya kasance da wahala da yawa, amma Ubangiji yakan cece shi daga dukansu;
20 ၂၀ သူ ၏အရိုး ရှိသမျှ တို့ကို စောင့်ရှောက် တော်မူသည် ဖြစ်၍၊ တ ချောင်းမျှမ ကျိုး မပဲ့ရ။
yakan tsare dukan ƙasusuwansa, ba ko ɗayansu da zai karye.
21 ၂၁ မတရား သောသူမူကား၊ ဘေး ဖြင့် အသက် ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ် သောသူကို မုန်း သောသူတို့ သည် အပြစ် စီရင်ခြင်းကိုခံရကြမည်။
Mugunta zai kashe mugu; za a hukunta abokan gāban adalai.
22 ၂၂ ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ် တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ခိုလှုံ သောသူတစုံ တယောက်မျှ အပြစ် စီရင်ခြင်းကို မ ခံရ။
Ubangiji yakan cece bayinsa; ba wanda yake neman mafaka a wurinsa da za a hukunta.

< ဆာလံ 34 >