< ဆာလံ 32 >
1 ၁ အပြစ် မှလွှတ် ခြင်း၊ ဒုစရိုက် အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာ ရှိ၏။
၁မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍ ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။
2 ၂ ထာဝရဘုရား အပြစ် တင် တော်မူခြင်းနှင့် လွတ် ၍ ၊ လှည့်စား တတ်သောစိတ် သဘောနှင့် ကင်းစင် သောသူ သည် မင်္ဂလာ ရှိ၏။
၂မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
3 ၃ ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။
၃ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါ တစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။
4 ၄ နေ့ ညဉ့်မပြတ် ကိုယ်တော် ၏လက် သည် အကျွန်ုပ် အပေါ် မှာ လေး ၍ ၊ အကျွန်ုပ် ၏ ချွေး ရည်သည် နွေ ကာလ၌ သွေ့ခြောက် ခြင်းကဲ့သို့ ဖြစ် ပါ၏။
၄အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။ နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။
5 ၅ တဖန် အကျွန်ုပ် သည် ကိုယ် အပြစ် ကိုရှေ့တော်၌ ဝန်ချ ပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက် ၍မ ထားပါ။ ငါ လွန်ကျူး သောအရာကို ထာဝရဘုရား အား ဘော်ပြ တောင်းပန်မည်ဟုပြော ဆိုသောအခါ၊ ကိုယ်တော် သည် အကျွန်ုပ် ပြစ်မှား ခြင်းအပြစ် ကို လွှတ် တော်မူ၏။
၅ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
6 ၆ ထိုကြောင့် ကိုယ်တော် ကို တွေ့ သင့်သော အချိန် ကာလ ၌ ၊ သန့်ရှင်း သူအပေါင်း တို့သည် ရှေ့တော်၌ တောင်း လျှောက်ကြပါလိမ့်မည်။ အကယ် စင်စစ်လွှမ်းမိုး တတ်သောရေ ကြီး သည် သူ တို့ထံ သို့မ ချဉ်း ရပါ။
၆သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
7 ၇ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ ၏။ အကျွန်ုပ် ကို ဘေး လွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ် ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ် ကို ခြံရံ စေတော်မူ၏။
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
8 ၈ သင့် ကိုငါသွန်သင် မည်။ သင် သွား ရမည့်လမ်း ကို ပြ ညွှန်မည်။ သင့် ကိုကြည့်ရှု ပြုစုမည်။ ဉာဏ် ပညာမဲ့ သော မြင်း လား ကဲ့ သို့မ ဖြစ် နှင့်။
၈ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
9 ၉ သူ သည်သင့် ထံ သို့မ ချဉ်းကပ် သောကြောင့်၊ ပစပ်ကို ဇက် ခွံ့၍ ၊ ဇက်ကြိုး နှင့် ဆွဲ ရမည်။
၉သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
10 ၁၀ မတရား သောသူသည် များ စွာသောဒုက္ခ ကို ခံရ၏။ ထာဝရဘုရား ၌ ကိုးစား သောသူကိုကား ၊ ကရုဏာ တော်သည် ဝန်းရံ တတ်၏။
၁၀သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။
11 ၁၁ ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။
၁၁အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။